Rev Kham Khan Lian Thang Kim

သိက္ခာတော်ရဆရာဦးခမ်ခန့်လျန်းထန်ကိမ်းသည် ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင်မြို့နယ် တွင် အဘ – ဦးဂင်ဒိုထန် နှင့် အမိ – ဒေါ်လွင့်ခန့်ဝုန် တို့၏သား(၄)ဦးအနက်ဒုတိယသားဖြစ်ပါသည်။ ၁၉၈၀ – ၁၉၈၅ ခုနှစ်အထိ အ.မ.က (၇)ကြည့်မြင်တိုင်တွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ၊ ၁၉၈၅ – ၁၉၉၁ ခုနှစ်အထိ အ.ထ.က.(၂) ကြည့်မြင်တိုင် ပဉ္စမတန်း မှ အဌမတန်းအထိ၎င်း၊ ၁၉၉၁ – မှ ၁၉၉၂ ခုနှစ်အထိ အ.ထ.က ကျီးခါးတွင် နဝမတန်း တက်ရောက်ခဲ့ပြီး ၁၉၉၃ – ၁၉၉၄ ခုနှစ်အထိ ဒဿမတန်းကို အ.ထ.က(၃)ကြည့်မြင်တိုင်တွင်တက်ရောက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ဆရာ ကမ်ပူ အားဖြင့်ကယ်တင်ခြင်းရရှိပြီး တချိန်တည်းမှာပင်ဝိညာဉ်နှစ်ခြင်းရရှိခဲ့ပါသည်။ထို့နှစ်မှာပင် သိက္ခာတော်ရဆရာဦးမျိုးချစ်ထံ၌ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။

၁၉၉၆ ခုနှစ် မတ်လတွင် မလေးရှားနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး အိမ်သို့အပြန်၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် လမ်းခုလပ်ဖြစ်သော ထိုင်းနိုင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ၁၉၉၇ – ၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးဖမ်းသင်္ဘောပေါ်သို့ ပွဲစားများရဲ့ရောင်းစားခံရပြီး၂၀ဝ၄ ခုနစ်မတ်လတွင် ဘုရားသခင်ကျေးဇူးတော်ကြောင့် မိဘများထံကျန်းမာစွာဖြင့်ပြန်လည်ရောက်ရှိခဲ့ပါသည်။

၂၀ဝ၄ – ၂၀ဝ၅ ခုနှစ်တွင် FGBTC ပတ်စဉ် (၉) တွင်တက်ရောက်ခဲ့ပြီး Diploma ဘွဲ့ ရရှိခဲ့ပါသည်။ ၂၀ဝ၆ – ၂၀ဝ၆ ခုနှစ်တွင် FGSM တွင် တက်ရောက်ပြီး Diploma ဘွဲ့ ရရှိခဲ့ပါသည်။၂၀၁၃ – ၂၀၁၅ ခုနှစ်တွင် Asia Access ခေါင်းဆောင်မှု သင်တန်းတက်ရောက်ခဲ့ကာ Diploma ရရှိခဲ့ပါသည်။ ၂၀ဝ၆ ခုနှစ်တွင် ဘုရားအမှုတော်ဆောင်ဖို့ရန်ဘုရားသခင်ဆီမှ တိကျသောခေါ်ခြင်းခံရပြီး ၂၀ဝ၆ ခုနှစ်တွင် Full Gospel Assembly တွင် အစမ်းခန့်အမှုတော်ဆောင်အဖြစ်ခန့်အပ်ခံရပြီး ဧဝံဂေလိသတင်းကောင်းဝေငှဟောပြောဖို့ ထောက်ကြန့်နယ်မြေတာဝန်ခံအဖြစ်၄င်း အလုံ – ကြည့်မြင်တိုင်မြို့နယ်
Homecell တာဝန်ခံအနေဖြင့် အမှုတော်မြတ်ထဲတွင်ယနေ့ချိန်ထိ တက်ကြွစွာ ပါဝင်လုပ်ဆောင်ဆက်ကပ်လျှက်ရှိပါသည်။ ၂၀ဝ၆ – ၂၀၁၅ ခုနှစ်အထိ FGBTC ကျမ်းစာကျောင်းတွင် ဆက်ကပ်ပါဝင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ရီ (၁)ရက်နေ့တွင် လိုင်စင်ရအမှုတော်ဆောင်အဖြစ်ခန့်အပ်ခြင်းခံရပြီး၂၀၁၉ ခုနှစ် စက်တင်ဘာ (၉)ရက်နေ့တွင် သိက္ခာတော်ရအမှုတော်ဆောင်အဖြစ်ဘုရားသခင်ကောင်းကြီးပေးချီးမြောက်ခဲ့ပါသည်။

၂၀ဝ၄ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် အဘ – ဦးခိုင်ဇထန် အမိ – ဒေါ်မန်းဇဒိမ့်တို့၏သမီးကြီးဖြစ်သူ ဒေါ်လျန်းလွန်းကျိန်နှင့် အိမ်ထောင်ပြုပြီး ဘုရားသခင်ကျေးဇူးတော်ကြောင့်၂၀၁၉ ခုနှစ်ဇူလိုင် ၉ ရက်နေ့တွင် သားလေး မောင်ထန်ရှင်းတာန် ကိုရရှိခဲ့ပါသည်။ဖိလိပ္ပိ – ၄: ၁၃ ကျမ်းပိုဒ် စွဲကိုင်ကာ အခါအားလျှော်စွာ ပြည်တွင်းပြည်ပတွင် ကျမ်းစာသင်တန်းများပေးခြင်း ၊ FGBTC ကျမ်းစာကျောင်းတွင်ဝေငှပို့ချခြင်းနှင့် BCM သာသနာ
ကိုဦးဆောင်ကာ ဘုရားရှင်ရဲ့အမှုတော်မြတ်ထဲတွင်ဆက်ကပ်ပါဝင်နေပါသည်။

လက်ရှိနေရပ်လိပ်စာ – အမှတ်(၅၀ဝ)ကမ်းနားလမ်း ၊သီတာရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်။