Kyu Kyu Mar

Written by Super User. Posted in Our Ministers

ကျွန်မတို့ မိသားစု မောင်နှမ (၅)ယောက် ရှိပါတယ်။ အမေ မုဆိုးမနဲ့ နေပြီး ယခင်က ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့ပါတယ်။ ကျွန်မတို့ ရွာမှာ ကချင် မိသားစု တစ်စု ရောက်လာပြီး ခရစ်စမတ်ပွဲ လုပ်ပါတယ်။ ခရစ်စမတ် ပွဲနေ့မှာ သခင်ယေရှုရဲ့ ကယ်တင်ခြင်း သတင်းစကား ကြားရပြီး ယေရှုကို ကျွန်မရဲ့ အသက်သခင် ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက်ခံ ခဲ့ပါတယ်။ မိသားစုထဲမှာ ကျွန်မ ပထမဦးဆုံး ပြောင်းလဲတာဖြစ်လို့ ပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ မိသားစုများက ကျွန်မကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်။ ဒါနဲ့ တပည့်တော်ဖြစ် သင်တန်းကို (၃)နှစ် တက်ခဲ့ပါတယ်။ သင်တန်းတက်ပြီးနောက် FGA ကို ရောက်လာခဲ့ပါတယ်။

ပြီးတော့ ၂၀၀၂ ခုနှစ်တွင် FGBTC ကျမ်းစာကျောင်း (၁ရ) ကြိမ်မြောက်မှာ တက်ခဲ့ပါတယ်။ ကျမ်းစာကျောင်း တက်ပြီးနောက် ၂၀၀၃-၂၀၀၄ ခုနှစ်မှာ နယ်လှည့် ဧ၀ံဂေလိ နောက်လိုက်အဖြစ် ဆက်ကပ်ခဲပါတယ်။ ၂၀၀၄-၂၀၀၅ တွင် နယ်လှည့် ဧ၀ံဂေလိ အဖွဲ့မှာ ခေါင်းဆောင်အဖြစ် ပြန်ဆက်ကပ်ပြီးနောက် ၂၀၀၆ မှာ FGSM ဒုတိယနှစ် ကျမ်းစာကျောင်းကို ပြန်တက်ခဲ့ပါတယ်။ ပြီးမှ ၂၇.၅.၂၀၀၇ ခုနှစ်တွင် ဒီအသင်းတော်မှာ အစမ်းခန့် အမှုတော်ဆောင် အဖြစ် ပါဝင်ဆက်ကပ် ခဲ့ပါတယ်။ ၁၁.၅.၂၀၀၈ ခုနှစ်မှာ အချိန်ပြည့် အမှုတော်ဆောင် အဖြစ် ဆက်ကပ်ခြင်း ခံခဲ့ပါတယ်။
အသင်းတော်မှာ ကျွန်မအဓိက ထမ်းဆောင်ရတဲ့ တာဝန်ကတော့ ဧ၀ံဂေလိ လုပ်ငန်းမှာ ဖြစ်ပါတယ်။ အသင်းတော်၏ ဧ၀ံဂေလိ နယ်မြေဖြစ်သော ဆိပ်ကြီးနယ်မြေမှာ တာဝန်ခံအဖြစ် ပါဝင်ဆက်ကပ်နေပါတယ်။ မအူပင်မှာလည်း နယ်မြေတာဝန်ခံ အဖြစ်ဆက်ကပ်ပါတယ်။ အမှုတော်မြတ်ထဲမှာ ပါဝင်တဲ့ အခါမှာ အခက်အခဲတော့ အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဗမာလူမျိုးတွေထဲမှာ ဧ၀ံဂေလိ ထိုးဖောက်တဲ့အခါ မလွယ်ဘူး၊ အရမ်း ဆုတောင်းရတယ်။ ဘုရားကို ချစ်ပြီး သစ္စာရှိဖို့၊ အရာရာမှာ ဘုရားကို အားကိုးတတ်ဖို့၊ သွန်သင် ရပါတယ်။ ပြောင်းလဲခါစ လူတွေ သွန်ရတာ မလွယ်ပါဘူး။ ဒါကြောင့်မို့ သာမန်အမှုတော်ဆောင် မဟုတ်ဘဲ ဘုရားရှင် အထူးဘိတ်သိပ် အသုံးပြုသော အမှုတော်ဆောင် ဖြစ်ဖို့ရန်နှင့် ပျောက်ဆုံးဝိညာဉ် များစွာ ဖမ်းဆီးနိုင်သော သူဖြစ်ဖို့ ဆုတောင်းခံချက်တင်ချင်ပါတယ်။ မိသားစုထဲမှာ အမေ၊ အစ်မ၊မောင်လေး၊ ညီမလေးတွေ အားလုံး ပြောင်လဲလာပြီ၊ သူတို့ရဲ့ ၀ိညာဉ်ရေး၊ ကျန်းမာရေး၊ အဘက်ဘက်မှာ ဘုရားကောင်းကြီး ပေးဖို့ အထူးဆုတောင်း ပေးကြပါ။
အသင်းသူ/သားများကို ပြောချင်တဲ့ စကားကတော့ စစ်မှန်သော ပြောင်းလဲခြင်းရှိပြီး အရာရာမှာ ဘုရားကို အားကိုး၊ ကိုးကွယ်သော သူများဖြစ်ဖို့ ခွန်အားပေးချင်ပါတယ်။

ဆရာမ ကျူကျူမာ

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm