Full time: December, 2000 Spouse: U Khai Za Dal
Ngin Khan Thawng
ဆရာထောင်းပူဟာ အသင်းတော်ရဲ့ Media လုပ်ငန်း၊ Music လုပ်ငန်းတွေကို ဉီးဆောင်နေသူဖြစ်ပြီး၂၀၀၀ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့မှာ အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ဆက်ကပ်ပါဝင်ပါတယ်။ ဆရာဟာ ငယ်ရွယ်စဉ်ကတည်းကမှစပြီး လူငယ်ဘဝမှာလဲ အသင်းတော်ရဲ့ Youth Department ကိုဉီးဆောင်လာခဲ့သူဖြစ်ပါတယ်။ ဆရာ့ရဲ့ဇနီးသည်ကတော့ ဆရာမနောင်နောင် ခေါ် သိက္ခာတော်ရဆရာမ မာန်အွပ်ဖြစ်ကာ နှစ်ဉီးစလုံး အသင်းတော်ရဲ့အမှုတော်မြတ်ထဲပါဝင်နေကြပါတယ်။
Yin Shin Mung (Siampi)
ဆရာရှမ်ပီးလို့ခေါ်ကြပါတယ်။ ဆရာကတော့ အသင်းတော်ရဲ့Keyboard ကိုတီးခတ်ပေးနေသူဖြစ်ပါတယ်။ ဆရာ့ရဲ့အမျိုးသမီးကတော့ သိက္ခာတော်ရဆရာမ ရွယ်ဂျာဖြစ်ပြီး သာချော(၃)ယောက်ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ဆရာကတော့ တီးတိန်လူမျိုးဖြစ်ပြီး FGA အသင်းတော်မှာ ၂၀၀၂ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့မှာ အချိန်ပြည့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်သူဖြစ်ပါတယ်။ ဘုရားကိုချစ်သောသူဖြစ်ကာ သူ့အားဖြင့်အသင်းတော်ကောင်းကြီးရလျက်ရှိပါတယ်။
Pau Cin Khual(Khualpi)
ဆရာခွလ်ပီးဟာ သီချင်းအားဖြင့်ဘုရားရှင်က ကြီးမားစွာအသုံးပြုနေသူဖြစ်ပါတယ်။ အသင်းတော်ရဲ့ Worship သီချင်းတော်တော်များများဟာ ဆရာ့သီချင်းများပါဝင်ကြပြီး ဘုရားကိုချစ်လျက် နိမ့်ချသောနှလုံးသားပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အသင်းတော်ရဲ့ Worship Album တွေမှာလဲ အဓိကနေရာတွင် သီဆိုရေးစပ်နေသူဖြစ်ကာ သူ့ Solo သီချင်းများလဲ ချင်းဘာသာနှင့်ထွက်ရှိထားသူဖြစ်သည်။ ၁၉.၆.၂၀၁၁မှာ အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပြီး ဇနီးသည်ကတော့ ကျိန်နဲမ်လျန်ဖြစ်ပါတယ်။
Luan Za Nem (Nem)
ဆရာမနဲမ်ဟာ အသံထူးခြားကောင်းမွန်သူဖြစ်ပြီး အသံလဲကောင်း၊ အရမ်းလိမ္မာတဲ့ သားလေးတစ်ဉီးရဲ့ မိခင်ဖြစ်ပါတယ်။ အသင်းတော်ရဲ့ Worship Leader တစ်ဉီးဖြစ်ကာ ဆရာခွလ်ပီးရဲ့အစ်မလဲဖြစ်ပါတယ်။ ၂၀၁၃ခုနှစ် ဧပြီလမှစပြီး အချိန်ပြည့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်သူဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ဂေါစိန်ကျေးရွာဇာတိဖြစ်ကာ ဘဝမှာ စိန်ခေါ်များစွာနဲ့ရင်ဆိုင်ရသော်လည်း ဘုရားကို သစ္စာရှိလျက်ဆက်ကပ်သူဖြစ်ပါတယ်။ သူနှင့်သူ့အဖွဲ့သီဆိုထားတဲ့ Dove Sister တေးစီးရီးလဲတွက်ခဲ့ဖူးသူဖြစ်ပါတယ်။
Lydia
ဆရာမလီလီဟာ အသင်းတော်ရဲ့ Worship Pastor ဆရာထန်သောင်ရဲ့ ဇနီးသည်ဖြစ်ပါတယ်။ သား(၃)ဉီးရဲ့မိခင်ဖြစ်ပြီး ခင်ပွန်းသည်နှင့်ကလေးများအတွက် အိမ်ထောင်ရှင်မကောင်းတစ်ဉီးလဲဖြစ်ပါတယ်။ ဆရာမဟာ ဖလမ်းလူမျိုးဖြစ်ပြီး၊ ဖခင်ဖြစ်သူ ဆရာ ဆန်ကျုံးနုန်းဟာ ဟားခါး ဧဝံဂေလိ အေဂျီအသင်းတော်မှာ နှစ်ပေါင်းများစွာ သင်းအုပ်ဆရာ လုပ်ခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သမ္မာတရားဖြင့်သွန်သင်ခြင်းခံရသူဖြစ်ပြီး ၁၆.၉.၂၀၁၈ မှာ FGA ရဲ့ အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပါတယ်။
Ciin Man Lun
Date of full time: 1.5.2016 Race: Chin/ Tedim
Saw Aung Ko Myat
ဆရာစောအောင်ကိုမြတ်ဟာ ၂၀၁၁ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှစပြီး FGA အသင်းတော်မှာ အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာသူဖြစ်ပါတယ်။ ကရင်လူမျိုးဖြစ်ပြီး ကော့မှူးမြို့နယ်၊ အင်းယားချောင်ဇာတိဖြစ်ပါတယ်။ သူ့ဇနီးသည်ကတော့ မိုးသီတာထွေးလို့ခေါ်ပြီး ဆရာ့ရဲ့ တက်ကြွစွာပါဝင်မှု၊ ဧဝံဂေလိမှာ စိတ်အားထက်သန်မှုအပြင် Home Cell တွေမှာလဲ တက်တက်ကြွကြွပါဝင်နေသူဖြစ်ကာ ဆရာ့အားဖြင့် အသင်းတော်ဟာ ကောင်းကြီးအများကြီးရရှိနေပါတယ်။
Yan Naung Hein
Date of full time: 9.5.2019 Race: Burmese Spouse: Thin Yu Yu Moe
Thin Yu Yu Moe
Date of full time: 1.5.2016 Race: Burmese Spouse: Yan Naung Hein