Sai Aih Sai

ဆရာအိုက်စိုင်းကတော့ အသင်းတော်ရဲ့ ဧဝံဂေလိပိုင်းမှာ စွမ်းစွမ်းတမံ၊ နေပူမိုးရွာမရွေး ဧဝံဂေလိအတွက်ဆက်ကပ်နေတဲ့ ဆရာမကြူကြူမာရဲ့ ခင်ပွန်းသည်ဖြစ်သည့်အပြင် ဆရာကလဲ ဧဝံဂေလိအတွက် စိတ်အားထက်သန်နေသူလဲဖြစ်ပါတယ်။ ဆရာက ရှမ်း/တရုတ်ကပြားဖြစ်ပြီး အသင်းတော်ရဲ့ ဝေရာဝစ္စအဝဝမှာလဲ အားကိုးရသူ၊ အထူးသဖြင့် USher မှာဆို တက်တက်ကြွကြွ ဆောင်ရွက်နေသူလဲဖြစ်ပါတယ်။ ဆရာ့အားဖြင့် အသင်းတော် ကောင်းကြီးအရမ်းရပါတယ်။