The power of the word of God

ဟေဗြဲ ၄း၁၂ ထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တယ်။ အင်္ဂလိပ်ကျမ်းစာထဲမှာ Living and Active လို့ရေးထားပါတယ်။ Active ဆိုတဲ့နေရာမှာ ဖုန်းတစ်လုံးကိုဝယ်တယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ သုံးလို့ရတာမဟုတ်ပဲနဲ့ Sim Card ထည့်မှသာ Activeate ဖြစ်ပြီးသုံးလို့ရပါတယ်။ Activated ဆိုတာက လှုပ်ရှားတယ်၊ ဆက်သွယ်လို့ရတယ်၊ အသက်ဝင်တယ်၊ စကားပြောလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ထိုနည်း၄င်းပဲ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဟာ အသက်ရှင်ပြီးအလုပ်လုပ်တယ်။ စကားပြောတယ်။ သံလျက်တွေအများကြီးရှိတဲ့ထဲမှာ နှစ်ဘက်ထက်တယ်။ ထိုသံလျက်တကာတို့ထက် ထက်ခြင်းနဲ့ပြည့်စုံသော နှုတ်ကပတ်တော်ဖြစ်ပါတယ်။

လူတွေနားမလည်နိုင်ဘူး၊ စိတ်ဝိညာဥ်နားမလည်နိုင်ဘူး၊ အသက်ကိုဘယ်လိုခွဲခြားရမှန်းကိုမသိဘူး၊ Dictionaty မှာရှာကြတယ်။ နားလည်ဖို့ခက်တယ်ဆိုတဲ့အရာမှန်သမျှကို နှုတ်ကပတ်တော်က အသေးစိတ်ခွဲခြားနိုင်တယ်။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ ဟေဗြဲ ၄:၁၂

လူတွေနဲ့ပေါင်းဖော်တဲ့အခါ သူတို့ရဲ့အပြင်ပန်းသဘောတရားကိုသာ မြင်နိုင်ပေမဲ့ သူတို့ရဲ့အတွင်းစိတ်ကိုတော့ မသိနိုင်ပါဘူး။ သို့သော်ဘုရားက သိနိုင်တယ်။ ကျမ်းစကတော့ ကမ္ဘာကြီးကို အမှောင်ကမ္မာလို့ဖော်ပြထားပါတယ်။ အဲဒီထဲက အလင်းလင်းစေဖို့ ဘုရားရှင်က မိတ်ဆွေနဲ့ ကျွန်တော်တို့ကို စေလွှတ်တာဖြစ်တယ်။ ဒီလိုအချိန်မှာ ကျွန်ုပ်တို့ခြေမချော်စေဖို့ နှုတ်ကပတ်တော်က အလင်းဖြစ်တယ်ဆိုတာ ဆာလံ၁၁၉း၁၀၅  နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။လို့ဖော်ပြထားပါတယ်။

ဒါကြောင့် နှုတ်ကပတ်တော်ကို လက်ခံဖို့လိုအပ်တယ်။ နှုတ်ကပတ်တော်ကို ရယူဖို့၊ များများကြားဖို့လိုအပ်ပါတယ်။

Post a comment