
ခရစ်ယာန်များအကြားတွင် ပညာလေ့လာဆည်းပူးခြင်းကို ဆန့်ကျင်သည့်အယူဝါ(Anti-In tellectualism)အဖြစ်တွေ့မြင်ရတတ်ပါသည်။ အသိဉာဏ်ကိုဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းတရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့ ထင်မြင်နေကြသည်။ ဓမ္မပညာသင်ကြားသည့် အမှုတော်ဆောင်များကလည်း ယုံကြည်ခြင်း အားနည်းသွားတတ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို အားမကိုးတော့ဘဲ မိမိပညာကို သာ အားကိုးတတ်ကြသည်ဟု သွန်သင်လာကြသည်။ ဆင်ခြင်တုံတရားနှင့် ဘုရားပေးသည့် ဦးနှောက်ဉာဏ် ကို ဖွံ့ဖြိုးစေခြင်းသည် ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းမဟုတ်ဘဲ၊ ကိုယ့်ဉာဏ်ကိုအမှီပြုခြင်းသည်သာ ယုံကြည်ခြင်းကို ဆုတ်ယုတ်စေခြင်းဖြစ်သည်။
အမှန်တကယ်တွင် ဘုရားဖန်ဆင်းထားသည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းသည် အသုံးပြုဖို့၊ လူကို အကျိုးပြုစေဖို့ရန် ပေး ထားခြင်း ဖြစ်သည်။ဘုရား
ပေး သည့် ဆင်ခြင်တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်နှင့် အသိဉာဏ်ကို ဖွံ့ဖြိုး စေပြီး၊ ဘုရားဖန်ဆင်းထားသည့် စကြဝဠာကြီးတွင် ရှိရှိသမျှအရာ များကိုစူး
စမ်းလေ့လာခြင်းသည် ဘုရားသခင်ကို မိမိ၏ဉာဏ်ရှိသ မျှနဲ့ ချစ်ခြင်းပင်ဖြစ်သည်။
ဘုရားသခင်၏တည်ရှိ ခြင်းနှင့် သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို ဒွိဟသံသယဝင် စေ သည့် ပညာရှင်များ၏ ရေးသားချက်များကို ခရစ်ယာန်များက ပညာရှိရှိ၊ အချက်ကျကျ ဆန့်ကျင်ချေပဖို့ ပျက်ကွက်ခဲ့ကြပြီး၊ သိပ္ပံပညာနှင့် အတွေးအခေါ်ပညာလော ကမှ ထွက်ခွါလာကြသည့်အတွက် ခရစ်ယာန်အ
တွေးအခေါ်သည် လူအများနှင့်သက်ဆိုင်သည့် ပညာရေးရေစီးကြောင်းမှ ပျောက်ကွယ်သွားခဲ့ရခြင်းဖြစ်သည်။ ဘုရားဖန်ဆင်းထားသည့် ဦးနှောက်နဲ့ဉာဏ်ရည်ကို အသုံးပြုလျက် ဘုရားအလိုနှင့်ဆန့်ကျင်သည့် အမှုများပြုလုပ်ပြီး၊ လူ့ကျင့်ဝတ်နှင့် မညီသည့် သိပ္ပံဆိုင်ရာ စမ်းသပ်တီထွင်မှု များကို လုပ်
ဆောင်ကြသည့် လောကီပညာရှင်များကြောင့်၊ အသင်းတော်နှင့် ဝိညာဉ်ရေးခေါင်း ဆောင်အချို့က “ဉာဏ်စွမ်းရည် ကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ခြင်း သည် ကောင်းကျိုးထက် ဆိုး ကျိုးကို ပို၍ ဖြစ်စေသည်”ဟု ကောက်ချက်ချကြခြင်းဖြစ်သည်။
ထို့အပြင်ဘွဲ့ရအမှု ဆောင်များမှာလည်း အသင်းတော်ကို ထိရောက်စွာဖြင့် ဝိညာဉ်ရေးအပိုင်းတွင် အကျိုးမပြုနိုင်ကြဘဲ၊ပညာကောင်းစွာမတတ်သော်
လည်း စိတ်အားကြီးသည့် တရားဟောဆရာများကြောင့် အမေရိကန်နိုင်ငံတစ်ခွင်တွင် နိုးထမှုမီး ကူးစက်ခဲ့သည့်အတွက် ဉာဏ်ရည်တိုးတက်စေခြင်းသည် အဆိုးမြင်စရာအဖြစ်ရှိစေခဲ့သည်။
ချစ်ခြင်းမေတ္တာမရှိသော ကောလိပ်ကျောင်းဆင်း အမှု တော်ဆောင်များကို “ကောလိပ် ကျောင်း၏ တိုက်နံရံများသဖွယ် မာကြောသည့်နှလုံးသားမျိုးဖြင့် ကျောင်းဆင်းလာကြသည်”ဟု အမေရိကန်နိုင်ငံကို နှိုးထစေခဲ့ သော ဧဝံဂေလိဆရာကြီးတစ်ပါး မှ မှတ်ချက်ချခဲ့ဖူးပါသည်။ ကျမ်းစာ၏သွန်သင်ချက်
ကို အသိဉာဏ်ဖြင့်ဆင်ခြင်လျက် သဘောပေါက်ပြီး လိုက်လျှောက်ခြင်းထက်၊ ခံစားချက် ဖြင့် ခရစ်တော်နှင့် မိတ်ဖွဲ့ခြင်း သည် ပို၍ အရေးကြီးသည်ဟု သတ်မှတ်ကြသည်။
“ယုံကြည် ခြင်းနှင့်ဝိညာဉ်ရေးကို အကျိုးမ ပြုသော ပညာဆည်းပူးလေ့လာခြင်း(Barre nIntellectualism)အတွက်ဖြေ ဆေးသည်၊ ပညာကိုဆန့်ကျင်သည့် ဝါဒ(Antintellec tualism)မဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ် ကို အားကိုးလျက်၊ နှိမ့်ချစွာနှင့် လုံ့လစိုက်ထုတ်လျက် တွေးခေါ် စဉ်းစားခြင်းသာဖြစ်သည်”ဟု ခရစ်ယာန်ဆရာကြီး တစ်ပါးက မှတ်ချက်ချပါသည်။ ” အမှန်တွင် တွေးခေါ်စဉ်း စားခြင်းကို စွန့်လွှတ်ကျောခိုင်း ခြင်းသည် နှုတ်ကပတ်တော်ကို ကျောခိုင်းခြင်းဖြစ်ပြီး၊ နှုတ်ကပတ် တော်ကို ကျောခိုင်းခြင်းသည် ဘုရားသခင်ကို ကျောခိုင်းခြင်း ဖြစ်သည်”ဟုလည်း ပြောခဲ့လေသည်။ နှုတ်က
ပတ်တော်ကို ဆင်ခြင်အောက်မေ့ဖို့ရန် ကျမ်း စာကသွန်သင်ထားပြီး၊ ဆင်ခြင် ခြင်းသည် အသိဉာဏ်ကို အသုံး ပြုခြင်းဖြစ်သည်။ ဘုရားပေးထား သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အသုံးပြုလျက် ဖန်ဆင်းထား သောအရာများကို စူးစမ်းလေ့လာလေလေ၊ စကြဝဠာကြီး၏ ထူးခြားဆန်းကြယ်မှုကိုတွေ့ရ လေလေ၊ ဘုရားသခင်၏ဘုန်းတော်နှင့် ပညာတော်ကို ချီးမွမ်းရလေလေဖြစ်သည်။ ကိုယ် တော် ၏ ကြီးမြတ်ခြင်းကို ယုံကြည် ခြင်းဖြင့် သိရုံသာမကဘဲ၊ မိမိ၏အ သိဉာဏ်ဖြင့်ပါ သိရှိလာရသည်။
ဤအရာသည် ဘုရားသ ခင်ကို မိမိ၏အသိဉာဏ်ဖြင့် ချစ် ခြင်းဖြစ်သည်။ ကျမ်းစာမှ “ဘုရား သခင်ကို ဉာဏ်ရှိသမျှနှင့် ချစ် လော့”ဟု ပြောထားခြင်းက၊ ထို ဉာဏ်စွမ်းအားလုံးကို ဖွံ့ဖြိုးစေပြီး ဘုရားဘုန်းတော်အတွက် အသုံး ပြုစေဖိုရန့် ပြောထားခြင်းပင် ဖြစ် လေသည်။
ခရစ်ယာန်များအနေ ဖြင့် ဘုရားသခင်ကို ယုံကြည် ခြင်းသည် သိပ္ပံပညာနှင့် အသိပ ညာအမျိုးမျိုးဆည်းပူးခြင်းအ တွက် အဟန့်အတားမဟုတ် ကြောင်း သိကြမည်ဆိုပါက၊ အသိ ပညာနှင့် သိပ္ပံပညာတွင် ထူးချွန် သည့် ပညာရှင်အဆင့်ထိ ရောက် အောင်ကြိုးစားပြီး၊ မိမိတို့၏ နယ် ပယ် အသီးသီးတွင် ဦးဆောင်မှုပြုလျက်ဘုရားဘုန်းတော်ကို ထင်ရှားစေနိုင်မည် ဖြစ်သည်။
ကျမ်းစာထဲတွင် မိမိတို့ခေတ်ကာလ၏ အသိပညာရပ် များတွင် အင်မတန်မှထူးချွန်သကဲ့သို့၊ ယုံကြည်ခြင်းတွင်လည်း ကြီးမားသူတွေများစွာရှိပါသည်။ “မောရှေသည်လည်း အဲဂုတ္တုအတတ်ပညာ အလုံးစုံတို့ကို သင်၍ နှုတ်သတ္တိ၊ လက်သတ္တိ ရှိ၏”ဟု ဆိုထားပါသည်(တမန် တော် ရး၂၂)။ မောရှေ တတ်ကျွမ်းခဲ့သော ခေတ်ပညာသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဆီးအတားဖြစ်ကြောင်း ဖော်ပြခြင်းလုံးဝမပါရှိခဲ့ပါ။
ဒံယေလ၊ ရှာဒရက်၊ မေ ရှက်၊ အဗေဒနေဂေါ တို့သည် လည်း ဗာဗုလုန်တက္ကသိုလ်တွင် ခါလဒဲ အတတ်ပညာကို သင် ကြားခဲ့ကြရသည် (ဒံယေလ ၁း ၄)။ သူတို့သည် လောကီ ပညာကို သင်ကြားခြင်းကြောင့် မိမိတို့၏ ယုံကြည်ချက်ကို အပေးအယူ မလုပ်ခဲ့ရုံမက “ဘုရားသခင် သည် ထိုလုလင်လေးယောက် တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော် မူ၏”ဟု ဖော်ပြထားပါသည် (ဒံ ယေလ ၁း၁၇)။
ရှင်ပေါလုသည် ပထမရာစုနှစ်တွင် ကျော်ကြားလှသည့် ဆရာကြီးဂါမလျေလထံ၌ ပညာ ဆည်းပူးခဲ့ပါသည်(တမန်တော် ၂၂း၃)။ ပေါလု၏အတတ်ပညာ
ကို ဘုရားသခင်အသုံးပြုလျက်၊ မိမိ၏ဗျာဒိတ်တော်များကို မှတ် တမ်းတင်စေခဲ့ပြီး၊ ဓမ္မသစ်ကျမ်း ၏သုံးပုံနှစ်ပုံကို ရေးသားသူဖြစ် ခဲ့ပါသည်။ အာပေါ
လုသည်လည်း”ကျမ်းစာ၌အားကြီးသောသူ”ဖြစ် ပြီး(တမန်၁၈း၂၄)၊ မိမိ၏ထူးချွန် သည့် ဉာဏ်ရည်ကို သာသနာ တော် ပြန့်ပွားစေဖို့ရန် အသုံးပြုခဲ့ပါသည်။ ရှောလမုန်သည် ပညာအမျိုးမျိုးကို နှံ့စပ်စွာသိတတ်နားလည်သည့် ပညာဖြင့် ပြည့်စုံခဲ့ပါသည်။ ယခု မျက်မှောက်ခေတ်တွင် ရှောလမုန်ကို ဒဿနိကပ ညာရှင်၊ ဥပဒေပညာရှင်၊ ကဗျာဆရာနှင့် စာပေညာရှင်ဟု ခေါ်ဆို ကြမည်ဖြစ်သည်။ ရှောလမုန်ကို ဘုရားသခင်ပေးထားသည့် ပညာကို ကြားနာခံယူချင်ကြသည့်အတွက် လူအမျိုးမျိုးတို့သည့် ရှောလမုန်ထံသို့ ရောက်ရှိလာကြရ ခြင်းဖြစ်သည်။ (၃ရာ ၄း၂၉-၃၄)
ဘုရားသခင်ကိုကြောက် ရွံ့ရိုသေသော သိပ္ပံပညာရှင်များသည် ထူးခြားပြောင်မြောက်လှသည့် တီထွင်မှုများ၊ တွေ့ရှိချက်များနှင့် လူ့ပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်ခဲ့ကြပါသည်။ သူတို့ သည် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ကိုးစားမှုကို ဝန်ခံဖို့ရန် လည်း မရှက်ကြောက်ခဲ့ကြပါ။ ပိုလန်လူမျိုး နက္ခတ်ပညာရှင် နစ်ကိုးလပ်ကော့ပါးနီးကပ် (Nicholus Copernicus) ၁၄၇၃-၁၅၄၃ သည် ဂြိုလ်များက နေကိုလည်ပတ်သည့်ပုံစံကို တွေ့ရှိခဲ့ပြီး၊ ထိုစနစ်ကို သင်္ချာနည်းအရ တိုင်းတာ၍ ရပုံကို တွေ့ရှိခဲ့ပါသည်။ သူ၏တွေ့ရှိချက်သည် ဖန်ဆင်းခြင်းနှင့် ဆန့်ကျင်ဘက်မရှိဘဲ၊ သူ၏ လုပ် ငန်းတွင် ဘုရားသခင်၏ ဖန်ဆင်းခြင်းအကြောင်းကို ထည့်သွင်းဖော်ပြဖို့ရန် ဝန်မလေးပါ။ ဆာဖရန်စစ်ဘေကွန်(Sir. Francis Bacon) ၁၅၆၁-၁၆၂၇ သည် လက်တွေ့ သုတေသနနဲ့ခြုံငုံဆင်ခြင်ခြင်း (Inductive Reasoning) ကို စူးစမ်းလေ့လာသည့် နည်းစ နစ်အဖြစ် ပထမဆုံး အသုံးပြုခဲ့သူ ဖြစ်ပြီး၊ မိမိ၏ပညာကို အမှန်တရားကို ရှာဖွေတွေ့ရှိဖို့ရန်၊ မိမိ၏နိုင်ငံနှင့် အသင်းတော်ကို အစေခံဖို့ရန် အသုံးပြုခဲ့ပါသည်။ သူက “လေးနက်မှုမရှိတဲ့ အပေါ်ယံ ဒဿနိကဟာ ဘုရားမဲ့ဝါဒီကိုဖြစ် စေတယ်”ဟု ပြောခဲ့ပါသည်။
