
ဆရာခွလ်ပီးဟာ သီချင်းအားဖြင့်ဘုရားရှင်က ကြီးမားစွာအသုံးပြုနေသူဖြစ်ပါတယ်။ အသင်းတော်ရဲ့ Worship သီချင်းတော်တော်များများဟာ ဆရာ့သီချင်းများပါဝင်ကြပြီး ဘုရားကိုချစ်လျက် နိမ့်ချသောနှလုံးသားပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အသင်းတော်ရဲ့ Worship Album တွေမှာလဲ အဓိကနေရာတွင် သီဆိုရေးစပ်နေသူဖြစ်ကာ သူ့ Solo သီချင်းများလဲ ချင်းဘာသာနှင့်ထွက်ရှိထားသူဖြစ်သည်။ ၁၉.၆.၂၀၁၁မှာ အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပြီး ဇနီးသည်ကတော့ ကျိန်နဲမ်လျန်ဖြစ်ပါတယ်။