Rev Dr Dam Suan Mung

Rev. Dr. Dam Suan Mung

သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်၊ နန်းဟံနွဲ့ရွာတွင် အဘသိက္ခာတော်ရဆရာဦးတွန့်ဇဝုန်နှင့် အမိဒေါ်ကျင်း ဒိမ့်တို့၏ သားသမီးသုံးယောက်အနက် တတိယသားဖြစ်၍ ၁၉၅၅ခုနှစ်၊ စက် တင်ဘာလ(၅)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ သူ၏ဖခင်သည် သူမမွေးခင် ကွယ်လွန်သွား၍၊ သူ(၉)နှစ်သားအရွယ်တွင် သူ့မိခင်ကွယ်လွန်သွားပြန်ပါသဖြင့် မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့သူဖြစ်သည်။ မူလတန်းပညာကို နန်းဟံနွဲ့ အ.မ.ကတွင်သင်ကြားပြီး၊ အလယ်တန်းပညာကို ကလေးမြို့၊ စိန့်မေရီကျောင်း(ယခု-အ.ထ.က (၃))မှလည်း ကောင်း၊ အထက်တန်းပညာကို မေမြို့ စက်မှုလက်မှု အထက်တန်းကျောင်းမှ လည်းကောင်း ဒသမတန်းကို အောင်မြင်ခဲ့ပါသည်။ သူသည် ၁၉၇၄ခုနှစ်၊ နို ဝင်ဘာလတွင် ခရစ်တော်ကို ကယ်တင်ရှင်အသက်သခင်အဖြစ် လက်ခံယုံ ကြည်ခဲ့ပါသည်။ ၁၉၇၆ခုနှစ်တွင် မန္တလေးမြို့၊ စက်မှုလက်မှုသိပ္ပံကျောင်းမှ မြို့ပြအင်ဂျင်နီယာ ပထမနှစ်ကို အောင်မြင်ခဲ့ပါသည်။ ထိုနှစ်မှာပင်...

Rev Vung Za Niang

Rev Vung Za Niang

သိက္ခာတော်ရဆရာမဒေါ်ဝုန်ဇညောင်းသည် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ထုတ်လိုင်ရွာမှ အဘဦးကမ့်ခိုဇမ်းနှင့် အမိဒေါ်ကျင့်ငိုတို့၏သားသမီး (၅)ဦးအနက် တတိယမြောက်သမီးဖြစ်၍၊ ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။မူလတန်းပညာမှ အထက်တန်းပညာထိ အ.ထ.ကထုတ်လိုင်၌ သင်ကြားခဲ့ပြီး၊ ၁၉၇၃ခုနှစ်တွင် ဒသမတန်းပညာကို အောင်မြင်ခဲ့ပါသည်။ ၁၉၇၄-၇၅အထိ ကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၅-၇၆ခုနှစ်တွင် မန္တလေး၊ ဆရာအတတ်သင်သိပ္ပံမှ မူလတန်းပြဆရာအတတ်သင် အောင်လက်မှတ်ကိုရရှိခဲ့ပြီး၊ ၁၉၈၁-၈၂ခုနှစ်တွင် အ လယ်တန်းပြဆရာအတတ်သင် အောင်လက်မှတ်ကို တဖန်ရရှိခဲပါသည်။ ၁၉၇၅ခုနှစ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပါသည်။သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်နှင့် ၁၉၈၉ခုနှစ်၊ ဩဂုတ်လ(၄) ရက်နေ့တွင်လက်ထပ်ထိမ်းမြားခဲ့ရာ သားသမီးသုံးယောက် ထွန်းကားခဲ့ပါသည်။ ၎င်းတို့မှာ ဒိမ့်စန်းလွန်း၊ ဝုန်ဆွင်းခိုင်နှင့် ဇမ်ရှင်းမုန်တို့ဖြစ်ပါသည်။ ၁၉၈၂ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ခင်ပွန်းသည်နှင့်အတူ ဓမ္မပညာကို ဆည်း ပူး၍...