Pau Kim Saang (Sya Pa Saang)

Written by Super User. Posted in Our Ministers

ကျွန်တော် ၂၀၀၁ ခုနှစ်က ဒီအသင်းတော်ကို တစ်ခေါက် ရောက်ခဲ့ဖူးပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် FGBTC ကျောင်းတက်ရန် ထပ်မံ ရောက်ရှိလာခဲ့ပါတယ်။ ကျမ်းစာကျောင်း တက်ပြီးနောက် အသင်းတော်၏ ဧ၀ံဂေလိ လုပ်ငန်းတွင် ပါဝင်ပါတယ်။ ထို့နောက် အသင်းတော်၏ အမှုတော်ဆောင် အဖြစ် ခေါ်ခြင်းဖြင့် ဒီအသင်းတော်မှာ အမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မေလတွင် အချိန်ပြည့် အမှုတော်ဆောင် အဖြစ် ပါဝင် ဆက်ကပ်ခဲ့ပါတယ်။

ယခု ကျွန်တော် အဓိက ဧ၀ံဂေလိ လုပ်ငန်းမှာ ပါဝင်ပါတယ်။ အသင်းတော်ရဲ့ ဧ၀ံဂေလိ နယ်မြေတစ်ခုဖြစ်သော တောင်ဒဂုံ ၇၀/၇၁ မှာ ဧ၀ံဂေလိ ခေါင်းဆောင်နဲ့ နယ်မြေတာဝန်ခံ အဖြစ်၎င်း၊ ဒဂုံမြို့နယ် (ယောမင်းကြီး ရပ်ကွက်) တွင် နယ်မြေ တာဝန်ခံ အဖြစ်၎င်း ပါဝင် ဆက်ကပ်နေပါတယ်။ ပြီးတော့ အသင်းတော်၏ ဧ၀ံဂေလိ အတွင်းရေးမှူး အဖြစ်လည်း တာဝန် ထမ်းဆောင်နေပါတယ်။
အမှုတော်မြတ်ထဲမှာ ပါဝင်တဲ့အခါ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်ခြင်းအပါ် အားကိုးတဲ့အခါ ထင်သလို မဖြစ်လာသောကြောင့် ခက်ခဲတယ်လို့ ခံစားရပါတယ်။ သို့သော် အမှုတော်ဆောင်ခြင်းသည် ဘုရားကပဲ သူ့အလုပ် သူလုပ်သည်ဟု ဘုရားကို အားကိုးခြင်းဖြင့် လုပ်ဆောင်လာသည့်အခါ ပျော်စရာ ကောင်းလာပါတယ်။
ကျွန်တော် အသင်းသူ/သားများကို အနည်းငယ် ခွန်အားပေးချင်ပါတယ်။ ဘုရားကို ယုံကြည်ခြင်းသည် ဘုရားသခင် အလိုတော်ရှိသည့် အတိုင်း မှန်ကန်သော လမ်းပေါ် လျှောက်တတ်လျှင် လွယ်လွယ်လေးဖြစ်၍ လမ်းမှန်ပေါ် မလျှောက်တတ်လျှင် ခက်ခဲပါတယ်။ ထို့ကြောင့် မှန်ကန်သော လမ်းကို သိနိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်ကို အားကိုး၍ သမ္မာကျမ်းစာ များများဖတ်ခြင်း၊ ဆုများများ တောင်းခြင်းဖြင့် အသက်ရှင်ရမည်။ လောကအရာနဲ့ သွားလျှင် တခါတရံ ပျော်စရာကောင်းပေမဲ့ အဆုံးမှာ ၀မ်းနည်းစရာ များပင်ဖြစ်သည်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သွားလျှင် တခါတလေ ခက်ခဲမှု ရှိသော်လည်း အဲဒီ ခက်ခဲခြင်းထဲမှာ ဘုရား၌ ဆက်ကပ်နိုင်လျှင် ငြိမ်သက်ခြင်းရှိ၍ အဆုံး၌ အောင်မြင်ခြင်းနှင့် ပျော်စရာ ကောင်းကြီးများက စောင့်ကြိုနေပါတယ်။ အမြဲတမ်း ယေရှုကို ပထမ နေရာမှာထား၍ သန့်ရှင်းသော ၀ိညာဉ်တော်၏ လမ်းပြမှုထဲမှာ သစ္စာရှိစွာ လျှောက်လှမ်းပါလို့ ပြောချင်ပါတယ်။ ကျွန်တော်အမြဲတမ်း ကိုင်စွဲသော ကျမ်းပိုဒ်ကတော့ ဗျာဒိတ်ကျမ်း ၃း၇-၁၂ ဖြစ်ပါတယ်။

ဆရာ ပေါင်ကင်းဆန် (Sy Paasang )
Ph- 09 4252 86603

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm