Rev Pau Zel Mang

ဆရာ ပေါင် ဇဲလ်း မန် သည် ချင်းပြည်နယ် တီးတိန်မြို့ ဉ်အဖ ဦး ဂင် ဒိုး လျန် နှင့်အမိဒေါ် ဒွန့် ဆွင်း ကျိန် တို့မှ မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ(၆)
ယောက်ထဲမှအကြီး ဆုံးသား ဖြစ်ပါသည်။၂၀၀၄ခုနှစ်တွင် ဒေါ် ပရီထမ်း နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးနှစ်ယောက်နှင့်သားတစ် ယောက်ထွန်းကားခဲ့ပါသည်။

ထုတ်လိုင်၊ အထက(၁) တွန်း ဇံမြို့ နှင့်အထက (၁) တီးတိန် မြို့တို့၌ အလယ်တန်းပညာနှင့်၊ အထက(၁) ဟားခါးမြို့တွင် အထက်တန်းပညာဆည်းပူးခဲ့သည်။ ၁၉၉၅ မှ ၁၉၉၇ ထိ ကလေးကောလိပ် နှင့် ၁၉၉၉ မှ ၂၀၀၀ ခုနှစ် များတွင်ရန်ကုန် တက္ကသိုလ် တို့တက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် B.Sc (Botany)ဘွဲ့ ရရှိခဲ့ပါသည်။

၁၉၈၇ ခုနှစ်တွင်ယေရှုခရစ်တော်ကို မိမိ အသက်သခင်ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက်ခံခဲ့သည်။

ဘုရားသခင်၏ ခေါ်ခြင်းနှင့်လမ်းပြပို့ဆောင်မှု အားဖြင့် ၁၉၉၈-၉၉ခုနစ်တွင် Full Gospel Bible Training Center တွင် ဓမ္မပညာဆည်းပူးခဲ့ပြီး ၁၉၉၉ ခုနစ်တွင် Diploma ရရှိခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် FULL GOSPEL ASSEMBLY အသင်းတော်အမှုတော် ဆောင် အဖြစ် ခန့်အပ်ခြင်းခံရသည်။

အသင်တော်၏ ဧဝံဂေလိဆရာ၊ Area Pastor၊ worship back-up singer, Wor-ship leader နှင့် ကျမ်းစာကျောင်းဆရာ အဖြစ်သော်၄င်း အသင်းတော်၏ ကဏ္ဍအမျိုးမျိုး တို့တွင် ဆက်ကပ်ပါဝင်ခဲ့သည်။ လက်ရှိ အသင်းတော်၏ Mission Director အဖြစ် အမှုတော်တွင် ပါဝင်လုပ်ဆောင်နေပါ
သည်။