Rev Kham Khan Lian Thang Kim

သိက္ခာတော်ရဆရာဦးခမ်ခန့်လျန်းထန်ကိမ်းသည် ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင်မြို့နယ် တွင် အဘ – ဦးဂင်ဒိုထန် နှင့် အမိ – ဒေါ်လွင့်ခန့်ဝုန် တို့၏သား(၄)ဦးအနက်ဒုတိယသားဖြစ်ပါသည်။

Rev. Pau Kim Sang

သိက္ခာတော်ရ ဆရာပေါင်ကင်းဆန်ကို ဦးနိန်ခိုဟောက်နှင့် ဒေါ်ဇင်ခိုညန်တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ကျေးရွာ တွင် မွေးဖွါးခဲ့ပါသည်။ မွေးချင်းမောင်နှမ ရှစ်ယောက်အနက် ဆဌမမြောက်သားဖြစ်ပါသည်။ လေးနှစ်သားအရွယ်တွင် တစ်မိသားစုလုံး ကလေးမြို့သို့ ပြောင်းရွေ့ပြီး၊ ကလေးမြို့တွင် ကြီးပြင်းခဲ့ပါသည်။

Rev. Lom Zom Niang

ဆရာမ လွင်ဇွမ်ညောင်ကို ဆရာညောင်လို့ပဲ ခေါ်ကြပါတယ်။ Worship Leader တစ်ဉီးဖြစ်ပြီး အဆိုတော်တစ်ဉီးလဲဖြစ်ပါတယ်။တီးတိန်မြို့နယ် ဂေါ်စိန်းကျေးရွာရှိ ဦးဂင့်ဇစိန်နှင့်ဒေါ်ကျင်းခေါ်နိန်တို့၏သမီးဖြစ်၍ မူလတန်းပညာကို တီးတိန်မြို့နယ်ဂေါ်စိန်းကျေးရွာ၊ အလယ်တန်းပညာကို တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာနှင့် တီးတိန်မြို့ စကောလမ်း အ.ထ.က (၁)၊ အထက်တန်းပညာကို အထက ( ၂ ) ကလေးမြို့ မှာ သင်ကြားခဲ့ပါတယ်။

Rev Zel Sian Kham

Rev. Zel Siam Kham

ဆရာကတော့ Speaker(မိုက်) ကို အသုံးပြုပြီး စက်ဘီးနှင့်လှည့် လည်ဟောပြောဝေငှခဲ့ဖူးသူဖြစ်ပါတယ်။ ဝေစာများကိုလည်း ဝေပေးနိုင်ခဲ့ပြီး လူနာများစွာကိုလည်း ဆုတောင်းပေးခွင့်ရပြီး နိမိတ်လက္ခဏာများစွာ မြင်တွေ့ခဲ့ရပါတယ်။ ကင်ဆာရောဂါမှစ၍ အခြားရောဂါများလည်း ဘုရားရှင် ပျောက်ကင်းခွင့်ပြုပါပြီး သေသောသူနှစ်ဦးကိုလည်း ဘုရားသခင်ပြန်ရှင်စေခဲ့ပါတယ်။

Rev Niang Zom Mang

Rev. Niang Zom Mang

သိက္ခာတော်ရဆရာမဉာဏ်ဇွမ်းမာန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာတွင် အဘ Dr. Sian Za Kam နှင့် အမိ Daw Ning Za Ginတို့၏ သားသမီး(၅)ဦးအနက်အကြီးဆုံးသမီးဖြစ်ပါသည်။

Rev Soe Moe Nai

Rev. Soe Moe Nai

ဆရာစိုးမိုးနိုင်ကဟာ ဘုရားကိုချစ်မြတ်နိုးပြီး ဧဝံဂေလိ၊ အသင်းတော်ရဲ့ Home cell တွေမှာတက်ကြွစွာပါဝင်ဆက်ကပ်နေသူဖြစ်ပါတယ်။ ဆရာဟာ ဘုရားကိုချစ်မြတ်နိုးသူဖြစ်သည့်အလား ပျော်ပျော်နေတတ်သူဖြစ်ကာ သူနှင့်သွားလာလုပ်ကိုင်သူတိုင်း ပျော်စရာဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိပြီး အထူးသဖြင့် အသင်းတော်၏ နာရေး၊ လူမှုရေးကိစ္စများတွင်လည်း နှံ့နှံ့စပ်စပ်ပါဝင်ကာ အမှုတော်ဆောင်နေသူဖြစ်ပါတယ်။

Rev Pre Htam

Rev. Pre Htam

ဆရာမ ပရီထမ်း သည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် စိန်လုံ မှ အဖ ဉီးထိန်နန်ဇော်နှင့် အမိဒေါ်လီလီ တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ဆယ်ယောက်မှနဝမမြောက်သမီးဖြစ်ပါသည်။ ၂၀၀၄ခုနှစ်တွင် ဦးပေါင်ဇဲလ်မန်နှင်လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက်နှင့်သားတစ်ယောက်ထွန်းကားခဲ့ပါသည်။

Rev. Lian Lun Cing

သိက္ခတော်ရဆရာမဒေါ်လျန်းလွန်းကျိန်သည် ချင်းပြည်နယ်၊ ကျီးခါးမြို့နယ်-ကန့်ဆောက်ဇန်ကျေးရွာတွင် အဖ – ဦးခိုင်ဇထန် နှင့် အမိ – ဒေါ်မန်းဇဒိမ့် တို့၏ သားသမီး(၅)ဦးအနက်အကြီးဆုံးဖြစ်ပြီးချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကန့်ဆောက်ဇန်ရွာ တွင် မွေးဖွားခဲ့ပါသည်။

Rev Oak Sin Lah

Rev. Oak Sinn Lah

သိက္ခာတော်ရဆရာမ အုတ်စင်းလကို၊ကျိုင်းတုံမြို့၊ဂျိုးဖြူရွာတွင် အဘ ဦးဂါဗေလနှင့်အမိဒေါ်ခင်လှ၏ သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပါသည်။ မူလတန်းပညာကို အ.လ.က (၅) ကျိုင်းတုံမြို့ သူငယ်တန်းမှဆဌမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ အ.ထ.က (၂) ကျိုင်းတုံတွင် ဆဌမတန်းမှအဌမ တန်းပညာကို တက်ရောက်သင်ယူခဲ့ပါသည်။

Rev. Do Khan Huai

သိက္ခာတော်ရဆရာမဒိုခန့်ဟွဲသည် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် အဘဦးငူဇာခိုင်နှင့်အမိဒေါ်ကျန်ခေါ်ပေါင်တို့၏ သားသမီး(၃)ဦးအနက် ဒုတိယမြောက်သမီးဖြစ်ပါသည်။ ကျောင်းပညာကို အ.ထ.က(၂)မှော်ဘီမြို့တွင် သူငယ်တန်းမှအဌမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ နဝမတန်းမှ ဒသမတန်းပညာကို အ.ထ.က(၂) ဒဂုံ တွင် တက်ရောက်သင်ယူခဲ့ပါသည်။