နှုတ်ကပတ်တော်ဆိုရင်တော့ ကျမ်းစာလို့မြင်ကြပါတယ်။ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ ကျမ်းစာဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဘုရားရဲ့နှုတ်တော်ထွက်စကားဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဒီလောက်ပဲကျွန်မတို့မြင်တတ်ကြပါတယ်။ ကျွန်မယခုထပ်ပြောချင်တာကတော့ ယေရှုခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။ ယခင်က ယေရှုဟာ နှုတ်ကပတ်တော်ဆိုတာရယ်၊ နှုတ်ကပတ်တော်ကလဲ ထိုနှုတ်ကပတ်တော်ပင်ဖြစ်တယ်ဆိုတာသိပေမဲ့ ယနေ့ ယေရှုခရစ်တော်ကိုယ်တိုင်ဟာ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်လောင်းဟောချင်ပါတယ်။
ရှင်ယောဟန် ၁း၄ မှာဘာရေးသလဲဆိုတော့ “ထိုနှုတ်ကပတ်တော်မှာ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏” လို့ရေးသားထားပြီး ဒီနှုတ်ကပတ်တော်ကလဲ ယေရှုခရစ်တော်ကို ရည်ညွန်းနေတာဖြစ်တယ်။ ယေရှုခရစ်တော်ကို နှုတ်ကပတ်တော်လို့ခေါ်နေတာဖြစ်တယ်။ ဒါကြောင့် နှုတ်ကပတ်တော်ဆိုတာကတော့ ရေးသားထားတဲ့ သမ္မာကျမ်းစာ၊ ဘုရားနှုတ်တော်ထွက်စကားတွေမကပဲ ယေရှုခရစ်တော်ကိုယ်တိုင်က နှုတ်ကပတ်တော်ဖြစ်ပါတယ်။ သူတို့အားလုံးဟာလဲ တလုံးတဝဖြစ်တယ်ဆိုတာကိုလဲ ပြောချင်ပါတယ်။
ယနေ့ကျွန်မတို့ရဲ့ အနာရောဂါအတွက် ယေရှုခရစ်တော်ဘုရားကိုယ်တိုင်က လာရောက်ဆုတောင်းပေးမယ်ဆိုရင် ပျောက်ကင်းသွားမယ်ဆိုတာ လုံးဝသံသယရှိစရာမလိုပါဘူး။ ယေရှုရှိတဲ့အရပ်မှာ နိမိတ်လက္ခဏာလဲဖြစ်တာဖြစ်တယ်။ ယေရှုရှိတဲ့အရပ်မှာနူနာတွေပျောက်ကင်းသွားတယ်၊ မျက်စိကန်းတဲ့သူတွေမြင်တယ်၊ လူသေတွေထမြောက်ပြီး ခြေလက်သေတဲ့သူတွေလမ်းလျှောက်နိုင်တဲအခွင့်တွေ ယေရှုရှိတဲ့အရပ်မှာ ရကြတယ်ဆိုတဲ့အကြောင်း ဓမ္မသစ်ကျမ်းထဲမှာဖော်ပြထားပါတယ်။
ဒီနေ့ယေရှုခရစ်တော်ဟာကျွန်မတို့နှင့်ရှိရင် ကျွန်မတို့အနာရောဂါတွေငြိမ်းသွားမယ်ဆိုတာ သံသယမရှိပေမဲ့ နှုတ်ကပတ်တော်လို့ပြောတဲ့အချိန်မှာတော့ ကျွန်မတို့ရောဂါပျောက်မယ်ဆိုတာကိုတော့ ယုံကြည်စိတ်မရှိကြဘူး။ သံသယဝင်ကြတယ်။ တကယ်တော့ နှုတ်ကပတ်တော်ဆိုတာ ယေရှုဖြစ်ပြီး ယေရှုဟာလဲနှုတ်ကပတ်တော်ပင်ဖြစ်ပါတယ်။
နှုတ်ကပတ်တော်ဆိုတာဟာ ယေရှုကိုယ်တိုင်ကျွန်မတို့နှင့်အတူရှိနေတယ်၊ သူ့ရဲ့တန်ခိုးတော်အတူတူကျိန်းဝပ်နေခြင်းဟာ ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာရှိနေတာဖြစ်တယ်။ ယေရှုဆီက နိမိတ်လက္ခဏာတွေမျှော်လင့်ပေမဲ့၊ နှုတ်ကပတ်တော်ထဲက နိမိတ်လက္ခဏာဖြစ်မယ်ဆိုတာကို မျှော်လင့်ဖို့အားနဲတတ်ကြပါတယ်။တကယ်တော့ ယေရှုနှင့် ကျမ်းစာထဲက နိမိတ်၊တန်ခိုး၊ ဂတိတော်တွေဟာ တလုံးတဝတည်းဖြစ်ပြီး အတူတူပင်ဖြစ်ကြပါတယ်။ ဒီအရာကို နားလည်တဲ့အချိန်မှာ ကျမ်းစာအပေါ်ထားတဲ့အမြင်တွေလဲ ပြောင်းလဲလာမည်ဖြစ်ပါတယ်။
ဒီလိုနားလည်လာတဲ့အခါ ကျွန်မတို့ယုံကြည်ခြင်းဟာလဲ အသစ်တဖန်ဖြစ်လာပြီးနှုတ်ကပတ်တော်ကိုပြောထုတ်လိုက်တဲ့အခါမှာ၊ နှုတ်ကပတ်တော်ကို ကြားလာတဲ့အခါမှာ ထိုနှုတ်ကပတ်တော်က ယေရှုနဲ့အတူတူရှိပြီးလုပ်ဆောင်သကဲ့သို့ ကျွန်မတို့အသက်တာသို့သက်ရောက်မယ်လို့ခံစားလာတဲ့အခါမှာ ဖျားနေရင်လဲ ကျမ်းမာခြင်းကနေရာယူလာမယ်၊ ပြိုပျက်နေတဲ့အိမ်ထောင်ရေးတွေလည် ပြည်လည်တည်ဆောက်ရင်းကောင်းကြီးတွေဝင်လာမယ်၊ ပြိုပျက်နေတဲ့စီးပွားရေးတွေလဲ ပြန်ထလာမယ် ဆိုတာကို ပြောချင်ပါတယ်။