Rev Roija

ဆရာမဟာ ၁၉၉၃၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာပြီး ၁၉၉၈ခုနှစ် မေလ(၁၃)ရက်နေ့တွင် လိုင်စင်ရဓမ္မအမှုတော်ဆောင်၊ ၂၀ဝ၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် သိက္ခာတော်ရအမှုတော်ဆောင်အဖြစ်လာပါသည်။ ၁၉၉၃ ခုနှစ်တွင် လူငယ်ဘဏ္ဍာရေးမှူးနှင့် လူငယ်ဧဝံဂေလိအဖွဲ့ခွဲ တာဝန်ခံ၊ ၁၉၉၅-၉၇ခုနှစ်အထိ အသင်းတော စာရင်းကိုင်(ငွေ)၊ ၁၉၉၈-၉၉ ခုနှစ်အထိ မန္တလေးမြို့ ၊ အသင်းတော်တည်ထောင်ရေး သာသနာ အစပြုရာတွင် တာဝန်ခံသင်းအုပ်၊ ၂၀ဝ၁-၂၀၁၁ခုနှစ် အထိ အသင်းတော်စာရင်းကိုင်(ငွေ)၊ ၂၀ဝ၄-၂၀၁၂ခုနှစ်၊ ဇူလိုင် လထိ ဧဝံဂေလိ/သာသနာ/လူမှုရေး ဘဏ္ဍာရေးမှူး၊ ၂၀၁၀ ဇွန်လ မှ ၂၀၁၂ ဇူလိုင်လထိ သာသနာအတွင်းရေးမှူးအဖြစ်၎င်း ပါဝင်ဆက်ကပ် ခွင့်ရခဲ့ပြီး၊ ၂၀ဝ၄ခုနှစ်မှစ၍ အသင်းတော်အတွင်းရေးမှူး၊ ၂၀ဝ၈ ခုနှစ်မှစ၍ လက်ထောက်သင်းအုပ်အဖြစ်အမှုဆောင်လျှက်ရှိပါသည်။

၂၀ဝ၁ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့တွင် ဦးဂင်ဒိုလျန်+ဒေါ်ဒွန် ဆွမ်ကျိန်တို့၏သားဖြစ်သူ ဦးဇင်ရှင်းမုန် နှင့် အိမ်ထောင်ကျကာ သား (၃)ဦး ထွန်းကားပါသည်။ သားများမှာ မောင်ရှောလမုန်လျန်ရှင်းစံ၊ မောင်ဆမ် မြူယယ်နော်ရှင်းမန်နှင့် မောင်စတီဗင်မန်ရှင်းရှမ်တို့ဖြစ်ကြပြီး၊ တိုက်အမှတ် ၂၅၃၊ အခန်း ၃၀၂၊ ရာဇဓိရာဇ်အိမ်ယာ၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်လျှက်ရှိပါသည်။