Chronology Events of the Church

Full Gospel Assembly အသင်းတော်ကို ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်တွင် ဒေါ်ဇမ်း ကျိန်နေအိမ်၊ အမှတ် (၃၀၃)၊ ရှေ့သို့လမ်း၊ (၁၂)ရပ်ကွက်၊ ရန်ကင်း၌ လူ(၅)ဦးဖြင့် အစပြုခဲ့ပါသည်။ ထိုအိမ်ကို အိမ်ရှင်သည် အခမဲ့အသုံးပြုခွင့်ပေးခဲ့ပါသည်။ အစပြုချိန်တွင် အခက်အခဲများစွာ၊ အတိုက်အခိုက်များစွာ ရင် ဆိုင်ခဲ့ရပါသည်။ ထိုမှတဆင့် ဘုရားသခင်၏ ပို့ဆောင်ပေးခြင်းကြောင်း ၁၉၈၉ခုနှစ်၊ စက်တင်ဘာလ(၄)ရက်မှ ၁၉၉၀ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့ထိ အမှတ်(၆၃၄/၆၃၆)ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း၊ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ(၁၃)ရက်မှ ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့ထိ အမှတ်(၅၆)၊ ရွှေဘုံသာလမ်း၊ ပန်းပဲ တန်းမြို့နယ်တွင်၎င်း၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ ယခုထိ အမှတ်(၆၃၈/၆၄၄)၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင်၎င်း အသီးသီးပြောင်းရွေ့ဝတ်ပြုကိုးကွယ်ကြသည်။

လက်ရှိ ၂၀၂၀ ခုနှစ်ကတော့ အားလုံးသိတဲ့အတိုင်းပဲ Covid 19 အခြေအနေအကြောင့် နိုင်ငံတော်၏သတ်မှတ်ထားတဲ့ လူစုလူဝေးမဖြစ်ရေးစီမံချက်နှင့်အတူ နိုင်ငံတော်မှထုတ်ပြန်ထားသော ဉပဒေကိုလိုက်နာလျက် ၂၀၂၀ခုနှစ် မတ်လကုန်မှစပြီး အသင်းတော်၏ ဝတ်ပြုမှုအစီအစဉ်များကို ယာယီပိတ်ထားပါသည်။ ယင်းယာယီအချိန်ကာဝတ်ပြုခြင်းအစီအစဉ်များအတွက် အသင်းတော်၏ Facebook Page ဖြစ်သော FGA Myanmar နှင့် အသင်းတော်၏ Official Youtube Channel ဖြစ်သော FGA Yangon မှ Live ထုတ်လွှင့်ပေးနေပါသည်။

၂၀၁၇ခုနှစ်၊ဇန်နဝါရီလတွင် အသင်းတော်၏မြေစိုက်ဗိမာန်အတွင် (၄)ဧကဝန်းကျင် ကျယ်ဝန်းသောမြေကွက်ကို ဝယ်ယူရန် စရံပေးနိုင်ခဲ့သည်။

၂၀၁၇ခုနှစ်အထိ၊ အသင်းတော်၏ နှစ်ပေါင်း(၃၀)အတွင်း အမှုတော် ဆောင်လိုင်စင်ပေးခဲ့ သူပေါင်း(၁၃၅)ဦးရှိပြီး ၊ ဒမ္မသိက္ခာတင်မင်္ဂလာပေးခဲ့ သူပေါင်း(၄၄)ဦး ရှိပါသည်။

နှစ်(၃၀)ပြည့် အသင်းတော်မဂ္ဂဇင်းကိုလဲ ထုတ်ဝေခဲ့ပါသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်(တနင်္လာနေ့)တွင် သင်းအုပ်ဆရာကြီး၏အသက်(၅၀)ပြည့် ရွှေရတုမွေးနေ့ ပွဲတော်ကို လပြည့်ဝန်းပလာဇာ၊ အလံပြ ဘုရားလမ်း၊ ဒဂုံမြိ့နယ်၊ ရန်ကုန်မြှို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၂၀၁၂ခုနှစ်တွင် အသင်းတော်(၂၅)နှစ်ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ် ဝေခဲ့သည်။

၂၀၁၀ခုနှစ်တွင် အသင်းတော်(၂၀)နှစ်ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ် ဝေခဲ့သည်။

၂၀ဝ၉ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ယခုလက်ရှိအသုံးပြုနေသော အမှတ်(၆၄၄)၊ (၆၃၈/၆၅၀)၊ အပေါ်ဆုံးထပ်၊ လက်ယာဘက်ခန်းကို ဝယ်ယူနိုင်ခဲ့ပါ သည်။

၂၀ဝ၇ခုနှစ်တွင် အသင်းတော်နှစ်(၂၀)ပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

၂၀ဝ၆ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်(တနင်္လာနေ့)တွင် သင်းအုပ်ဆရာ ကြီး၏အသက်(၅၀)ပြည့် ရွှေရတုမွေးနေ့ပွဲတော်ကို လပြည့်ဝန်းပလာဇာ၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြှို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလ လဆန်းအချိန်တွင် အသင်းတော်ယခု လက်ရှိနေရာ၌ ဆက်လက်ဝတ်ပြုကိုးကွယ်ရန် တားဆီးပိတ်ပင်မှုများကြုံ တွေ့ခဲ့ရသည်။
သို့ပါသော်လည်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယနေ့တိုင်အောင် ချီးမွမ်းရသောအခွင့်၊ ဝတ်ပြုရသောအခွင့်ကို ဘုရားသခင်ပို့ ဆောင်ပေးခဲ့သည်။

၂၀ဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစတင်၍ ၉/၁၁၊ (၃၆)လမ်း၊ (၃) ရပ်ကွက်၊ ကျောက်တံတားမြို့နယ်ရှိ၊ မြန်မာနိုင်ငံနှစ် ခြင်းအသင်းချုပ်မှဆောက် လုပ်သောအဆောက်အဦးမှ ပဉ္စမလွှာ၊ ဆဌမလွှာ၊ သတ္တမလွှာ(၃)လွှာကို ဝယ်ယူနိုင်ရန် စရံပေးခဲ့ပြီး အရစ်ကျငွေပေးချေမှုဖြင့် ၂၀ဝ၅ ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့တွင် အပြီးသတ်
ဝယ်ယူနိုင်ခဲ့ပါသည်။

၂၀ဝ၃ ခုနှစ်တွင်မှ ချီးမွမ်းကိုးကွယ်ခြင်းတွင် မရှိမဖြစ် အရေးပါသော တေးဂီတကဏ္ဍကို တရားဝင်ဖွဲ့စည်းခဲ့သည်။

Elshaddai Orphanage

၂၀ဝ၁ ခုနှစ်၊ မေလ (၂၁)ရက်တွင် ကလေးဂေဟာကို မှော်ဘီ၊ လိပ္ပုလ်ကျေးရွာအုပ်စု၌ ကလေး(၁၇)ယောက်နှင့်အစပြုခဲ့ပါသည်။

၁၉၉၇ ခုနှစ်တွင် အသင်းတော်(၁၀)နှစ်ပြည့်အထိမ်းအမှတ်မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

၁၉၉၆ ခုနှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် သင်းအုပ်ဆရာကြီးသိက္ခာတော်ရဆရာဒမ်ဆွင်းမုန်နှင့်ဆွီဒင်နိုင်ငံသားဆရာHakan Gabrilson တို့ ၏ဦးဆောင်မှုဖြင့်Full Gospel Bilble Traing Centerကိုစတင်ဖွင့် လှစ်ခဲ့ပါ သည်။

၁၉၉၅ခုနှစ်၊ဒီဇင်ဘာလတွင် ပထမဆုံးချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်း ဓမ္မတေး ခွေ(ကက်ဆက်ခွေ)Full Gospel Music အမှတ်တံ ဆိပ်ဖြင့်
ဆရာငင့်ခန့်ထောင်း(လူငယ်ဥက္ကဌတာဝန်ယူချိန်) မှ ဦးဆောင်ကာ ထုတ် ဝေနိုင်ခဲ့ပါသည်။

၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ယခုလက်ရှိနေရာ အမှတ် ၆၃၈/၆၄၄ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်တွင် အသင်းတော်ကို ပြောင်း ရွေ့ခဲ့သည်

၁၉၉၂ခုနှစ် အသင်းတော်သက်တမ်း(၅)နှစ်ပြည့်ခဲ့သောနှစ်မှစ၍ အသင်း တော်တွင် နှစ်ပတ်လည် အစီရင်ခံစာစာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပြီး အသင်း သူ/အသင်းသား မိသားစုများအား ပေးဝေခဲ့သည်။

၁၉၉၁ခုနှစ်၊ ဇန်နဝါ ရီလ(၁)ရက်နေ့တွင် အမျိုးသမီးကဏ္ဍကို စတင်ခဲ့သည်။

၁၉၉၀ ခုနှစ် ၊ ဒီဇင်ဘာလ (၁၃)ရက်တွင် အမှတ် ၅၆၊ ရွှေဘုံသာလမ်း၊ ပန်းပဲ တန်းမြို့နယ်တွင် အသင်းတော်ကို ပြောင်းရွေ့ ခြင်းသည်။

  • ၁၉၈၈ခုနှစ်တွင် ကလေးသာသနာလုပ်ငန်းChildren Ministry)ကို ဆရာမဝုန်ဇညောင်းဦးဆောင်မှုဖြင့် စတင်နိုင်ခဲ့သည်။
  • ၁၉၈၉ခုနှစ်၌ ပထမဆုံးသာသနာကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စတင်ခဲ့သည်။
  • ၁၉၈၉ ခုနှစ် စက်တင်ဘာလ(၄)ရက်တွင် အမှတ် ၆၃၄/၆၃၆၊ ကုန်သည် လမ်း၊ ပန်းပဲတန်းမြို့နယ်တွင် အသင်းတော်ကိုပြောင်းရွေ့သည်။
  • ၁၉၉၀ ခုနှစ်၊ မေလတွင် ဆရာခမ်ခန့်ခိုင် ဦးဆောင်မှုဖြင့် ရန်ကုန်အောဂင် (Zangkong Awging) စာပေလုပ်ငန်းကို အစပြုခဲ့သည်။
  • ၁၉၈၇ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်တွင်Full Gospel Assembly အသင်းတော်ကို
    ဒေါ်ဇမ်းကျိန်နေအိမ်၊ အမှတ်(၃၀၃)၊ ရှေ့သို့လမ်း၊ (၁၂) ရပ်ကွက်၊ ရန်ကင်းတွင်
    မေတ္တာဖြင့် အခမဲ့အသုံးပြုခွင့်ဖြင့် စတင်ခဲ့သည်။
  • ၁၉၈၇ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့ အသင်းတော်စတင်တည်ထောင် သည့်နေ့တွင်ပင်
    ခရစ်တော်၏သံတမန် လူငယ်အဖွဲ့ကို အသင်းတော်၌ စတင် ဖွဲ့စည်းခဲ့သည်။