Rev. Khen Kip

ဆရာ့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ရွာတွင်နေထိုင်သော အဘ ဦးမောင်မောင်သန်း(ခ) Pa Tuan Khual နှင့် အမိဒေါ်ဗန်နွဲ့ဂျင်နီးတို့မှမွေးဖွားပြီး မွေးချင်းငါးယောက်ရှိသည့်အနက်တတိယမြောက်သားဖြစ်ပါတယ်။ မူလတန်းပညာကို နန်းဟံနွဲ့ အ.မ.က တွင်၎င်း၊ ကလေးမြို့ အ.မ.က (၉)တွင်၎င်း၊ သင်ကြားခဲ့ပြီး အလယ်တန်းပညာ နှင့်အထက်တန်း ပညာကို ကလေးမြို့ စိန့်မေရီကျောင်း (ယခု- အ.ထ.က- ၃) တွင်သင် ကြားခဲ့ပြီး ဒသမတန်းကို(ခ)ဖြင့်အောင်မြင်ခဲ့တယ်။

၁၉၉၈ ခုနှစ်၊ ဇူလှိုင်လမှာတော့ Paradise Mission Center ရဲ့ သင်းအုပ်ဆရာကြီးဖြစ်သော သိက္ခာတော်ရဒေါက်တာဦးကမ်ကျင့်ဟောက်၏ဝေငှခြင်း အားဖြင့် ယေရှုခရစ်တော်ကို ကယ်တင်ရှင်အသက်သခင်အဖြစ် လက်ခံယုံကြည်ခဲ့ပြီး အဲဒီနှစ်မှာပဲ Paradise Mission Center အမှုတော်မြတ်၌ ဓမ္မအမှုတော်ဆောင်တစ်ဦးအဖြစ် စတင်ပါဝင်ဆက်ကပ်ခဲ့သူဖြစ်ပါတယ်။

Paradise Mission Center ၏အမှုတော်မြတ်မှာ ၁၉၉၈ ခုနှစ်၊ သြဂုတ်လ၊ မှ ၂၀၀၃ ခုနှစ်၊ မတ်လ အထိ အချိန်ပြည့်ဓမ္မအမှုတော်ဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဇွန်လ မှ ၂၀၀၈ ခုနှစ်၊ မတ် လ၊ အထိ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ Bangalore မြို့ ရှိ Asia School of Theology နှင့် Bethel New Life College တို့တွင် ဓမ္မပညာကို ဆည်းပူးကာ B.Th ဘွဲ့နှင့် M.Div ဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ ဇွန်လ၊ မှ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၉)ရက်အထိ၊ Full Gospel Bible Training Centre ၏ အပတ်စဉ်(၁၃) တွင် တက်ရောက်ခဲ့ပြီး Diploma ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ မှ ၂၀၁၁ ခုနှစ် အထိ Full Gospel Bible Training Centre ၏ အဆောင်မှူးအဖြစ်၎င်း၊ ကျမ်းစာသင်ကြားပေးသော ဓမ္မဆရာအဖြစ်၎င်း ပါဝင်ဆက်ကပ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်၊ မေလ(၉) ရက်နေ့မှ စတင်ပြီး Full Gospel Assembly အသင်းတော်၏အချိန်ပြည့်ဓမ္မအမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းခံရပြီး၊ ၂၀၁၁ ခုနှစ်၊ ဇွန်လ၊ မှ ၂၀၁၂ ခုနှစ်၊ မတ်လအထိ F G B T C ၏ ဒုတိယကျောင်းအုပ်ကြီးအဖြစ်၎င်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ၊ မှ စတင်၍ (F G B T C) ကျမ်းစာကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ယခုအချိန်တွင် ပါဝင် အမှုတော်ဆောင်လျက်ရှိပါတယ်။

၂၀၁၃ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်အ ဖြစ်ခန့်အပ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ချင်းပြည်နယ်၊ ကျီခါးမြို့ တွင်နေထိုင်သော (ဆရာဦးနန်ဆွမ်းဒါးလ်)နှင့်ဒေါ်မန်ခေါလျန်းတို့၏သမီးဖြစ်သူဒေါ်ဇင့်ဇမ်ဝုန်နှင့် လက်ထပ်ထိမ်းမြှားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် သိက္ခာတော်ရဓမ္မအမှုတော်ဆောင်အဖြစ်၎င်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှ စတင်ပြီး Full Gospel Assembly အသင်းတော်၏ လက်ထောက် သင်းအုပ်ဖြစ်လာပါသည်။

ဆရာ၏ အဓိက စွဲကိုင်သော ကျမ်းပိုဒ်များမှာ
(တရားဟောရာကျမ်း ၂၈း၃ သင်သည် မြို့၌ မင်္ဂလာရှိ လိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။
ကောလောသဲ ၃း၂၃ လူ၏အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကိုဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာစိတ်နှင့် ပြုကြလော့။

လိပ်စာ-
အိမ်အမှတ်၊ (၈၇/၂)၊ အခန်း (၂၀၂)၊
၅၁ လမ်း၊ အလယ်ဘလောက်၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်။