Rev. Nant Aye Aye

ဆရာမဘေဘီတိုး (ခေါ် ) နန့်အေးအေးသည် ဧရာ၀တီတိုင်းဒေသကြီး ကျုံးပျော်မြို့နယ် အင်းရဲကျွန်းကျေးရွာရှိ အဘဦးစောဘတိုးနှင့် အမိဒေါ်မယ်တိုး တို့မှ မွေးဖွားပြီး မွေးခြင်း (၇) ယောက်မှ (၅) ယောက်မြောက် သမီးဖြစ်ပါသည်။မူလတန်းပညာကို အ.လ.က (၁) ကျုံးပျော်မြို့၌လည်းကောင်း၊အလယ်
တန်း ပညာကို လှည်းဆိပ် အ.လ.က နှင့် အင်းစိန် အ.လ.က (၁) ၌ လည်းကောင်း၊ အထက်တန်းပညာကို အ.ထ.က (၁) အင်းစိန်၌လည်းကောင်း၊ သင်
ကြားခဲ့ပါသည်။
၁၉၈၆ ခုနှစ်တွင် ဆရာစတီဗင်ပြောင်နိုး( Steven Piang No)ဝေဌခြင်းအားဖြင့် ကယ်တင်ခြင်း စိတ်ချမှုရရှိပြီး ယေရှုကို အသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံခဲ့ပြီး ရေနှစ်ခြင်းမင်္ဂလာခံယူပြီး ၁၉၈၇ ခုနှစ်တွင် ဝိညာဉ် ဆုကျေးဇူး ရရှိခဲ့ ပါသည်။ ၁၉၈၆-၁၉၈၇ ခုနှစ်တွင် အုတ်ကျင်း ဖိနပ်စက်ရုံတွင်လည်း အချိန်ပိုင်း လုပ်ကိုင်ခဲ့ပါသည်။ ၄င်းအပြင် ပိုးကရင် ကုန်းမြင့်သာယာ အသင်းတော်တွင် လူငယ် ကလေးနှင့် ကလေးကဏ္ဍတွင် အချိန်ပိုင်း ပါဝင်ဆက်ကပ်ခဲ့ပါသည်။ ထို့နောက် (၈)မိုင် ညီအစ်ကို များအသင်းတော်မှ ဆရာမသန်းသန်းအေးတို့မှ မင်္ဂလာဒုံ ကရာနီ အသင်းတော်တွင် ဥပုသ်စာဖြေဆရာမ သင်တန်းကို တက်ရောက်ခဲ့ပါသည်။ ၁၉၉၀-၁၉၉၁ ခုနှစ်တွင် ပုသိမ်မြို့ ဆေးတပ်နယ် ခရစ်ယာန်အသင်းတော်တွင် သာသနာပြု ဆက်ကပ်ပါဝင်ပြီး ၁၉၉၁ ခုနှစ်တွင် ဤအသင်းတော်၏ ကမ်းလှမ်းချက် ကို လက်ခံ၍ ဤအသင်းတော်နှင့် စတင်လက်တွဲကာ F.G.A အသင်းတော်၏ သာသနာပြု အဖြစ် ဆက်လက်ပါဝင်အသုံးတော်ခံပြီး ၁၉၉၁-၁၉၉၃ တွင် ဘုရား၏ ခေါ်ခြင်းဖြင့် မြစ်ကြီးနားတပ်ကုန်း ဧဝံဂေလိ ဓမ္မတက္ကသိုလ်ကျောင်းကို ၁၉၉၃ ခုနှစ် တွင် ဒီပလိုမာဖြင့် အောင်မြင်ခဲ့ပါသည်။

၁၉၉၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့မှစ၍ အသင်းတော်၏ အချိန်ပြည့်အမှုတော် ဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ပါသည်။ ၁၉၉၈ခုနှစ် မေလ(၁၃) ရက်နေ့ တွင် လိုင်စင်ရ ဓမ္မအမှုတော်ဆောင်အဖြစ်၄င်း ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့ တွင် သိက္ခာ တော်ရ အမှုတော်ဆောင်အဖြစ်⁄င်း ဘုရားကျေးဇူးတော်ကြောင့် ချီးမြှောက်ခြင်း ခံခဲ့ရပါသည်။ ၁၉၉၄ ခုနှစ်တွင် ကလေးသာသနာတာဝန်ခံအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။
၁၉၉၇ ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ဆရာပေါင်ဆွမ်းမုန် နှင့် လက်ထပ် ထိမ်းမြားခဲ့ရာ သမီး၂ ဦး ထွန်းကားခဲ့ရာ သမီးကြီး မေရီ ဉာဏ်ဆွမ်းဘွိုင်း၊ သမီးငယ် ဂရေ့စ် ထန်ဟောက်နွမ်ကျိန် တို့ဖြစ်ပါသည်။ သမီးကြီး မေရီ ဉာဏ်ဆွမ်းဘွိုင်း ၂၀၁၉ ခုနှစ်တွင် English Specialization ဘာသာရပ်ဖြင့် Bachelor of Arts ( English )ဘွဲ့ကို အောင်မြင်စွာပြီးစီးပါသည်။ သမီးငယ် ဂရေ့စ် ထန်ဟောက် နွမ်ကျိန်သည် ယခု ၂၀၂၀ ခုနှစ်တွင် ၁၀ တန်းကို အ.ထ.က (၁) တာမွေမြို့နယ်တွင် ပညာသင်ယူနေပါသည်။

ဆရာမဆွဲကိုင်သော ကျမ်းပိုဒ်မှာ (ရှင်မဿဲ ၆: ၃၃) “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှလိုသောအရာကို ထပ်၍ ပေးတော်မူလတံ့။” နှင့် “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်၏ အိမ်သူအိမ်သား ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ” (တမန်တော် ၆:၃၁ ) ဖြစ်ပါ သည်။

ယခုတွင် တိုက် (၈၃၉ )၊(၃) လွှာ ၊ မာန်ပြေ (၂ ) လမ်း ၊ သာကေတ ရန်ကုန်တွင် နေထိုင်ပါသည်။