Rev Kyu Kyu Mar

ဆရာမဒေါ်ကြူကြူမာကိုအဖဦးမာနှင့်အမိဒေါ်ခင်ဌေးဝင်းတို့မှ ရှမ်းပြည်နယ်အရှေပိုင်း မိုင်းဖုန်းမြို့ပြည့်သူ့ဆေးရုံတွင်မွေးဖွားခဲ့ပြီး မောင်နှမ (၅) ယောက်တွင် ဒုတိယသမီးဖြစ်ပါသည်။ ၁၉၈၂ ခုနှစ်တွင် ရမည်းသင်းမြို့နယ် ပျားစီကျေးရွှာ၌ မူလတန်းတတ်ခဲ့ပြီးနောက်တွင် တူးကုန်းကျေးရွှာ၌အလယ်တန်းထိ တတ်ရောက်သင်ယူခဲ့ပါသည်။
၁၉၉၆ ခုနှစ် ဒီဇင်ဘာတွင် ကယ်တင်ခြင်းစိတ်ချမူ့ရရှိခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ၁၉၉၇-၂၀၀၀ ခုနှစ်တွင်း မိတ္ထီလာရှိ တပည့်ဖြစ်သင်တန်းကိုဘုရားသခင်၏ခေါခြင်းခံရပြီးနှုတ်ကပတ်တော်သင်ယူခဲ့ပါသည်။ အမှုတော်မြတ်တွက် ဧဝံဂေလိတရားဟောခြင်း၌ပါဝင်ဆက်
ကပ်ခဲ့ပြီး၊၂၀၀၂-၂၀၀၃ ခုနှစ်တွင် FGBTC ကျောင်း၌ အပတ်စဉ်(၇)တွင်တတ်ရောက်ခဲပြီး၊၂၀၀၄-၂၀၀၅ ခုနှစ်တွင် နယ်လှည့် ဧဝံဂေလိပါဝင်ဆက်ကပ်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် FGSM တွင်တက်ရောက်ပြီး၊၂၀၀၇-၂၀၀၈ အချိန်ပြည့်အမူတော်ဆောင်ဖြစ်ပါဝင်ဆက်ကပ်ခဲ့သည်။ ဆိမ့်ကြီးနယ်မြေနှင့် မအူ
ပင်နယ်မြေတာဝန်ခံဖြစ်ဆက်ကပ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် လိုင်စင်ရရှိခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့တွင် အဘဦးအိုက်ပီး အမိဒေါခင်မေ၏သား ဦးအိုက်စိုင်းနှင့်လက်ထပ်ခဲ့ပြီး ဇနီးမောင်နှံအတူတူ အမှုတော်မြတ်တွင်ပါဝင်ဆက်ကပ်ခဲ့ပါသည်။

၂၀၁၇ စက်တင်ဘာ ၉ ရက်နေ့တွင် သိက္ခာတော်ရ ဓမ္မအမှုတော်ဆောင်အဖြစ်၄င်း ဘုရားသခင်ကောင်းကြီးပေးချီးမြှောက်ခဲ့ပါသည်။ ယခုတွင် အိမ်အမှတ် (၁၆) အခန်း(၃၀၄) အင်ကြင်းလမ်းတွင်နေထိုင်လက်ရှိပါသည်။

ဆရာမ ဆွဲကိုင်သောကျမ်းပိုဒ်မှာ “ငါ့ကိုတောင်းလော့ လူအမျိုးမျိုးတို့ကိုသင်၏ အမွေဥစ္စာအဖို့ငါပေးမည်မြေကြီးစွန်းတိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမည်။”ဆာလံကျမ်း ၈:၂