Rev. Leh Leh Aung

ဆရာမ ဒေါ်လဲ့လဲ့အောင်ကတော့ မွေးချင်းညီအစ်မ (၄) ယောက်ထဲက တတိယမြောက်သမီး ဖြစ်ပြီး ဆရာမ နန်းကလျာလှိုင်ရဲ့ ညီမလဲဖြစ်ပါတယ်။ဖခင်မှာ ဦးလင်စူမိုး (ခ) ဦးအောင်ငြိမ်းဖြစ်ပြီး မိခင်ကတော့ ဒေါ်မွှေးမွှေးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အ.လ.က(၂)ပန်းဘဲတန်းတွင် မူလတန်းမှ အလယ်တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၉၈ ခုနှစ် မှ ၁၉၉၉ ခုနှစ်အထိ အ.ထ.က (၁) ပန်းဘဲတန်းတွင် အထက်တန်းပညာသင်ယူခဲ့ပါတယ်။

၁၉၉၂ ခုနှစ် ဧပြီလတွင် Full Gospel Assembly အသင်းတော်မှ ပြုလုပ်ခဲ့သော Children Camp တွင် ကယ်တင်ခြင်းစိတ်ချမှု ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဝိညာဉ်တော်နှစ်ခြင်းရရှိခဲ့ပါပြီး ၂၀၀၀ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့တွင် Full Gospel Assembly သင်းအုပ်ဆရာကြီး Rev. Dam Suan Mung ထံ၌ ရေနှစ်ခြင်းမင်္ဂံလာ ခံယူခဲ့ပါတယ်။

၂၀၀၀ – ၂၀၀၁ ခုနှစ် Full Gospel Bible Training Center အပတ်စဉ် (၅) (၂၀၀၁ ခုနှစ် မတ်လ (၃) ရက်နေ့) နှင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ISOM တွင် ဓမ္မပညာ Diploma ကို ရရှိခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နှောင်း ပိုင်းတွင် ဘုရားသခင်၏ခေါ်သံကို အသံအားဖြင့်လည်း ကောင်း ၊ အိမ်မက်အားဖြင့်လည်းကောင်း ကြားကာ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို အထူးခံစားကာ အမှုတော်မြတ်တွင် မဆက်ကပ်ဘဲ မနေနိုင်ဘဲ ၂၀၀၁ ခုနှစ် ဧပြီလမှ စတင်ပြီး Full Gospel Assembly အသင်းတော်၏ ကလေးသာသနာတွင် စေတနာ့ဝန်ထမ်းအဖြစ် စတင်ဆက်ကပ်ခဲ့တယ်။ ၂၀၀၄ ခုနှစ် မှ ၂၀၀၇ ခုနှစ်များတွင် အမှုတော်မြတ်တွင် ပါဝင်ရင်း အဝေးသင်တက္ကသိုလ်ပညာ ဆည်းပူးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် Bachelor of Arts (Psychology) ဘွဲ့ ရရှိခဲ့တယ်။  ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့တွင် ရန်ကုန် Full Gospel Assembly အသင်းတော်၌ အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ်ခံခဲ့ပြီး ၊ ၂၀၁၃ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်အဖြစ် လည်းကောင်း ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက် နေ့တွင် သိက္ခာတော်ရ အမှုတော်ဆောင်အဖြစ်လည်းကောင်း ဘုရားသခင် ကောင်းကြီးပေး ချီးမြှောက်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှ စ၍ ဖော့ကန် ၊ အောင်ဆန်း နယ်မြေတာဝန်ခံအဖြစ်လည်းကောင်း ၊ ၂၀၁၅ ခုနှစ်မှ စ၍ Full Gospel Assembly အသင်းတော်ရဲ့ ဧဝံ‌ဂေလိနယ်မြေ အလတ်ချောင်းတွင် ကလေးသာသနာတာဝန်ခံအဖြစ်လည်းကောင်း၊ ယခုလက်ရှိအချိန်အထိ ဆက်ကပ်လုပ်ဆောင်နေပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ ဦးမောင်လှိုင် + (ဒေါ်ကျင်ငွေ) တို့၏ သားဖြစ်သူ ဆရာ ဦးဝင်းဇော်နှင့် စုံဖက်လက်ထပ်ကာ သမီး (၂) ဦး ရှိပါတယ်။ သမီးများမှာ မမာစီဝင်းလဲ့ဖြူ နှင့် မဂလိုရီဝင်းလဲ့ထူး တို့ ဖြစ်ကြပါတယ်။

ဆရာမ စွဲကိုင်သော ကျမ်းချက်မှာ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏” (ရောမဩဝါဒစာ ၈:၂၈) ဖြစ်ပါတယ်။

လိပ်စာ-
၁၈၇ ၊ အလတ်ချောင်း ၊ အလယ်ရွာလမ်း၊
တွံတေးမြို့နယ် ၊ ရန်ကုန်မြို့။