slide 1

 

ကြိုလင့်နေသော မင်္ဂလာနေ့ရက်များ

Written by Super User. Posted in Pastor Mung Preaching Article

ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍ ယနေ့ ၀မ်းမြောက်ရွှင်လနး်ကြကုန်အံ့။(ဆာလံ ၁၁၈း၂၄)

နှစ်သစ်တစ်ခု ၀င်လိုက်တာနှင့် ရက်ပေါင်း (၃၆၅)ရက်က စောင့်ကြိုနေတာဖြစ်တယ်။ အဲဒီနေ့ရက်ကာလတွေကို ဘုရားသခင်က ပိုင်တယ်။ လူတိုင်းကို တစ်ရက်မှာ (၂၄)နာရီစီပေးထားတယ်။ ရရှိတဲ့ အချိန်နာရီတွေကို တန်ဖိုုးရှိရှိ အသုံးပြုဖို့လိုတယ်။ အချိန်နာရီ တိုင်းမှာ ဘုရားသခင်၏ ကောင်းချီး များကို ရေတွက်ရင်း ဖြတ်သန်းနိုင်သူ ဖြစ်ဖို့ ဘုရားသခင်ကောင်းချီးပေးပါစေ။ ဘုရားသခင်ဟာ ကောင်းမြတ်တဲ့အတွက် ကျွန်တော်တို့အဖို့ ဆိုးတဲ့ နေ့ရက်တွေကို မပေးဘူး။ အကြံ မထမြောက်မယ့်နေ့၊ အမင်္ဂလာနေ့ဟာ ဘယ်နေ့ဘယ်ရက်ဖြစ်ပါစေဆိုတာ ဘုရား သခင်မှာမရှိဘူး။ သမ္မာကျမ်းစာထဲမှာ. .ဤနေ့ရက်သည် ထာဝရ ဘုရား စီရင်တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ ၀မ်းမြောက်ရွှင်လန်း ကြကုန်အံ့ . . လို့ပြောတာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ထိုးဖောက်မှုရဖို့၊ အောင်မြင်ဖို့၊ ၀မ်း မြောက်ဖို့၊ ကောင်းချီးမင်္ဂလာရဖို့၊ ဘုရားသခင်ပြင်ဆင်ပေးတဲ့ နေ့ရက်ဖြစ်တယ်ဆိုပြီး နှုတ်ကပတ်တော်အတိုင်း ယုံကြည်တဲ့သူဟာ ထိုးဖောက် အောင်မြင်မှု ရရှိမှာဖြစ်တယ်။

လူတော်တော်များများဟာ နိမိတ်ကို အလွန်ကောက်ယူ တတ်ကြတယ်။ သမ္မာကျမ်းစာကို ယုံကြည်ပါတယ်ဆိုတဲ့ ခရစ်ယောန်တွေတောင်မှ နှုတ်ကပတ်တော်ထက် နိမိတ်ကို ပိုယုံကြည်ကြတယ်။ ကြွက်စုတ်မြည်သံ၊ ငှက်ဆိုးထိုးသံတွေကြားရင် အမျိုးထဲက တစ်ယောက်ယောက် သေတော့မယ်ဆိုတာမျိုးပေါ့။ တကယ်တော့ ကျမ်းစာထဲမှာ ငှက်ဆိုးထိုးသံကြားရင် ဘာဖြစ်မယ်ဆိုတာ မရေးထားပါဘူး။ ဒါပေမယ့် နိမိတ်ပေါ်မှာ ရပ်တည်မယ့်အစား ယုံကြည်ခြင်းနှင့် နှုတ်ကပတ်တော်ကို စွဲကိုင်ဖို့်ဖိတ်ခေါ်ပါတယ်။ ဘုရင်ယောရှဖတ်ကို ရန်သူတွေက ၀ိုင်းထားတဲ့အချိန်မှာ မိမိတပ်အင်အားနှင့် တွန်းလှန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီ အချိန်မှာ ဘုရားသခင်ရဲ့ မျက်နှာရှာပြီး ပြန်လာသူ တစ်ယောက်က မစိုးရိမ်ကြနဲ့။ စစ်မှုဟာ ဘုရားသခင်ရဲ့ အမှုဖြစ်တယ်။ မနက်ဖြန်အောင်မြင်မှုတွေရမယ်လို့ ပြောလာတယ်။ လက်တွေ့မှာတော့ မအောင်မြင်သေးဘူး။ အခြေအနေကလည်း မပေးဘူး။ ဒါပေမယ့် ဟေဗြဲ ၁၁း၆ မှာ ရေးထားတဲ့အတိုင်း ဘုရားသခင်ရဲ့ စကားကို ယုံကြည်ခြင်းနှင့် ခံယူလိုက်တဲ့အပေါ်မှာ ဘုရားသခင်ရဲ့ စိတ်တော် နှင့် ထိတွေ့သွားတာဖြစ်တယ်။ ဒီနှစ်အတွက် ဘုရားသခင်က ]]သင်သည် သေးငယ် သယောင် ရှိသော်လည်း ကြီးပွားလိမ့်မည်}} လို့ ပြောပါတယ်။ ဒါကို ယုံကြည်ခြင်းနှင့် ငါ့အတွက်ပဲဆိုပြီး ချက်ခြင်းဆုပ်ကိုင်ရမှာ ဖြစ် တယ်။ (၁၂)နှစ်ပတ်လုံး သွေးသွန်ရောဂါ စွဲကပ်တဲ့ အမျိုးသမီးဟာ  ယေရှုခရစ်တော် တာ်ရဲ့သတင်းကိုကြားချိန်မှာ ဒါဟာ ငါ့အတွက်ပဲဆိုပြီး ယုံကြည်ခြင်းနှင့် ခရစ်တော်ဆီ ချက်ခြင်းသွားတဲ့အခါ သူ့ရောဂါ အားလုံး ပျောက်ကင်းသွားတာ ဖြစ်တယ်။ ဒါကြောင့် ငါဟာ လက်ရှိ အချိန်မှာ သေးငယ်သယောင် ဖြစ်ပေ မယ့် ကြီးပွားမယ့်သူ ဖြစ်တယ်  ဆိုပြီး ယုံကြည်ခြင်းနှင့် ခံယူသူဟာ ကောင်းချီးရမှာဖြစ်တယ်။

ဘုရားသခင်ဟာ ယုံကြည်သူတွေကို ဘယ်တော့မှ မစွန့်၊ ပစ်မထားရစ်ခဲ့ဘူး။ အမြဲတမ်း ခွင့်လွှတ် နားလည်ပေးတဲ့ ဘုရားခင်ဖြစ်တယ်။ အရာခပ်သိမ်း ချုပ်ကိုင်ခဲ့တဲ့ ဘုရားသခင် ဖြစ်တယ်။ အခြေအနေအရပ်ရပ်ကို ပြင်ဆင်ပေးနိုင်တယ်။ လူ့အမြင်နှင့် မဖြစ်နိုင်တဲ့ အခြေအနေကို ကျော်လွှားပြီး ဖြစ်စေနိုင်တဲ့ ဘုရားသခင်ဖြစ်တယ်။ နေ့ရက်တိုင်းဟာ ဘုရားသခင် ပြင်ဆင်ပေးတဲ့ နေ့ရက်ဖြစ်တဲ့ အတွက် ကောင်းချီးမင်္ဂလာနှင့် တိုးပွားရမယ့် နေ့ရက်ဖြစ်တယ်။ ဘယ်လိုကြီးပွားမလဲဆိုတာ မသိရပေမယ့် ဘုရားသခင်က သူ့အစီအစဉ်အတိုင်း ကြီးပွားစေမှာ ဖြစ်တယ်။ အဲဒီလို ကြီးပွားမယ့်ကာလအတွင်းမှာ တချို့က မျက်ရည် ကျရင်းနှင့် ကြီးပွားသွားမယ်။ မျက်ရည်ကျတာကို ဘုရားသခင်က ခွင့်ပြုတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကနေ မွှေးကြိုင်တဲ့ သက်သေခံချက်တွေ၊ ရင့်ကျက်မှုတွေရလာတတ်လို့ ဖြစ်တယ်။ နားမလည်နိုင်တဲ့ ဒုက္ခတွေကို ဘုရားသခင်က သူ့အတွက် အသုံး တည့်မယ့် တန်ဆာပလာအဖြစ် သွေးပေးနေတာဖြစ်တယ်။
    
ဒါကြောင့် ကြီးပွားမယ်လို့ ပြောလိုက်တဲ့အခါ အကုန်လုံး အဆင်ပြေချောမွေ့ လိမ့်မယ်လို့ မဆိုလိုပါဘူး။ စိတ်ဓါတ်ရေးရာ ကအစ အခြေအနေအရပ်ရပ်အတွက် တိုက်ပွဲဝင်ရလိမ့်မယ်။ ဒါပေမယ့် မကြောက်ပါနဲ့။ လက်လျှော့အရှုံးမပေးနဲ့။ ကြီးပွားမယ်လို့ ကတိပေးတဲ့ ဘုရားသခင်က ကြီးပွားစေမှာ ဖြစ်တယ်။ မိမိဘက်က ကြီးပွားမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိကို စွဲကိုင်ရင်း လုပ်စရာရှိတာ လုပ်သွားရင် ဘုရားသခင်ကလည်း သူ့အလုပ်သူလုပ်သွားမှာ ဖြစ်တယ်။ စိတ်ဓါတ်မကျ၊ အားမငယ်ဘဲ ဘုရားသခင်ကိုသာ ဖက်ရမ်းပါ။ အောင်မြင်မှုကို ဘုရားသခင်က ပေးသွားမှာဖြစ်တယ်။

နေ့ရက်တိုင်းကို ကောင်းချီးမင်္ဂလာနေ့ရက်အဖြစ် သတ်မှတ်ပါ။ သခင်ယေရှုက ယုံကြည်မှုတွေအတွက် အကောင်းဆုံး လမ်းခင်းပေးပြီးသားဖြစ်တယ်။ ကျိန်ခြင်း အမင်္ဂလာတွေကို ယူဆောင်သွားပြီး ဖြစ်တယ်။ အဲဒီနေရာမှာ ကောင်းချီးမင်္ဂလာ ထားရှိပြီ းဖြစ်တယ်။ အခြေအနေက မဖြစ်နိုင်ဘူးလို့ စိန်ခေါ်နေပေ မယ့် လက်ဝါးကပ်တိုင််ကို ကြည့်ပြီး ဤနေ့ရက်သည် ကောင်းချီး မင်္ဂလာအတွက် ဘုရားသခင်စီရင်တော်မူသော နေ့ရက်ဖြစ်တယ် လို့ အမြဲေ<ကးကြော်ပါ။ အခြေအနေအရပ်ရပ်အတွက် ကျေးဇူး တော် ချီးမွမ်းပါ။

(၂၀၀၆-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm