Rev. Lom Zom Niang

ဆရာမ လွင်ဇွမ်ညောင်ကို ဆရာညောင်လို့ပဲ ခေါ်ကြပါတယ်။ Worship Leader တစ်ဉီးဖြစ်ပြီး အဆိုတော်တစ်ဉီးလဲဖြစ်ပါတယ်။တီးတိန်မြို့နယ်
ဂေါ်စိန်းကျေးရွာရှိ ဦးဂင့်ဇစိန်နှင့်ဒေါ်ကျင်းခေါ်နိန်တို့၏သမီးဖြစ်၍ မူလတန်းပညာကို တီးတိန်မြို့နယ်ဂေါ်စိန်းကျေးရွာ၊ အလယ်တန်းပညာကို တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာနှင့် တီးတိန်မြို့ စကောလမ်း အ.ထ.က (၁)၊ အထက်တန်းပညာကို အထက ( ၂ ) ကလေးမြို့ မှာ သင်ကြားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ ယေရှုခရစ်တော်ကို အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံပြီး၄င်းနှစ်တွင် ရေနှစ်ခြင်းမင်္ဂလာခံယူ၍ ဝိညာဉ်ဆုကျေးဇူးလည်း ရရှိပါတယ်။ ၁၉၉၈ ခုနှစ်တွင် FGBTC ဓမ္မကျောင်းတက်ရောက်ခဲ့ပြီး Diploma လက်မှတ်ရရှိခဲ့ပါပြီး ၁၉၉၉ ခုနှစ် မှ ၂၀၀၀ ခုနှစ် အထိ အသင်းတော်ကနေစေလွှတ်တဲ့ဆရာမ ဘူကိုင် ဦးဆောင်သော နယ်လှည့်ဧဝံဂေလိ အဖွဲ့နှင့် တနှစ်ဆက်ကပ်ခဲ့တယ်။

၂၀၀၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဘုရားသခင်၏ အမှုတော်မြတ်၌ အချိန်ပြည့် အမှုတော်ဆောင်အဖြစ်ခန့်အပ်ခြင်းခံရပြီး ၊ Worship Leader အဖြစ်၄င်းChior leader အဖြစ် တာဝန်ယူ လုပ်ဆောင်နေပါတယ်။

၂၀၀၇ အောက်တိုဘာလ ၂၁ ရက်နေ့မှာ လိုင်စင်ရ အမှုတော်ဆောင်အဖြစ်၄င်း၊  ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက် နေ့တွင် သိက္ခာတော်ရ အမှုတော်ဆောင်ဖြစ်လာပါတယ်။

ဆရာမစွဲကိုင်ထားတဲ့ကျမ်းချက်။
ဇာခရိ ၄:၆ ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။