
သိက္ခာတော်ရဆရာမမန်အွပ်သည် မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အဘ ဦးတွန်ဇာဖုန်းနှင့်အမိဒေါ်လွန်ဇကျိန်တို့၏ သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပါသည်။ မူလတန်းပညာကို အ.မ.က (၅) ကလေးမြို့တွင် သူငယ်တန်းမှပထမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ အ.ထ.က (၄) ဗိုလ်တထောင်တွင် ဒုတိယတန်းမှ ဒသမတန်းပညာကို တက်ရောက်သင်ယူခဲ့ပါသည်။
၁၉၉၀ ခုနှစ် မတ်လတွင် ယေရှုခရစ်တော်ကိုမိမိအသက်တာ၏ကယ်တင်ရှင်အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့ပြီး ဧပြီလတွင်ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ မေလတွင် သန့်ရှင်းသောဝိညာဉ်တော်နှစ်ခြင်းကိုရရှိခဲ့သည်။ ၁၉၉၅ တွင် အသင်းတော်၏ အမှုတော်လုပ်ငန်းများတွင် စေတနာဝန်ထမ်း
အဖြစ်စတင်ပါဝင်လာခဲ့ပြီး၁၉၉၆ ခုနှစ်တွင် Full Gospel Bible Training Centre အပတ်စဉ်(၁) တွင်တက်ရောက်ပညာသင်ကာ Diploma ရရှိခဲ့သည်။
၂၀ဝ၁ခုနှစ် တွင်ရန်ကုန်အဝေးသင်တက္ကသိုလ်မှ B.Sc (Physics) ဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ (၅)ရက်နေ့တွင် International School of Ministry မှ Diploma of Biblical Studies ကိုလည်းကောင်း၊ ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂၉ရက်နေ့တွင် Fuller Theological Seminary မှချီးမြှင့်သော Leadership Developement Diploma ကိုရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်မှစတင်ကာ အသင်းတော်တွင်အစမ်းခန့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်လာခဲ့ပြီး၊ FGBTC ကျမ်းစာကျောင်းတွင် Worship Team Trainer အဖြစ် (၁၉၉၇-၂၀ဝ၄)အထိလုပ်ဆောင်ပါဝင်ခဲ့သည်။
၁၉၉၈ မေလ (၁၂)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာခဲ့ပြီးကလေးသာသနာလုပ်ငန်းကို (၁၉၉၅- ၂၀ဝ၂) ခုနှစ်အထိ ဥပုသ်စာဖြေဆရာမ
နှင့်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ လူငယ်သာသနာလုပ်ငန်းတွင်(၁၉၉၇-၂၀ဝ၃)အထိ လူငယ်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ချီးမွမ်းကိုး
ကွယ်ခြင်းအမှုတော်လုပ်ငန်းတွင်(၁၉၉၆- ၂၀၁၄)အထိ Worship leader အဖြစ်ပါဝင်ခဲ့သည်။ Full Gospel Bible Training Centre တွင် ၂၀ဝ၃
ခုနှစ်မှစတင်သင်ကြားပို့ချသူဖြစ်လာပြီး (၂၀ဝ၅-၂၀၂၀ )အထိ ဒုကျောင်းအုပ်အဖြစ် ယခုအချိန်ထိ ပါဝင်အမှုဆောင်လျက်ရှိပါသည်။ အသင်းတော်၏
နယ်မြေတာဝန်ခံအဖြစ် ကျောက်တံတားမြို့နယ်တွင်လည်းကောင်း၊ Sunday English International Service တွင်တာဝန်ခံအဖြစ် ၂၀ဝ၁ခုနှစ်မှယခု
လက်ရှိ ၂၀၂၀အထိ ဆက်ကပ်ပါဝင်လျက်ရှိပါသည်။
၂၀ဝ၂ခုနှစ် စက်တင်ဘာ (၈)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်အဖြစ် လည်းကောင်း၊ ၂၀ဝ၉ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် သိက္ခာတော်ရဆရာမအဖြစ်ဓမ္မသိက္ခာတင်ခဲ့ပါသည်။၂၀ဝ၅ခုနှစ် တွင် ဦးငင်ခန့်ထောင်းနှင့် လူရှေ့ဘုရားရှေ့တွင်လက်ထပ်ထိမ်းမြားခဲ့ပြီး ယခုလက်ရှိ အမှတ် (၉) အခန်း (၂၈) ရွှေဂုံရိပ်မွန်အိမ်ရာတွင် နေထိုင်လျက်ရှိပါသည်။