Rev. Thuzar

သိက္ခာတော်ရဆရာ မဒေါ်သူဇာ(ခ) L နန်တွမ် ကို အဘ ဦးဇော်လီနှင့် ဒေါ်ဂျာဘန်တို့မှ ၁၉၅၂ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း၊ကောင်းစုံရွာတွင် မွေးဖွားခဲ့ပြီး မောင်နှမ (၁၁) ယောက်တွင် အငယ်ဆုံးဖြစ်ပါသည်။
ဟူတုန်ရွာနှင့် နမ်ခူရွာတွင် မူလတန်းတက်ရောက်ခဲ့ပြီး ကွတ်ခိုင်ရွာတွင် အလယ်တန်းနှင့် လားရှိုးမြို့တွင် အထက်တန်းပညာကို သင်ကြားခဲ့ပါသည်။

၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့၊ Full Gospel Assembly အသင်းတော်ကို ရောက်ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကယ်တင်ခြင်းရရှိခဲ့ပါသည်။ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် Full Gospel Bible Training Center အပတ်စဉ်(၅)တွင် တတ်ရောက်ခဲ့ပြီး Diploma ရရှိခဲ့ပါသည်။

၂၀၀၁-၂၀၀၃ ခုနှစ်အထိ လားရှိုး FGA အသင်းတော်တွင် အမှုတော်ထမ်းဆောင်ခဲ့ပြီး ၁၁.၁၀.၂၀၀၉ ခုနှစ်မှစ၍ ရန်ကုန် FGAအသင်းတော်တွင်အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် သိက္ခာတော်ရ အမှုတော်ဆောင်အဖြစ် ဘုရား
သခင်က ကောင်းကြီပေး ချီးမြှောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် (၁၀)လပိုင်းမှစ၍ ကျီစုဧဝံဂေလိနယ်မြေတွင် တွဲဖက်တာဝန်ခံအဖြစ် ဆက်ကပ် လုပ်ဆောင်နေပါသည်။