Rev Roija

Rev Roija

ဆရာမဟာ ၁၉၉၃၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပြီး ၁၉၉၈ခုနှစ် မေလ(၁၃)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်၊ ၂၀ဝ၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် သိက္ခာတော်ရအမှုတော်ဆောင်အဖြစ်လာပါသည်။

Rev Nant Aye Aye

Rev. Nant Aye Aye

ဆရာမဘေဘီတိုး (ခေါ် ) နန့်အေးအေးသည် ဧရာ၀တီတိုင်းဒေသကြီး ကျုံးပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာရှိ အဘဦးစောဘတိုးနှင့် အမိဒေါ်မယ်တိုး တို့မှ မွေးဖွားပြီး မွေးခြင်း (၇) ယောက်မှ (၅) ယောက်မြောက် သမီးဖြစ်ပါသည်။မူလတန်းပညာကို အ.လ.က (၁) ကျုံးပျော်မြို့၌လည်းကောင်း၊အလယ် တန်း ပညာကို လှည်းဆိပ် အ.လ.က နှင့် အင်းစိန် အ.လ.က (၁) ၌ လည်းကောင်း၊ အထက်တန်းပညာကို အ.ထ.က (၁) အင်းစိန်၌လည်းကောင်း၊ သင် ကြားခဲ့ပါသည်။

Rev Kyaw Kyaw

ဆရာဦးကျော်ကျော်သည် အဖဦးစံသာထွန်း-အမိဒေါ်ဂျာဘူတို့၏ သား(၃) ယောက်တွင် ဒုတိယမြောက်သားဖြစ်ပြီး၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်း မှ အဌမတန်း အထိ အ.ထ.က(၂) မှော်ဘီမြို့တွင် ပညာသင်ကြားခဲ့ပါသည်။ ထိုနောက် Car Accident ကြောင့်ပညာဆက်မသင်ကြားနိုင်ခဲ့ပါ။

Rev Khen Kip

Rev. Khen Kip

ဆရာ့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ရွာတွင်နေထိုင်သော အဘ ဦးမောင်မောင်သန်း(ခ) Pa Tuan Khual နှင့် အမိဒေါ်ဗန်နွဲ့ဂျင်နီးတို့မှမွေးဖွားပြီး မွေးချင်းငါးယောက်ရှိသည့်အနက်တတိယမြောက်သားဖြစ်ပါတယ်။

Rev Neng Hau

Rev Neng Hau

သိက္ခာတော်ရဆရာဦးနိန်းဟောက်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးဗျဲလ်ရွာမှ အဘ ဦးဆွန်ငိုး၊ အမိဒေါ်ဒိမ့်အွဲ့ တို့၏သားသမီး(၄)ဦးအနက် အကြီးဆုံးသားဖြစ်၍ ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။

Rev Pau Zel Mang

Rev Pau Zel Mang

ဆရာ ပေါင် ဇဲလ်း မန် သည် ချင်းပြည်နယ် တီးတိန်မြို့ ဉ်အဖ ဦး ဂင် ဒိုး လျန် နှင့်အမိဒေါ် ဒွန့် ဆွင်း ကျိန် တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ(၆) ယောက်ထဲမှအကြီး ဆုံးသား ဖြစ်ပါသည်။၂၀၀၄ခုနှစ်တွင် ဒေါ် ပရီထမ်း နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက်နှင့်သားတစ် ယောက်ထွန်းကားခဲ့ပါသည်။

Rev Zen Sian Lun

Rev. Zen Sian Lun

ဆရာမကတော့ ၁၉၉၈ ခုနှစ်မှစပြီး ဒဂုံတောင် ၅၆-၆၉ ဧဂံဂေလိ နယ်မြေများတွင် တွဲဖက်နယ်မြေ တာဝန်ခံ၊ တွဲဖက် ဧဝံဂေလိခေါင်းဆောင်၊ တွဲဖက် HomeChurch ခေါင်းဆောင်၊ ၂၀၁၁ ခုနှစ်မှစတင်၍ ရွှေပြည်သာဒညင်းကုန်း ဧဝံဂေလိနယ်မြေ တွင် နယ်မြေတာဝန်ခံ၊ ဧဝံဂေလိခေါင်းဆောင် Home Church ခေါင်းဆောင်အဖြစ် ပါဝင်လျက်ရှိသူဖြစ်ပါတယ်။

Thang Tawng

Rev. Gin Lam Thang

သိက္ခာတော်ရဆရာဂင်လမ်းထန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မွန်းလှိုင်ကျေးရွှာတွင် အဘ ဦးအင်ခန့်နန် နှင့် အမိ ဒေါ်ကျိန်ခန့်ဝုန် အားဖြင့် မွေးဖွားလာသော ၅ ယောက်မြောက် သားဖြစ်ပါသည်။ အခြေခံမူလတန်းပညာ(သူငယ်ကိုတန်း မှ စတုတ္ထတန်းအထိ)ကို မွန်းလှိုင်ရွာတွင်သင်ယူခဲ့ပြီး၊

Rev Mang Uap

သိက္ခာတော်ရဆရာမမန်အွပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အဘ ဦးတွန်ဇာဖုန်းနှင့်အမိဒေါ်လွန်ဇကျိန်တို့၏ သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပါသည်။ မူလတန်းပညာကို အ.မ.က (၅) ကလေးမြို့တွင် သူငယ်တန်းမှပထမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ အ.ထ.က (၄) ဗိုလ်တထောင်တွင် ဒုတိယတန်းမှ ဒသမတန်းပညာကို တက်ရောက်သင်ယူခဲ့ပါသည်။

Rev. Pau Suan Mung

သိက္ခာတော်ရ ဆရာဦးပေါင်ဆွင်းမုန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်ကင် ကျေးရွာမှ အဘ ဦးဟောက်ဇထန်နှင့် အမိ ဒေါ်ကျင်းဂိုးညောင်တို့၏ သားသမီး(၃)ဦးအနက် အငယ်ဆုံး တစ်ဦးတည်းသောသားဖြစ်ပါသည်။ မူလတန်းပညာကို အမက ဘုမ်ဇံရွာ ၌လည်းကောင်း၊ အလယ်တန်းပညာကို အလက ဂမ်းငိုင်၊ တီးတိန်မြို့နယ်နှင့် အလက စိန့်မေရီ ကလေးမြို့၊ စစ်ကိုင်းတိုင်း ၌လည်းကောင်း၊ အထက်တန်းပညာကို အထက(၁)ကလေးမြို့ ၌လည်းကောင်းတက်ရောက်သင်ယူခဲ့ပါသည်။