
သိက္ခာတော်ရဆရာဦးနိန်းဟောက်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးဗျဲလ်ရွာမှ အဘ ဦးဆွန်ငိုး၊ အမိဒေါ်ဒိမ့်အွဲ့ တို့၏သားသမီး(၄)ဦးအနက် အကြီးဆုံးသားဖြစ်၍ ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ(၁၃)ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်းပညာကို တွီးဗျဲလ်းရွာတွင်၎င်း၊ အလယ်တန်း ပညာကို ဒေါ်လွန်ရွာတွင်၎င်း၊ အထက်တန်းပညာကို တီးတိန်မြို့တွင်၎င်း၊ ဆည်းပူးသင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(စိတ်ပညာ)ကို မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဆွတ်ခူးရရှိခဲ့ပါသည်။
၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ တီးတိန်မြို့နယ်၊ သမဝါယမ ဦးစီးဌာနနှင့် ရန်ကုန်ရုံးချူပ်တွင် (၁၈)နှစ်တိုင်တိုင် အစိုးရအမှုထမ်းခဲ့ပါသည်။
၁၉၇၄ ခုနှစ်၊ ဇွန်လတွင်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ ရန်ကုန်မှ ပထမအဆင့် (Grade 1)စာမေးပွဲကို အောင်မြင် ခဲ့ပါသည်။ ၁၉၇၆ ခုနှစ်၊ မေလ (၂၂) ရက်နေ့တွင် ဒေါ်ကျောင်ဇင့်ကျိန်နှင့် ထိမ်းမြားလက်ထပ်ခဲ့ပြီး၊ သားသမီး (၇)ဦးထွန်းကားခဲ့ပါသည်။ ၎င်းတို့မှာ ဦးငိုးထောင်းမန်၊ သိက္ခာတော်ရဆရာဦးကျင့်ကိမ်းပေါင် (Singapore)၊ ဦးထန်လျင်းမုန်၊ ဦးကန်ခန့်ထွန်း၊ ဦးခိုင်ဆွောမ်းလျင်း(USA)၊ ဆရာမဒေါ်အွဲဆွင့်ဟွဲနှင့် ဆရာ မောင်ကျင့်ဆွင့်ခိုင် တို့ဖြစ်ကြပြီး၊ မြေး (၄)ဦးကိုလည်း ထွန်းကားခဲ့ပါသည်။
၁၉၇၉ခုနှစ်တွင်၊ ဒုတိယမွေးခြင်းခံခဲ့ပြီး၊ ၁၉၈၇ခုနှစ်တွင် မြန်မာပြည် အေဂျီသာသနာများ ကောင်စီအစည်းအဝေးကြီး၊ ကလေးမြို့၊ တာဟန်း၌ အချိန်ပြည့်အမှုတော်ဆောင်ရန် ဆက်ကပ်ခဲ့ပါ သည်။ ၁၉၉၁ခုနှစ်မှ ၁၉၉၄ခုနှစ်၊ ဇူလိုင်လအထိ Australia,Melbourne မြို့တွင်ကျမ်းစာ သင်တန်းတက် ရောက်ခဲ့ပြီး၊ ဒီပလိုမာဘွဲ့(Dip. Min) ကိုရရှိခဲ့ပါသည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ခုနှစ်(၂)နှစ်၊ ဘုရားသခင် ၏သုံးပွင့်ဆိုင်သာသနာပြုလုပ်ငန်း (GTP) တွင်အမှုတော်လုပ်ငန်း၌ ပါဝင်ခဲ့ပြီး၊ ၁၉၉၈ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ၊ တီးတိန်မြို့ Bethel Bible College တွင် (၂)နှစ်ပါဝင်ခဲ့ပါသည်။ ရန်ကုန်မြို့ ဖူးလ်ဂေါ်စပယ်အသင်းတော် (FGA) တွင်၊ ၂၀၀၂ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ မှစတင်၍ အမှုတော်ဆောင်ခဲ့ပြီး၊ အသင်းတော်၏ အဓိကစာရင်းစစ်တာဝန်၊ တာမွေမြို့နယ် တာဝန်ခံ၊ Homecell တာဝန်ခံ၊ အထွေထွေရုံးလုပ်ငန်းများ၊ ရန်ကုန်အော်ဂင်စာပေအဖွဲ့နှင့် အမှုတော် လုပ်ငန်းများအတွက် ယနေ့တိုင် ပါဝင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် အသင်း တော်မှ၊ သိက္ခာတော်ရ(Ordination) အဖြစ် လက်တင်အပ်နှင်းချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
တိုက်(၂၃၂/၂)၊ အခန်း(၂၀၆)၊ ပွဲစားတန်းလမ်း၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိပါသည်။
ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။
ရှင်ယာကုပ် ၂:၂၆၊We live by faith, not by sight” (2 Cor 5:7)