Rev. Do Khan Huai

သိက္ခာတော်ရဆရာမဒိုခန့်ဟွဲသည် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့တွင် အဘဦးငူဇာခိုင်နှင့်အမိဒေါ်ကျန်ခေါ်ပေါင်တို့၏ သားသမီး(၃)ဦးအနက် ဒုတိယမြောက်သမီးဖြစ်ပါသည်။ ကျောင်းပညာကို အ.ထ.က(၂)မှော်ဘီမြို့တွင် သူငယ်တန်းမှအဌမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ နဝမတန်းမှ ဒသမတန်းပညာကို အ.ထ.က(၂) ဒဂုံ တွင် တက်ရောက်သင်ယူခဲ့ပါသည်။

၁၉၈၆ခုနှစ် တွင် ယေရှုခရစ်တော်ကိုမိမိအသက်တာ၏ကယ်တင်ရှင်အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့ပြီး ၁၉၈၇ဧပြီလတွင်ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ၁၉၈၉တွင် သန့်ရှင်းသောဝိညာဉ်တော်နှစ်ခြင်းကိုရရှိခဲ့သည်။ ၁၉၉၆တွင် အသင်းတော်၏ အမှုတော်လုပ်ငန်းများတွင် စေတနာဝန်ထမ်းအဖြစ်စတင်ပါဝင်လာခဲ့ပြီး၂၀၀၅ ခုနှစ်တွင်Full Gospel Bible Training Centre အပတ်စဉ်(၉)တွင်တက်ရောက်ပညာသင်ကာDiploma ရရှိခဲ့သည်။

၂၀၀၅ခုနှစ် တွင်ရန်ကုန်အဝေးသင်တက္ကသိုလ်မှ B.A(History) ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် International School of Ministry မှ Diploma of Biblical Studies ကိုရရှိခဲ့သည်။

၂၀၀၆ ခုနှစ်မှစတင်ကာ အသင်းတော်တွင်အစမ်းခန့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်လာခဲ့ပြီး၊၂၀၀၇ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာခဲ့သည်။ ကလေးသာသနာလုပ်ငန်းကို (၁၉၉၆)ခုနှစ်မှစတင်ကာဥပုသ်စာဖြေဆရာမဖြစ်လာခဲ့ပြီး၊ (၂၀၀၁) ခုနှစ်မှယခုလက်ရှိ၂၀၂၀အထိ ကလေးသာသနာအတွင်းရေးမှူးအဖြစ်ပါဝင်လုပ်ဆောင်နေပါသည်။ အသင်းတော်၏နယ်မြေတာဝန်ခံအဖြစ် လှည်းကူးမြို့နယ်နှင့်မှော်ဘီမြို့နယ်တွင်တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

၂၀၀၁၃ခုနှစ် မတ်လ(၁၀)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၇ စက်တင်ဘာလ (၉)ရက်နေ့တွင် သိက္ခာတော်ရဆရာမအဖြစ်ဓမ္မသိက္ခာတင်ခဲ့ပါသည်။ ယခုလက်ရှိ အမှတ် (၉) အခန်း (၂၈) ရွှေဂုံရိပ်မွန်အိမ်ရာတွင် နေထိုင်လျက်ရှိပါသည်။