ဘာကြောင့်ဧဝံဂေလိဟောရမလဲ

Written by Super User. Posted in Pastor Mung Preaching Article

 "သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြား လော့။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်း သို့ရောက်လတ္တံ့။ မယုံကြည်သောသူကား အပြစ်စီရင်ခြင်းကို ခံရ လတ္တံ့။ (မာကု ၁၆း၁၅-၁၆)

ခရစ်တော် ကောင်းကင်ဘုံသို့ ပြန်မကြွခင် ယုံကြည်သူများ ကို ဘာမှားသွားသလဲဆိုတော့ ဧဝံဂေလိ တရားဟောပြောဖို့မှာသွားပါတယ်။ ဒါဟာ ယေရှုခရစ်ရဲ့ မိန့်မူချက်ဖြစ်တယ်။ မေတ္တာရပ်ခံတာ မဟုတ်ဘူး။ ဟောချင်တဲ့ အချိန်ဟောမယ်၊ အဆင်မပြေရင်မဟောနဲ့ ဆိုတာမျိုး မဟုတ်ဘူး။ တစ်ခါတုန်းက သားအဖနှစ်ယောက်  ဘူတာရုံ၊ ကားဂိတ် စတဲ့ နေရာတွေမှာ ဧဝံဂေလိဝေစာတွေကို သွားဝေကြတယ်။ ဒီလို ဝေသွားရင်း မိုးကအုံ့လာတယ်။ လေက တိုက်လာတယ်။ ဒီတော့ ဖခင်ကသားကို မိုးရွာတော့မယ်ဆိုတော့ အိမ်မှာပဲ ကွေးလိုက်ကြရ အောင်လို့ ပြောတယ်။ သားငယ်က ဘာပြန်ပြောသလဲဆိုတော့ ဒါဆို အဖေမိုးရွာတဲ့နေ့မှာ ယေရှုက လောကီသားများပေါ်ထားတဲ့ မေတ္တာ ပျက်ပြယ်သွားလို့လားလို့ မေးလိုက်တယ်။

ယနေ့ ကမ္ဘာပေါ်ရှိ လူသားတွေဟာ တစ်စက္ကန့်မှာ (၃)ယောက်နှုန်း သေနေတာဖြစ်တယ်။ ဒီလိုသေသွားတဲ့ အထဲမှာ ဘယ်နှစ်ယောက်က ကယ်တင်ခြင်း စိတ်ချမှုရရှိမလဲ။ မိုးရွာရင်လည်းသေနှုန်းက ရပ်နေတာ မဟုတ်ဘူး။
    
လူတစ်ယောက် ကယ်တင်ခြင်းရဖို့အတွက် ယေရှုခရစ်ကို ယုံကြည်ဖို့လိုပါတယ်။ ဒီလို ယုံကြည်ဖို့အတွက် ကြားနာဖို့လိုတယ်။ ဟောပြောတဲ့ လူမရှိရင် ဘယ်လိုကြားနိုင်မလဲ။ မကြားရင် ဘယ်လို ယုံကြည်နိုင်မလဲ။ ဒါကြောင့် ဒီနေ့ ယုံကြည်သူတိုင်းက ပါးစပ်ဖွင့်ပြီး ဟောပြောရမှာ ဖြစ်တယ်။ မဟောမပြောဘဲနေရင် ခရစ်တော်ရဲ့ မဟာမိန့်မှာချက်ကနေ လမ်းလွဲသွေဖည်နေပြီဆိုတာ အသိပေးချင် ပါတယ်။ တစ်ချို့က ဟောပြောတာထက် ပုံသက်သေကောင်းပြတာ ပိုကောင်းတယ်ဆိုပြီး ယူဆတဲ့သူလည်းရှိတယ်။ တစ်သက်လုံး ပုံသက်သေကောင်းပြပြီး မဟောပြောဘူးဆိုရင် လူတွေ ကယ်တင်ခြင်းအကြောင်းကို ဘယ်လိုကြား နိုင်သလဲ။ ရိုးသားတယ်။ ပုံသက်သေကောင်းပြတယ်လို့ အပြောခံရတာ ကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးက လူတွေ သတင်းကောင်းကို ကြားဖို့ဖြစ်ပါတယ်။ ယေရှုကို နှလုံးသားထဲမှာ ခေါ်ဖိတ်ကြိုဆိုဖို့ လိုတာဖြစ်တယ်။

(၁၂)နှစ်လုံးလုံး သွေးသွန်တဲ့ အမျိုးသမီးက သေမည့် ရက်ကိုပဲ စောင့်မျှော်နေတဲ့အချိန်မှာ ယေရှုရဲ့သတင်းကို ကြားလိုက် ရတယ်။ ကြားလိုက်တော့ ချက်ချင်း ယုံကြည်ခြင်း ဝင်လာတယ်။ ယုံကြည်တော့ အနာရောဂါ ပျောက်ကင်းသွားတာ ဖြစ်တယ်။ သူရဲ့ ယုံကြည်ခြင်းက ဘယ်ကနေစသလဲဆိုတော့ ကြားနာခြင်းကနေ စလာတာဖြစ်တယ်။ ဒီနေ့လူတွေ ငရဲမရောက်အောင် ကယ်တင်နိုင်တဲ့ သူက ခရစ်တော်ပဲဖြစ်တယ်။ လူတွေကို ချစ်ပြီး လက်ဝါးကပ်တိုင်ပေါ်မှာ အပြစ်ရဲ့ ဒဏ်ကို ခံပေးသွားတဲ့ ခရစ်တော်ကို သူတို့အသက်တာမှာ ကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ် လက်ခံမှသာလျှင် ငရဲက လွတ်မှာဖြစ်တယ်။ လူတွေ ခရစ်တော်အကြောင်းကို ကြားနိုင်ဖို့ ယုံကြည်သူ တစ်ဦးစီတိုင်းရဲ့ တာဝန်ဖြစ်တယ်။
    
ဒါကြောင့် ယေရှုရဲ့ ကယ်တင်ခြင်း သတင်းကောင်းကို ဟောပြောရအောင်။ ဒါဟာ ခရစ်တော်ရဲ့ မိန့်မှာချက်ကို လိုက်နာ ခြင်းဖြစ်သလို ဒီလိုဟောပြောရခြင်းဖြင့် လူတွေက သတင်းကောင်း ကို ကြားပြီး ယုံကြည်လာမှာ ဖြစ်တယ်။ မယုံကြည်ရင် ကယ်တင်ခြင်း မရဘူး။ ယုံကြည်စေချင်ရင် ကြားဖြစ်အောင် ဟောကိုဟောရမှာ ဖြစ်တယ်။ ခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်မှာ တန်ခိုးရှိတယ်။ အခြေအနေအရပ်ရပ်ကို ပြောင်းလဲစေနိုင်တယ်။ မျှော်လင့်ချက်ကုန် နေတဲ့ သူတွေကို ရှင်သန်စေတဲ့ မဟာဧဝံဂေလိတရား ဖြစ်တဲ့ အတွက် ဟောပြောဖို့ အရေးကြီးတာဖြစ်ပါတယ်။

(၂၀၀၆-ခုနှစ်၊ မတ်လ ၁၉ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm