Rev. Win Zaw

ဆရာဦးဝင်းဇော်ကတော့ မွေးချင်းမောင်နှမ ( ၄ )ယောက်အနက် ဒုတိယမြောက်သားဖြစ်ပြီး မိဘများကတော့ ဦးမောင်လှိုင် နှင့် ဒေါ်ကျင်ငွေတို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ကျွဲသလင်းကျေးရွာတွင် မွေးဖွားခဲ့ပြီး၊ အခြခံပညာမူလတန်းအဆင့်ကို ကျွဲသလင်းကျေးရွာမူလတန်းကျောင်းမှာပညာသင်ကြားခဲ့ပါတယ်။ မိရိုးဖလာကိုးကွယ်သည့်ဗုဒ္ဓဘာသာ၌ပင်ကြီးပြင်းခဲ့ပြီး အသက်(၂၀) အရွယ်(၂၀၀၀)ခုနှစ် တွင်ပင်လယ်ပြင်ငါးဖမ်းသဘော်၌ တာဝန်ထမ်းဆောင်နေတဲ့အချိန် လုပ်ဘော်ဆောင်ဖက် ခရစ်ယာန် ညီအကိုတစ်ဦးမှ သတင်းကောင်း ဝေငှခြင်းအားဖြင့် ယေရှုခရစ်ကို လက်ခံယုံကြည်၍ ကယ်တင်ခြင်းစိတ်ချမှု ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မိသားစုဝင်များကိုလဲ ဆရာကလက်ဆင့်ကမ်းဝေငှရာမှ မိသားစုအားလုံးပြောင်းလဲလာခဲ့ကြတယ်။

၂၀၀၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့မှာ မိသားစုဝင်များနှင့်အတူ ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ကြတယ်။၂၀၀၇ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့ ပင်လယ်ပြင်ငါးဖမ်းသဘော် ၌ရှိနေစဉ်မှာပဲ အမှုတော်အတွက် ဘုရားသခင်၏ခေါ်ခြင်းကိုရှင်းလင်းစွာခံရတဲ့အခါ အလုပ်မှအနားယူပြီး (၂၀၀၇ -၂၀၀၈)ခုနှစ် တွင် (FGBTC) ကျမ်းစာကျောင်း အပတ်စဉ်(၁၂)တွင်သော်လည်းကောင်း(၂၀၁၃)ခုနှစ် မတ်လ (၅)ရက်နေ့တွင် (Isom) ကျမ်းစာသင်တန်း ကျောင်းတွင် လည်းကောင်း ဓမ္မပညာ ဆည်းပူးအောင်မြင်ခဲ့တယ်။

ထို့နောက်(၂၀၀၉)ခုနှစ်အောက်တိုဘာလ(၁၁)နေ့တွင် ရန်ကုန် (Full Gospel Assembly) အသင်းတော်၌ အချိန်ပြည့်အမှုတော်ဆောင်အဖြစ် စတင်၍ဆက်ကပ်ပါဝင်ခဲ့တယ်။ (၂၀၁၃)ခုနှစ် မတ်လ(၁၀)ရက်နေ့တွင်လိုင်စဉ်ရ ဓမ္မအမှုတော်ဆောင် အဖြစ်သော်လည်းကောင်း(၂၀၁၇)ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင်လက်တင်ရ ဓမ္မအမှုတော်ဆောင်အဖြစ်သော် လည်းကောင်း အပ်နှင်း ခန့်အပ်ခြင်း ခံခဲ့ရသည်။ အမှုတော်လုပ်ငန်း တာဝန်အနေနဲ့ ရန်ကုန် (Full Gospel Assembly)၌ အသင်းတော်လူကြီး (၃)နှစ်သက်တမ်းသော် လည်းကောင်း/အသင်းတော် ဗိမာန်တော်ဆောက်လုပ်ရေး အဖွဲ့ဝင်အဖြစ် သော် လည်းကောင်း အလတ်ချောင်း ဧဝံဂေလိနယ်မြေ သင်းအုပ်ဆရာအဖြစ်သော်လည်းကောင်း ဆက်ကပ်လုပ်ဆောင်လျှက်ရှိပါတယ်။

၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင်ဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ သိက္ခာတော်ရဆရာ မလဲ့လဲ့အောင်နှင့် လက်ထပ်ထိမ်းမြားပြီး သမီး(၂) ဦးရှိပါတယ်။

– စွဲကိုင်သော ကျမ်းချက်/(ဟေရှာယ ၄၈း၁၇-၁၉)
– စွဲကိုင်သော ဆောင်ပုဒ် / ကျွန်ုပ်နှင့်ဘုရားသခင်အမြဲအတူရှိနေခြင်းကြောင့် အရာရာကို အောင်မြင်နိုင်သည်။

လိပ်စာမှာ –
အမှတ်(၁၈၇) အလယ်ရွာလမ်း/အလတ်ချောင်းကျေးရွာ၊
တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း( ၀၉၄၂၁၇၄၅၁၁၂ )