ဂျိုဟန်နပ်စ်ကက်ပလာ (Johannes Kepler, ၁၅၇၁ -၁၆၃၀)သည် အလွန်ထူးချွန် သော သင်္ချာပညာရှင်နှင့် နက္ခတ်ပညာရှင်ကြီးဖြစ်ပြီး၊ အိုင်ဇက်နယူတန် မတိုင်မီကတည်းက ဂြိုလ်များက နေကိုလှည့်ပတ်သည့် ရွေ့လျားပုံကို ဖော်ထုတ်နိုင်ခဲ့သည်။ သူသည် ဘုရားတရားကိုင်းရှိုင်းသည့် လူသာရင်တစ်ဦးဖြစ်ပါ သည်။ ကမ္ဘာကြီးကနေကို လည်ပတ်နေကြောင်းတွေ့ရှိမှုဖြင့် ကျော်ကြားသည့် ဂယ်လီလီ ယို(Galileo ၁၅၆၄-၁၅၄၂)သည် ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ သင်္ချာပညာရှင်၊ သိပ္ပံပညာရှင်၊ ဒဿနိကပညာရှင်ဖြစ်ပြီး၊ ခေတ်သစ်ဒဿနိက၏ဖခင်ကြီးဟု ကျော်ကြားသူ ကပ်စတီ (Rene Descarte ၁၅၉၆ -၁၆၅၀)က မိမိ၏ဒဿနိပညာ ကို ဘုရားသခင်၏တည်ရှိခြင်းဆို သည့် အတွေးအခေါ်အပေါ်တွင် အခြေပြုခဲ့ပါသည်။ အိုင်ဇက်နယူတန် (Isaac Newton) သည်လည်း ကမ္ဘာမြေကြီး၏ဆွဲအားကို တွေ့ရှိခဲ့ရုံ သာမက၊ မိမိ၏ နက္ခတ်ဆိုင်ရာ တွေ့ရှိချက်တွင် ဘုရားသခင်၏ကြီးမြတ်ခြင်းကို ဖော်ပြခဲ့သည်။ သူက “နေ၊ ဂြိုလ်များနှင့် ကြယ်တံခွန်များ၏ ရွေ့လျားပုံ အလွန်စနစ်ကျပြီး လှပခြင်းသည် ဉာဏ်ပညာကြွယ်ဝ၍ တန်ခိုးကြီးမားသောအရှင်၏
ပညာတော်နှင့် အုပ်စိုးစီမံခြင်းကြောင့်သာဖြစ် သည်”ဟုပြောလျက် ဘုရားသခင်၏ တန်ခိုးတော်ကို ဝန်ခံခဲ့လေသည်။
ယုံကြည်သူများသည် အသိပညာနယ်ပယ်တွင် လော ကီအတွေးအခေါ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ မကြောက်ရွံ့သင့်ဘဲ ပညာရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ အနုပညာ၊ သတင်းစာနယ်ဇင်း လောကစသည့် နယ်ပယ် အသီးသီးတွင် ဦးဆောင်မှုပြုနိုင် သူများဖြစ်ကြလျှက် အလင်းထွန်း လင်းသူ တွေဖြစ်ဖို့ရန် အချိန် တန်နေပြီဖြစ်သည်။ မိမိ၏သက်ဆိုင်ရာ နယ် ပယ်အသီးသီးတွင် အထူးချွန်ဆုံး သောသူများ ဖြစ်ကြမည်ဆိုပါက လောကီသားများ၏ လေးစားမှု ကိုရရှိပြီး၊ ခရစ်တော်ဘုရားအ တွက် သက်သေခံခွင့်၊ အလင်း ထွန်းလင်းခွင့်ကို ရကြမည်ဖြစ် သည်။ မိမိ၏ ဆုကျေးဇူး ရသည့် ကဏ္ဍအသီးသီးတွင် ထူးချွန်ပြောင်မြောက်သော ပညာရှင်များ ဖြစ်အောင် လေ့လာဆည်းပူးခြင်း အားဖြင့် ဘုရားသခင်ကို ဉာဏ် စွမ်းရှိသမျှဖြင့်ချစ်လျှက် သူ၏ ဘုန်းတော်ထင်ရှားစေဖို့ရန်အ လို့ငှါ မေတ္တာဖြင့် တိုက်တွန်းလိုက် ရပါသည်။
ဆရာမဗန်သဲ