
သိက္ခာတော်ရ ခင်စန်းနွယ်သည် ရခိုင်ပြည်နယ် မြေပုံမြို့တွင်အဘဦးဘိုးလှနှင့်အမိဒေါ်မချောတို့၏ သားသမီး(၉)ဦးအနက်အဌမမြောက်သမီးဖြစ်ပါသည်။မူလတန်းပညာကိုအ.မ.က သဲတန်းအရှေ့မြေပုံမြို့တွင်ဒုတိယတန်းအထိ၊ တတိယတန်းနှင့်စတုတ္ထတန်းကိုဖခင်တာဝန်ကျရာနယ် ရေရှင်ရွာနှင့်အနီးကန့်ကော်ကျေးရွာအ.မ.ကကျောင်း၊အလယ်တန်းပညာကိုအ.လ.ကရွာသစ်ကေရပ်ကွက်မြေပုံမြို့နှင့်အ.ထ.ကပညာကိုသဲတန်းအနောက်အထက်တန်း
ကျောင်းတွင် ဆယ်တန်းအထိတက်ရောက်သင်ယူခဲ့သည်။
၁၉၉၆ခုနှစ်တွင် ကယ်တင်ခြင်းကိုသဘောပေါက်ခဲ့ပြီးခရစ်တော်ကိုမိမိ၏ကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ်ယုံကြည်ခေါ်ဖိတ် လက်ခံခဲ့သည်။ ထိုနောက်တွင်ဧဝံဂေလိတရားကိုတစ်စိုက်မတ်မတ် ဟောလာခဲ့ပြီး၂၀၀၀ခုနှစ်တွင် FGBTC ရန်ကုန်ကျမ်းစာကျောင်းတက်ရန် ဘုရားသခင်အခွင့်လမ်းပြင်ဆင်ပေးခဲ့သည်။ ကျမ်းစာကျောင်း တက်စဉ်တွင်ဝိညာဉ်တော် နှစ်ခြင်းရပြီး၊ အမှုတော်ဆောင်ရန်ပင် ရှင်လုကာ၅-၄ဖြင့်ဘုရား ခေါ်သံ
ကိုကြားခဲ့ရသည်။ အမှုတော်မြတ်၌ Full Gospel Assembly အသင်းတော်မှစေလွှတ်သောသာသနာပြု အနေဖြင့် ၂၀၀၁-၂၀၀၂ခုနှစ်တွင် ဧရာဝတီ
တိုင်း ထူးကြီးသာသနာနယ်သစ်သို့ဆရာမ (၄) ဦးနှင့်အတူ ဆက်ကပ်ပါဝင်ခဲ့သည်။
၂၀၀၂မေလ မှ ၂၀၀၄မေလအထိခုနှစ်တွင်အသင်းတော်၏ဧဝံဂေလိအဖွဲ့အတူမြန်မာနိုင်ငံ၏နယ်နိမိတ်အတွင်းတွင်အစေခံခဲ့သည်။ ၂၀၀၄ ဇူ လိုင်လ ၂၂ ရက်နေ့တွင်ဆရာကြီးဦးမုန်သောင်မှအသင်းတော်၏ အမှုတော်ဆောင်အဖြစ် ဆက်ကပ်ရန်ကမ်းလှမ်းခဲ့ပြီး၊ ၂၀၀၅ခုနစ်တွင်အစမ်းခန့်ကာလအဖြစ်စတင်ဝင်ရောက်ခဲ့သည်။ ၈.၁.၂၀၀၆ခုနစ်တွင်အချိန်ပြည့် ခန့်အပ်ပြီး ၃၁.၅.၂၀၀၉ ခုနစ်တွင်လိုင်စင်ရအမှုတော်ဆောင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်။
၂၀၁၇ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ အသင်းတော်၏နှစ်(၃၀) ကြိမ်မြောက်နှစ်ပတ် လည် စည်းဝေးကြီးတွင်သိက္ခာတော်ရအဖြစ် ဓမ္မသိက္ခာတင်ခဲ့ပါသည်။လက်ရှိတွင်ဒလနယ်၌ဧဝံဂေလိဆရာမအဖြစ်၊တွံတေးနယ်မြေ၌နယ်မြေတာဝန်ခံအဖြစ်အစေခံလျှက်ရှိသည်။ ၇.၁.၂၀၀၆ ခုနစ်တွင် ဉီးတီဇော်နော် နှင့်လူရှေ့ဘုရားရှေ့တွင်လက်ထပ်ထိမ်းမြားခဲ့ပြီးသမီး၃ဦးထွန်းကားခဲ့သည်။
စွဲကိုင်သောကျမ်းပိုဒ်မှာ-ရှင်ယောဟန်၁၂:၂၆ -ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင်ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာ အရပ်မှာ၌ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကို ခမည်းတော်သည်ချီးမြောက်တော်မူလတံ့။
ယခုလက်ရှိ အမှတ် ၁၄၈/ခ မြင်သာ၉လမ်း၊၁၄ရပ်ကွက်တောင်ဥက္ကလာပမြို့နယ်
ရန်ကုန် တွင်နေထိုင်ပါသည်။