
သိက္ခာတော်ရဆရာမ အုတ်စင်းလကို၊ကျိုင်းတုံမြို့၊ဂျိုးဖြူရွာတွင် အဘ ဦးဂါဗေလနှင့်အမိဒေါ်ခင်လှ၏ သားသမီး(၆)ဦးအနက် ပဉ္စမမြောက်သမီးဖြစ်ပါသည်။ မူလတန်းပညာကို အ.လ.က (၅) ကျိုင်းတုံမြို့ သူငယ်တန်းမှဆဌမတန်းအထိတက်ရောက်သင်ယူခဲ့ပြီး၊ အ.ထ.က (၂) ကျိုင်းတုံတွင် ဆဌမတန်းမှအဌမ တန်းပညာကို တက်ရောက်သင်ယူခဲ့ပါသည်။ အ.ထ.က (၁) ဗဟန်းတွင် နဝမတန်းမှ ဒသမတန်းအထိ တက်ရောက်ခဲ့ပါသည်။ ၂၀၀၄ခုနှစ် ဧပြီလ(၁၄) ရက်နေ့တွင်အသင်းတော်မှပြုလုပ်သော လူငယ်သင်တန်းတွင် ယေရှုခရစ်တော်ကိုမိမိအသက်တာ၏ကယ်တင်ရှင်အသက်သခင်အဖြစ်ယုံကြည်လက်ခံခဲ့ပြီးရေနှစ်ခြင်းမင်္ဂလာနှင့်သန့်ရှင်းသောဝိညာဉ်တော်နှစ်ခြင်းကိုရရှိခဲ့သည်။ ၂၀၀၆တွင် အသင်းတော်၏ လူငယ်မှုသာသနာလုပ်ငန်းတွင် စေတနာဝန်ထမ်းအဖြစ်စတင်ပါဝင်လာခဲ့ပြီး၂၀၀၇ခုနှစ်တွင် Full Gospel Bible Training Centre အပတ်စဉ်(၁၁)တွင်တက်ရောက်ပညာသင်ကာDiploma ရရှိခဲ့သည်။၂၀၀၈ခုနှစ်အထိရန်ကုန်တက္ကသိုလ်အဝေးသင်ပညာရပ်တွင်ဒုတိယနှစ်(စီးပွားရေး)၊ ၂၀၁၂-၂၀၁၃ တွင် Rhema Bible Training School(S’pore) မှ Diplomaရရှိခဲ့သည်။
၂၀၀၉ ခုနှစ်မှစတင်ကာ အသင်းတော်တွင်အစမ်းခန့်အမှုတော်ဆောင်အဖြစ်ဆက်ကပ်လာခဲ့ပြီး၊၂၀၀၈-၂၀၀၉နှစ်တွင်လူငယ်သာသနာတွင် (ဘဏ္ဍာရေးမှူး(၂၀၁၀-၂၀၁၁)အထိလူငယ်အတွင်းရေးမှူးအဖြစ်လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ မေလရက်တွင်Young Adult Ministry ကိုစတင်လုပ်ဆောင်ခဲ့ပြီး Seminar,Conference,စသည့် ရက်တိုသင်တန်းများကိုဦးဆောင်ကာတစ်ဦးချင်း Councelling လုပ်ပေးခြင်းဖြင့်လုပ်ငန်းခွင်ရှိ လူငယ်/လူကြီးများကိုအမှုတော်ဆောင်လျက်ရှိပါသည်။ ၂၀၁၃ မေလ ( )ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁ရခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် သိက္ခာတော်ရဆရာမအဖြစ်ဓမ္မသိက္ခာတင်ခဲ့ပါသည်။
လိပ်စာ-
အမှတ် (၃၂) အခန်း (၂၀၁) ရတနာလမ်း၊
စစ်တောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်။