Rev Kyaw Kyaw

ဆရာဦးကျော်ကျော်သည် အဖဦးစံသာထွန်း-အမိဒေါ်ဂျာဘူတို့၏ သား(၃) ယောက်တွင် ဒုတိယမြောက်သားဖြစ်ပြီး၊ မန္တလေးမြို့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်း မှ အဌမတန်း အထိ အ.ထ.က(၂) မှော်ဘီမြို့တွင် ပညာသင်ကြားခဲ့ပါသည်။ ထိုနောက် Car Accident ကြောင့်ပညာဆက်မသင်ကြားနိုင်ခဲ့ပါ။ ၁၉၈၅ ခုနှစ်တွင် ကယ်တင်ခြင်းသဘောပေါက်ပြီး သခင်ယေရှုအား မိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ပါသည်၊ ၁၉၉၅ ခုနှစ်တွင် ဘုရားသခင်
၏ခေါ်သံကြားခဲ့ရပြီး FGA အသင်းတော်ကြီး၌ အမှုတော်ဆောင်တဦးအဖြစ်ဘုရားကျေးဇူးသက်သက်ကြောင့်ပါဝင်ဆက်ကပ်ခွင့်ရခဲ့ပါ
သည်။ ၁၉၉၆ ခုနစ်တွင် FGA အသင်းတော်ကြီးမှစတင်ဖွင့်လှစ်ခဲ့သော ကျမ်းစာကျောင်း( FGBTC )တွင်တတ်ရောက်ပြီး နှုတ်ကပတ်တော်ကိုသင်ယူ ဆည်းပူခဲ့ပါသည်။ ယခုလက်ရှိတွင် အသင်းတော်ကြီး၌ ဧဝံဂေလိတာဝန်ခံအဖြစ်၎င်း၊(၆၉)ရပ်ကွက်/ဒဂုံဆိပ်ကမ်းနယ်မြေတာဝန်ခံအဖြစ်၎င်း၊အမှတ်(၂)စစ်ဆေးရုံ(ဒဂုံမြို့နယ်)နယ်မြေတာဝန်ခံအဖြစ်၎င်း၊ ပါဝင်ဆက်ကပ်လျက်ရှိပါသည်။

၂၀၀၅ခုနှစ်တွင် အသင်းတော်ကြီးမှပေးအပ်သော လက်တင်ရမင်္ဂလာ( သိက္ခာတော်ရ) ကိုရရှိခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင် သိကာတော်ရဆရာမ မိုင်ယဉ်ယဉ်ထွန်းနှင့်လက်ထက်ထိမ်းမြားခဲ့ပြီး သား(၂) ယောက်လည်းထွန်းကားခဲ့ပါသည်
ယခုလက်ရှိတွင် အမှတ်(၄၇၃)မင်းကျော်ပျံချီလမ်း(၆၉)ရပ်ကွက်/ဒဂုံဆိပ်ကမ်း ရန်ကုန်မြို့တွင် မိသားစုနှင့်ပျော်ရွှင်စွာ နေထိုင်လျက်ရှိပါသည်။