Zam Suan Huai (Syama Suanpi)

Written by Super User. Posted in Our Ministers

ကျွန်မ ဒီအသင်းတော်မှာ Sunday School ကလေးဘ၀ ကတည်းက ပါဝင်ခဲ့ပါတယ်။ Sunday School တက်ခြင်းဖြင့် အသင်းတော်နဲ့တော့ ရင်းနှီးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဆွဲခေါ်မှုအားဖြင့် မထင်မှတ်ဘဲ FGBTC ကျောင်းတော်မှာ တက်ခွင့် ရခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မရဲ့ အသက်တာကို ပုံသွင်း ပြုပြင်ပေးခဲ့တယ်၊ သွန်သင်ပေးခဲ့တယ်၊ တည်ဆောက်ပေး ခဲ့ခြင်းအားဖြင့် အရင် အသက်တာတွေထက် ကိုယ့်ကိုကိုယ် ပြုပြင်ချင်လာတယ်။ လောက အရာတွေထက် ဘုရားအတွက် အသက်ရှင် ချင်လာတယ်။ ဘုရားအတွက် ပေးဆပ်ချင်လာတယ်။

ဘုရားရဲ့ မေတ္တာတော်အားဖြင့် ဘုရားချစ်တဲ့ ပျောက်ဆုံးဝိညာဉ်တွေကို တဖြေးဖြေး ချစ်တတ်လာတယ်။ ၀န်တာ ထားတတ်လာတယ်။ ဘုရားကို ချီးမွမ်းပြီး ဘုရားမျက်မှောက်တော်ကို ပိုမို ဆာငတ် လာတတ်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော် အတွက်ပဲ အသက်ရှင် ချင်လာခဲ့တယ်။ ကျောင်းပြီးသွားတဲ့နောက်မှာ ဘုရားကျေးဇူးတော် သက်သက်ကြောင့် ခုနှစ်တွင် အစမ်းခန့် အမှုတော်ဆောင် အနေနဲ့ စတင်ပါဝင်ခဲ့ပြီး ခုနှစ်မှာ အချိန်ပြည့် အနေနဲ့ ပါဝင်နေပါတယ်။
အခုကျွန်မ တာဝန်ယူ လုပ်ဆောင်ရတဲ့ အပိုင်းကတော့ အသင်းတော်ရဲ့ ဧ၀ံဂေလိ နယ်မြေတစ်ခု ဖြစ်သော တောင်ဒဂုံ ၇၀/၇၁ မှာ တွဲဖက်တာဝန်ခံ အဖြစ် ပါဝင်နေပါတယ်။ ကလေးသာသနာတွင်လည်း တာဝန်ယူ ထမ်းဆောင် နေပါတယ်။
လုပ်ငန်းရဲ့ အခက်အခဲ ဆိုတော့ မည်သည့် လုပ်ငန်း၊ မည်သည့် နေရာတွင်မဆို အခက်ခဲတော့ ရှိတာပေါ့နော်။ အမှုတော်ဆောင်တဲ့အခါ လူအများရှေ့မှာ လုပ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် တခြား လုပ်ငန်းတွေထက် ပိုမိုခက်ခဲတယ်လို့ ကျွန်မအတွက်တော့ ထင်မိပါတယ်။ အမှုတော်ဆောင်လည်း လူပဲလေ၊ ဘုရားလဲမဟုတ်၊ ကောင်းကင်တမန်လည်း မဟုတ်တဲ့အတွက် တခါတလေ မိမိစိတ်ကြိုက် ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ အသက်ရှင်ချင်မိတဲ့ အချိန်လေးတွေ ရှိတတ်တယ်။ ဒီအချိန်လေးကို ဖြတ်သန်းဖို့ ဆိုတာ တော်တော် ခံရခက်ပြီး ခက်ခဲတယ်လို့ ထင်တယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကပဲ ထိန်းကျောင်းပေးတယ်၊ ပြန်လည် တည့်မတ်ပေးတယ်၊ သွန်သင်ပေးတယ်၊ ၀ိညာဉ်တော်ဘုရားက အနိုင်အထက် သွေးဆောင်ပေးခြင်းဖြင့် ဒီနေ့ထိ ဘုရားရဲ့ အမှုတော်ထဲမှာ ပါဝင်နိုင်ရခြင်း ဖြစ်ပါတယ်။
အသင်းသူ/သားတွေကို ခွန်အား ပေးချင်တာကတော့ တခါတလေမှာ မိမိဘ၀၊ မိသားစုမှာ မတူညီတဲ့ ဒုက္ခ အခက်အခဲ ပြဿနာလေးတွေ ဘယ်သူမဆို ဘယ်မိသားစုမဆို ရှိတတ်ပါတယ်။ ကျွန်မဘ၀မှာလည်း ရှိပါတယ်။ တခါတလေ ငါနဲ့ ငါ့မိသားစုမှာ ဘုရားသခင် မရှိတော့ဘူးလားလို့ ထင်တဲ့အချိန်တွေ အများကြီး ရှိမှာပါ။ တခါတလေ ခရစ်ယာန် (ယုံကြည်သူ)တွေဖြစ်ပြီး မယုံကြည်သောသူတွေထက် မိမိနှင့် မိမိ မိသားစုက ပိုမို ခက်ခဲတယ်လို့ ခံစားတတ်ကြတယ်၊ မှန်လည်း မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မ ခွန်အားပေးချင်တယ်၊ ကျွန်မတို့ ကိုးကွယ်တဲ့ ဘုရားဟာ အသက်ရှင်တဲ့ ဘုရားဖြစ်တယ်။ အသက်ရှင်တဲ့ ဘုရားကို သိသောသူတွေ ဖြစ်တယ်။ အသက်ရှင်ခြင်းနဲ့ သေခြင်းတရားကို ကောင်းကောင်း နားလည်သော သူတွေဖြစ်တယ် ဆိုတာကို မမေ့ထားဖို့ လိုအပ်တယ်။ ဘယ်လို ပြဿနာကြီး ၊အခက်အခဲကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါစေ၊ ယောရှု ၁း၅ ကို ခွန်အားယူရအောင်။ မောရှေနဲ့ အတူရှိသော ဘုရား၊ မောရှေကိုးကွယ်သော ဘုရားဟာ ကျွန်မတို့ ကိုးကွယ်သောဘုရားနဲ့ အတူတူပဲ ဖြစ်တယ်။ မောရှေနဲ့ အတူပါရှိသကဲ့သို့ သင်နှင့် သင့်မိသားစုနဲ့ အတူပါရှိတယ်။ ငါသည် သင့်ကို မစွန့်လို့ ပြောထားတဲ့ ဘုရားဖြစ်တယ်။ မိတ်ဆွေ ဘယ်လို အခြေအနေ ရှိပါစေ။ သင်နဲ့ သင့်မိသားစုကို ဘယ်တော့မှ မစွန့်ဘူး၊ ပစ်မထားဘူး၊ ချန်မထားဘူး၊ မိတ်ဆွေနဲ့ ကျွန်ုပ်နဲ့ အစဉ်အမြဲ အတူပါရှိသော ဧမာနွေလ ဘုရားဖြစ်တယ် ဆိုတာကို ခွန်အားပေးချင်ပါတယ်။

ဆရာမ ဇမ်းဆွမ်းဟွဲ ( Sm Suan pi)

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm