Zam Suan Huai (Syama Suanpi)

Written by Super User. Posted in Our Ministers

ကျွန်မ ဒီအသင်းတော်မှာ Sunday School ကလေးဘ၀ ကတည်းက ပါဝင်ခဲ့ပါတယ်။ Sunday School တက်ခြင်းဖြင့် အသင်းတော်နဲ့တော့ ရင်းနှီးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဆွဲခေါ်မှုအားဖြင့် မထင်မှတ်ဘဲ FGBTC ကျောင်းတော်မှာ တက်ခွင့် ရခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မရဲ့ အသက်တာကို ပုံသွင်း ပြုပြင်ပေးခဲ့တယ်၊ သွန်သင်ပေးခဲ့တယ်၊ တည်ဆောက်ပေး ခဲ့ခြင်းအားဖြင့် အရင် အသက်တာတွေထက် ကိုယ့်ကိုကိုယ် ပြုပြင်ချင်လာတယ်။ လောက အရာတွေထက် ဘုရားအတွက် အသက်ရှင် ချင်လာတယ်။ ဘုရားအတွက် ပေးဆပ်ချင်လာတယ်။

Niang Lam Kim (Kikim)

Written by Super User. Posted in Our Ministers

ကျွန်မနာမည် ညောင်းလမ့်ကိမ်(ကီးကိမ်) ဖြစ်ပါသည်။ ကလေးမြို့နယ် သာယာရွာမှာ ၂၉ မတ်လမှာ မွေးပါတယ်။ မိဘနှစ်ပါးမှာ အဖေ ဦးနန်ဇခိုင်နှင့် အမေ ဒေါ်ကျင်းလျန်ကျိန်တို့ဖြစ်ပြီး မောင်နှမ (၆)ယောက်မှ အကြီးဆုံး ဖြစ်ပါတယ်။ မိဘများက သာယာရွာ အေဂျီအသင်းတော်မှာ အမှုတော် ဆောင်နေပါတယ်။

Luan Za Nem (Syama Nem)

Written by Super User. Posted in Our Ministers

ကျွန်မကတော့ ဒီအသင်းတော်ကို ၁၉၉၈ ခုနှစ် မေလမှာ FGBTC ကျမ်းစာကျောင်း တက်ဖို့အတွက် ရောက်ရှိလာပါတယ်။ ကျမ်းစာကျောင်း တက်ပြီးနောက် ဘုရားရဲ့ ခေါ်ခြင်းတရားနှင့်အတူ ဆက်လက်ပြီး အမှုတော် ဆောင်ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ မိသားစုဟာ ယုဇနဥယျာဉ် မြို့တော်မှာ နေထိုင်ကြပါတယ်။ ကျွန်မမှာ သားတစ်ယောက် ရှိပါတယ်။

Kyu Kyu Mar

Written by Super User. Posted in Our Ministers

ကျွန်မတို့ မိသားစု မောင်နှမ (၅)ယောက် ရှိပါတယ်။ အမေ မုဆိုးမနဲ့ နေပြီး ယခင်က ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့ပါတယ်။ ကျွန်မတို့ ရွာမှာ ကချင် မိသားစု တစ်စု ရောက်လာပြီး ခရစ်စမတ်ပွဲ လုပ်ပါတယ်။ ခရစ်စမတ် ပွဲနေ့မှာ သခင်ယေရှုရဲ့ ကယ်တင်ခြင်း သတင်းစကား ကြားရပြီး ယေရှုကို ကျွန်မရဲ့ အသက်သခင် ကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည်လက်ခံ ခဲ့ပါတယ်။ မိသားစုထဲမှာ ကျွန်မ ပထမဦးဆုံး ပြောင်းလဲတာဖြစ်လို့ ပြောင်းလဲပြီးတဲ့ နောက်ပိုင်းမှာ မိသားစုများက ကျွန်မကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်။ ဒါနဲ့ တပည့်တော်ဖြစ် သင်တန်းကို (၃)နှစ် တက်ခဲ့ပါတယ်။ သင်တန်းတက်ပြီးနောက် FGA ကို ရောက်လာခဲ့ပါတယ်။

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm