
သိက္ခာတော်ရဆရာမဉာဏ်ဇွမ်းမာန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာတွင် အဘ Dr. Sian Za Kam နှင့် အမိ Daw Ning Za Ginတို့၏ သားသမီး(၅)ဦးအနက်အကြီးဆုံးသမီးဖြစ်ပါသည်။၁၉၆၉ ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ မူလတန်းပညာကို ချင်းပြည်နယ်၊ တီးတိန်မြို့ ၊ (အမက) တွင် မူလတန်းပညာကို (၁၉၇၆ – ၁၉၈၁) ထိ သင်ယူခဲ့ပြီး အလယ်တန်း ပညာကို (၁၉၈၂ – ၁၉၈၅) ထိ တမူးမြို့တွင် သင်ယူခဲ့ပြီး၊ အထက်တန်းပညာကို (၁၉၈၆ – ၁၉၈၈) ရန်ကုန်မြို့ (SHS Latha No.2) ကျောင်းတွင် ပညာသင်ယူခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် ဒဿမတန်းကိုအောင်မြင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် ယေရှုခရစ်ကို မိမိအသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး သန့်ရှင်းသော ၀ိညာဉ်တော်နှစ်ခြင်းကို ရရှိခဲ့ပါသည်။ ၁၉၈၉ ခုုနှစ်တွင် ရေနှစ်ခြင်း မင်္ဂလာခံယူခဲ့ပါသည်။ (၁၉၉၁ – ၁၉၉၄) ခုနှစ် Faith Baptist Bible College & Seminary တွင် (B.A.B.S)ဘွဲ့ ရရှိခဲ့ပါသည်။
၁၉၉၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ (Y.C.C) တွင် အမှုတော်ဆောင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ် ထိ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ B.A(Hist) ဘာသာဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ၂၀၀၄ – ၂၀၀၅ ခုုနှစ်ထိ Faith Bible Training Centre တွင် ကျမ်းစာကျောင်းတက်ပြီး Diploma ရရှိပါသည်။ ၂၀၀၅ – ၂၀၀၆ ခုနှစ်တွင် Full Gospel Bible Training Centre မှ Diploma ရရှိခဲ့ပါသည်။ ၂၀၁၀ ခုုနှစ်တွင် International School of Ministry မှ Diploma ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် အသင်းတော်၌ အစမ်းခန့် အမှုတော်ဆောင်အဖြစ် ပါဝင်ဆက်ကပ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် အချိန်ပြည့် အမှုတော်ဆောင်အဖြစ် ပါဝင်ဆက်ကပ်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့တွင် လိုင်စင်ရ ဓမ္မအမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ် စက် တင်ဘာလ(၉) ရက်နေ့တွင် သိက္ခာတော်ရ ဆရာအဖြစ် ဓမ္မသိက္ခာတင်ခြင်း ရခဲ့ပါသည်။၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Rev. Zel Sian Kham နှင့် လူရှေ့၊ ဘုရားရှေ့တွင် လက်ထပ်ထိမ်းမြားခဲ့ပါသည်။
စွဲကိုင်သော ကျမ်းပိုဒ်- ရှင်ယောဟန် ၁၀:၁၀
လိပ်စာ-
အမှတ် (၉၂၄)၊ မြတ်လေးလမ်း၊
(၃၈)ရပ်ကွက်၊ မြောက်ဒဂုံ။