
သိက္ခာတော်ရ ဆရာဦးပေါင်ဆွင်းမုန်သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မောင်ကင် ကျေးရွာမှ အဘ ဦးဟောက်ဇထန်နှင့် အမိ ဒေါ်ကျင်းဂိုးညောင်တို့၏ သားသမီး(၃)ဦးအနက် အငယ်ဆုံး တစ်ဦးတည်းသောသားဖြစ်ပါသည်။ မူလတန်းပညာကို အမက ဘုမ်ဇံရွာ ၌လည်းကောင်း၊ အလယ်တန်းပညာကို အလက ဂမ်းငိုင်၊ တီးတိန်မြို့နယ်နှင့် အလက စိန့်မေရီ ကလေးမြို့၊ စစ်ကိုင်းတိုင်း ၌လည်းကောင်း၊ အထက်တန်းပညာကို အထက(၁)ကလေးမြို့ ၌လည်းကောင်းတက်ရောက်သင်ယူခဲ့ပါသည်။
ဓမ္မပညာကို ၁၉၈၇-၁၉၈၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ Vizag မြို၊ Church On The Rock(COTR) Bible Collage ၌လည်းကောင်း၊ ၁၉၉၂-၁၉၉၃ ခုနှစ်တွင် New Zea-land နိုင်ငံ၊ ChristChurch မြို့၊ International School of Ministry (ISOM) ၌လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ရန်ကုန် FGBTC ကျမ်းစာကျောင်း၌ နိုင်ငံတော် ရုံးသုံးဘာသာ မြန်မာလိုဖြင့် သင်ယူခဲ့ပါသည်။
၁၉၈၂ ခုနှစ်တွင် ယေရှုခရစ်တော်ကို မိမိ၏အသက်သခင်ကယ်တင်ပိုင်ရှင် အဖြစ်ယုံကြည်လက်ခံခဲ့ပြီး၊ ဇူလိုင်လတွင် သန့်ရှင်းသောဝိညာဉ်တော်နှစ်ခြင်းကို ရရှိခဲ့ကာ၊ အောက်တိုဘာလတွင် ရေနှစ်ခြင်းမင်္ဂလာကို ခံခဲ့ပါသည်။ သူ၏မွေးရပ်ရွာ၌ ဧဝံဂလိအသင်းတော် အစပြုတည်ထောင်ရာ၌လည်း ပါဝင်ခွင့် ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် Rev.Go Za Nang နှင့် Rev.Daniel Khen Lung ဦးဆောင်ပြီး ယုံကြည်သူတချို့နှင့် ကလေးမြို့၊ တံတား
ဦး ၌ AGAPE AG အသင်းတော် အစပြုတည်ထောင်ရာ၌လည်း ပါဝင်ဆက်ကပ်ခွင့် ရရှိခဲ့သည်။
၁၉၉၀ ခုနှစ်၊အောက်တိုဘာလတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အဖွား ဒေါ်ညောင်ခေါဝုန် အားဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၊ ၁၉၉၁ ခုနှစ်၊ဇွန်လတွင် Full Gospel Assembly အသင်းတော်သို့ ရောက်ရှိလာပြီး ဘုရားကျောင်းစောင့်နှင် သန့်ရှင်းရေး၌ စပြုအမှုတော်ဆောင် ဆက်ကပ်ခဲ့သည်။
၁၉၉၈ ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့တွင် အသင်းတော်၏အချိန်ပြည့်အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ် ၊စက်တင်ဘာလ(၉)ရက်နေ့တွင် လိုင်စင်ရ အမှုတော်ဆောင် အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့တွင် သိက္ခာတော်ရ အမှုတော်ဆောင် အဖြစ် လည်းကောင်း ဘုရားသခင်ကောင်းကြီးပေး ချီးမြောက်ခဲ့ပါသည်။
ယခုအချိန်တွင် အသင်းတော်၏ ဧဝံဂေလိ၊ နိုင်ငံတကာသာသနာပြုသင်တန်းကျောင်းနှင့်ZangkongAwging တွင် ပါဝင်လုပ်ဆောင်နေပါသည်။၁၉၉၇
ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် ဆရာမ ဒေါ်နန့်အေးအေး (ခ) ဘေဘီတိုး နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ပါသည်။ သမီးကြီး မေရီညာဏ်ဆွမ်းဘွိုင်း၊ သမီးငယ် ဂရေစ့်ထန်ဟောက်နွမ်ကျိန် တို့နှင့်အတူ တိုက်အမှတ် (၈၃၉)၊ ဒုတိယထပ်၊ မာန်ပြေ(၂)လမ်း၊ သာကေတမြို့နယ်တွင် နေထိုက်လျက် ရှိပါသည်။
ဆရာ၏ ဆွဲကိုင်ထားသော ကျမ်းပိုဒ်မှာ – ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။
အမှုရောက်သောအခါ ရဲတိုက်ဖြစ်တော်မူ၏။ ခိုလှုံသောသူတို့ကို သိမှတ်တော်မူ၏။ (Nahum 1:7)