ဘုရားသခင်သည် သူ့သားသမီးများကိုအနားရစေလိုသောဘုရားသခင်ဖြစ်သည်။ သူ၏သားသမီးများကိုပင်ပန်းဆင်းရဲကာ ဒုက္ခတွေဝေနေသော ဘဝမျိုးမဖြစ်စေလိုပါ။ အနားရပြီးအမောပြေကာအောင်မြင်ခြင်းရသောအသက်တာဖြစ်စေလိုသည်။ ယေရှုက သူခိုးသည် ခိုးဖို့သတ်ဖို့ ဖျက်ဆီးဖို့သာလာသည်။ငါကတော့ ငါ့သိုးတို့သည် အသက်ရရုံမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းဌါ လာသည်ဟုပြောပါသည်။ယခုနှစ်အတွက် ဘုရားပေးသောနှုတ်ကပတ်တော်မှာ “အနားရသောနှစ်ဖြစ်သည်။
မဿဲ ၁၁:၂၈ “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ၂၉ ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ငါ့ထံ၍နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်း ကို ရလိမ့်မည်။၃ဝ အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည်ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့ ၏ဟုမိန့်တော်မူ၏။ ”
ဘုရားသခင်သည် ကျွန်ုပ်တို့အယာက်ဆီတိုင်းကို ဖိတ်ခေါ်ကမ်းလှမ်းနေပါသည်။ အနားရဖို့၊ဝန်ပေါ့သောသူတွေဖြစ်ဖို့၊ဝန်လေးပြီး ပင်ပန်းသောသူမဖြစ်စေလိုပါ။ အားငယ်ပြီးစိတ်ဓါတ်ကျတဲ့သူတွေမဖြစ်စေချင်ပါ။ ကျွန်ုပ်တို့ကို စိတ်ပူပန်ပြီးသောကပြည့်တဲ့သူ၊ ညဘက်တောင်အိပ်လို့မရတဲ့သူမဖြစ်စေလိုပါ။ အနားရပြီး ဘာမှမလုပ်ဘဲနေကာ ဆင်းရဲသွားဖို့လည်းမဟုတ်ပါ။ဘုရားအလိုတော်ရှိသောအသက်တာသည် အနားရမယ်။ တအားအောင်မြင်မယ်။ထို့အတွက် ကျွန်ုပ်တို့ကိုဘုရားကခေါ်တာဖြစ်တယ်။ ယေရှုကဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်လို့ဖိတ်ခေါ်နေတာဖြစ်တယ်။
ကျွန်ုပ်တို့ကိုချမ်းသာစေချင်တဲ့ဘုရားဖြစ်တယ်။ကျွန်ုပ်တို့ကိုဆင်းရဲစေချင်တဲ့ဘုရားမဟုတ်ဘူး။ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊စိတ်နှလုံးချမ်းသာခြင်းအဖက်ဖက်ကနေကောင်းစားခြင်းကိုပေးချင်နေတဲ့ဘုရားဖြစ်တယ်။အဲဒီအတွက်ကမ်းလှမ်းကြိုဆိုနေတာဖြစ်တယ်။အရင့်အရင်ကကျွန်ုပ်တိုတွေဟာ ယေရှုရဲ့အကြောင်းကိုသိခဲ့ပေမယ့် ဘာသာရေးခရစ်ယာန်များသာဖြစ်ခဲ့တယ်။ကျွန်ုပ်တို့သိခဲ့သောအရာသည် ကျွန်ုပ်တို့အောင်မြင်လိုရင်ကြိုးစားပါ။ ထပ်အားထုတ်ပါ။ ဆုတောင်းပါ” ဟုမိမိကိုယ်ကိုဗဟိုပြုသော ကျင့်ကြံအားထုတ်မှုဖြစ်သည်။ထိုအရာသည်ကောင်းသလိုလိုနှင့်ကျွန်ုပ်တို့ကိုလှည့်စားခဲ့သည်။ ကျွန်ုပ်တို့ကို ဘုရားကတရားချတာမဟုတ်ဘဲ သူကိုယ်တိုင်ကျွန်ုပ်တို့အောင်မြင်ဖို့ရန်လူ့အသွေးအသားကိုယူကာ ကျွန်ုပ်တို့ကိုယ်စားကျင့်ကြံအားထုတ်ပေးခဲ့သည်။ ကျွန်ုပ်တို့အပြစ်လွှတ်ရန် ကိုယ်စားအသေခံကာ လွတ်မြောက်ဖို့ရန် သူကလုပ်ပေးခဲ့သည်။ သူ၏သွေးစက်တစ်စက်စီတိုင်းသည် ကျွန်ုပ်တို့အပြစ်များကဗ္ဗလာလိုနီသော်လည်းမိုးပွင့်ကဲ့သို့ဖြူစင်စေခဲ့သည်။ မည်မျှပင်အပြစ်ကြီးစေကာမူ သူ၏အသွေးကမဆေးပေးနိုင်သောလောက်အောင်ကြီးမားသောအပြစ်ဟူ၍မရှိပါ။ရပ်ကွက်ထဲတွင်သင်သည် အစွာဆုံး၊အဆိုးဆုံးဖြစ်နိုင်ပါသည်။သို့သော်လည်းယေရှုကသင့်ကိုချစ်ပါသည်။ စွာတာကိုအားပေးတာမဟုတ်ပါ။ သင်မစွာရင်ပတ်ဝန်းကျင်ပိုစိတ်ချမ်းသာပါလိမ့်မည်။ သို့သော် ဘုရားသခင်သည် ဆိုးသော မကောင်းသော ကျွန်ုပ်တို့ကိုဖြစ်သည့်အတိုင်းချစ်ပါသည်။
“အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ကွာဝေးသည်အတိုင်း ငါတို့၏အပြစ်များကိုငါတို့နှင့်ကွာဝေးစေတော်မူသည်။” ခွင့်လွှတ်ခံရသူမှာ သင်ဖြစ်သည်။ ယခင်ကကျွန်ုပ်သည်ခရစ်ယာန်သင်းအုပ်တစ်ယောက်အနေဖြင့်အောင်မြင်ခြင်းရရန် နည်းလမ်းများကိုလိုက်နာခဲ့သည်။ အစာရှောင်သည်။ဆုတောင်းသည်။ဝိညာဉ်ရေးတွင်အားကြီးမားရန် ကျင့်ကြံအားထုတ်ခဲ့သည်။ အပြစ်လွှတ်ခြင်းရဖို့အလှူငွေပေးသူရှိသည်။ အလှူမပေးရမဟုတ်ပါ။ အပြစ်လွှတ်ခြင်းအတွက်ယေရှုအားလုံးလုပ်ပေးခဲ့ပြီ။ အလှူငွေပေးသောအခါကျေးဇူးတင်သောစိတ်နှင့်သာပေးပါ။ ဘုရားသခင်၏သိုးသူငယ်ဖြစ်သောယေရှုက ကျွန်တော်တို့အပြစ်အတွက်စီရင်ခြင်းကိုခံခဲ့စဉ်က ဘာစကားမှမပြောခဲ့ပါ။
ကျွန်တော်အစ္စရေးရောက်ခဲ့စဉ်က ယေရှုဦးခေါင်းပေါ်တွင်ဦးရစ်အဖြစ်ဆောင်းခဲ့ရသော ဆူးပင်ကို တွေ့ခဲ့ပါသည်။ သင့်ဦးဏှောက်၏စက္ကန့်မလပ်ကျူးလွန်နေသော ပြစ်မှုမျအတွက်
ယေရှုဆူးရစ်သရဖူကိုဆောင်းခဲ့သည်။ သူ့အသွေးများစီးဆင်းခဲ့သည်။ သူ့နံဘေးတော်ကိုလှံနှင့်ထိုးခဲ့ကြသည်။ မကောင်းမှုတွေကိုအစဉ်ကျူးလွန်ရန်ဖြစ်စေသော နှလုံးသားအတွက် သူ့နှလုံးမှရေနှင့်သွေးစီးဆင်းခဲ့ရသည်။ ယေရမိက လူ့နှလုံးသည် အကောက်ကျစ်ဆုံးအစဉ်းလဲဆုံးဖြစ်သည်ဟုပြောခဲ့သည်။ ထို့အတွက်သူကိုယ်စားခံယူခဲ့သည်။ သင်သသည်ဖြစ်စေ၊မသိသည်ဖြစ်စေ ယေရှုကသင့်ကိုချစ်သည်။ သင်နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ထာဝရမေတ္တာနှင့်ရွေးဝယ်ခဲ့သည်။ သင့်ရဲ့အပြစ်အားလုံးအတွက် ယေရှုသည် အသွေသွန်းပေးခဲ့သည်။ သူ့တစ်ကိုယ်လုံးရစရာမရှိ အောင်ဒဏ်ရာဒဏ်ချက်များစွာခံစားခဲ့ရသည်။ သင်၏အနာရောဂါအားလုံးအတွက် သူကိုယ်စားဝေဒနာများကိုခံယူသွားသည်။
ယေရှုအားဖြင့်ကျွန်ုပ်တို့ကောင်းစားခြင်းကိုရောက်ရှိကြသည်။ သူဆင်းရဲခံခြင်းအားဖြင့်သင်ဆင်းရဲခြင်းမှလွတ်မြောက်သည်။ သင်၏အပြစ်များအတွက်သူပေးဆပ်ခဲ့သလို၊ သင်၏အနာရောဂါများအတွက်လည်း သူဝေဒနာများခံယူသွားသည်။ သူဆင်းရဲခံခြင်းဖြင့်သင်ကြွယ်ဝခြင်းရရှိနိုင်သည်။ယေရှုက ကျွန်ုပ်တို့အနားရဖို့ သူ့ဘက်ကနေ အကုန်လုံးလုပ်ပေးခဲ့သည်။ တစ်ချို့ကချမ်းသာခြင်းကို မနှစ်သက်ပါ။ ချမ်းသာလျှင် အပြစ်များများလုပ်ကြသည်ဟုခံယူသည်။ ဆင်းရဲသူက ဓမြတိုက်သည်။ ချမ်းသာသုကမတိုက်ပါ။ ထို့ကြောင့်အပြစ်လုပ်ခြင်းသည် မိမိ၏ဆန္ဒနှင့်သာသက်ဆိုင်သည်။ ချမ်းသာ ဆင်းရဲနှင့်မသက်ဆိုင်ပါ။ သင့်အနေဖြင့်ငွေကြေးအားဖြင့်ချမ်းသာကြွယ်ဝသူမဖြစ်သေးဟု သိသော်လည်း ယေရှုက သင့်ကိုချမ်း
သာစေပြီဆိုတာကိုသိမှတ်လျက်ယုံကြည်ဝန်ခံပါ။တဆင့်ပြီးတစ်ဆင့် ဘုရားသခင်ပို့ဆောင်လာပါလိမ့်မည်။ ဤသို့ဝန်ခံပါ။ ယေရှု၏လက်ဝါးကားတိုင်အားဖြင့်ကျွန်ုပ်သည် အပြစ်လွှတ်ခြင်းခံရသူဖြစ်သည်။ ယေရှုအသွေးတော်အားဖြင့်ထာဝရမိုးပွင့်လိုဖြူစင်သွားပြီ။ ကောင်းစားမည့်သူဟာကျွန်ုပ်ပါပဲ။ချမ်းသာမည့်သူလည်းကျွန်ုပ်ပါပဲ။ ယေရှုကထိုအတွက်က လုပ်ပေးပြီးဖြစ်သည်။ အမှုပြီးပြီဆိုသည်တွင် ကျွန်ုပ် အတွက်အရာခပ်သိမ်းလုပ်ဆောင်ပေးသွားပြီဖြစ်သည်။
မနက်ဖြန်အတွက် စိုးရိမ်ပူပန်နေသူရှိကြသည်။ ဟိုလှည့်ဒီလှည့်နှင့်အိပ်ကာသက်ပြင်းချကာနေကြသည်။ ဘုရားသခင်ကစာဌက်များကိုကြည့်ကြပါဟုပြောခဲ့သည်။ ကိုယ်တော်ကစာဌက်ကလေးများကိုပင်အငတ်မထားပါ။ သူတို့သည် စပါးမစိုက်ကြပါ။ကျီ၌မစုမသွင်းကြပါ။ ဘုရားကကျွေးမွေးနေသည်။တစ်ချို့ကအဝတ်အတွက်စိုးရိမ်ကြသည်။ ဘုရားက တောနှင်းပင်ရဲ့အဝတ်ကိုဘုန်းကြီးသောရှောလမုန်မင်းကြီးရဲ့အဝတ်ကပင်မမီပါဟုပြောခဲ့သည်။ သင်တို့ဘာလိုသလဲဆိုတာကိုသိသောဘုရားဖြစ်တယ်။ သင်တို့မတောင်းခင်ကပင်ပေးချင်နေသည်ဟုပြောသည်။ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကိုဦးစွာရှာပါဟုကျမ်းစာကပြောထားသည်။
ဒါဆိုရင် ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာအဘယ်နည်း။ သင်ယေရှုကိုရသောနေ့သည်ဘုရားနိုင်ငံတော်ထဲရောက်သောနေ့ဖြစ်သည်။သင့်အသက်တာထဲတွင်ယေရှုကိုအုပ်စိုးခွင့်ပေး
သောနေ့သည်သင့်အသက်တာထဲသို့ ဘုရားနိုင်ငံဝင်ရောက်လာသောနေ့ဖြစ်သည်။သင်သည်ယေရှုအားဖြင့်ဖြောင့်မတ်ခြင်းကိုအမွေအဖြစ်ရရှိသည်။ သင်၏ဖြောင့်မတ်ခြင်းမဟုတ်။ယေ
ရှု၏ဖြောင့်မတ်ခြင်းဖြစ်သည်။ အပြစ်နှင့်ပတ်သက်သောကျိန်ခြင်းအမင်္ဂလာအားလုံးယေရှုကယူသွားပေးသည်။ အပြစ်ကြွေးကိုအပြီးသတ်ဆပ်ပေးလိုက်သည်။ ကားတိုင်ပေါ်တွင်ယေရှုကအမှုပြီးပြီဟု ကြေငြာခဲ့သည်။ အပြစ်နဲ့ပတ်သက်ပြီးလုပ်စရာမရှိတော့ပါ။ အပြစ်လွှတ်ခြင်းရရန် အလှူငွေပေးစရာမလိုပါ။ နာကျင်ခြင်းဝေဒနာအားလုံးသူခံယူသွားပြီ။