slide 1

 

အတွင်းလူဦးဆောင်ခြင်း

Written by Sayama Awi Suan Huai. Posted in Spiritual Words

ဝိညာဉ်တော်အားဖြင့် သင်တို့၏ အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍. . . ဧဖက် ၃း၁၆ (က)

လူလို့ဖြစ်လာရင် မတူညီတဲ့ဘာသာ၊ မတူညီတဲ့ ရိုးရာ ၊ယဉ်ကျေးမှု တွေပေါင်းစည်းထားတဲ့ လူူ့အသိုင်းအဝန်းမှာနေကြရတယ်၊၊ တစ်ချို့အတွက် မှန်ကန်တဲ့ အပြုအမှု တစ်ခုက တစ်ချို့သော သူတွေအတွက် ရိုင်းစိုင်းမှုလည်း ဖြစ်တတ် တယ်၊၊ ထိုအခြေအနေ ကြားတွင် မိတ်ဆွေ ဘယ်အရာကို ဦးစားပေးသင့်လည်း၊၊ယခုလို တိုးတက်နေသော ခေတ်ကြီးထဲတွင် မိတ်ဆွေရဲ့ အနာဂတ်အတွက် ဘာကို ဦးစားပေးဆုံးဖြတ် သင့်သလည်း၊၊ ယေရှု ခရစ်တော်လောကသို့ ကြွလာခြင်းအကြောင်းသည် ပြည့်စုံသည့်အသက်ပေးဖို့ဖြစ်သည်၊၊ (သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း၊၊ ယော ၁ဝး၁၀)

တစ်နပ်စာနှင့် တစ်ဘဝစာ

Written by Rev Mang Uap. Posted in Spiritual Words

ရပိုင်ခွင့်ရှိတယ် မရခဲ့ဘူး၊ ရပိုင်ခွင့်မရှိဘူး ရလိုက်တယ်။ လိုချင်သူကရတယ်။ မလိုချင်ရင်မရဘူး။ ဘုရားပေးတဲ့ကောင်းကြီးကို မလိုချင်တဲ့သူ အလေးမထားသူ၊ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ဆိုင်တဲ့အရာကို အလေးအနက်မထားဘဲ လောကအရာကိုပဲလိုချင်တပ်မက်သူ။ ဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေကို ဆာငတ်နေသူနဲ့လောကအရာကိုပဲဆာငတ်နေသူ။ ဘုရားသခင်ကဇာတိအရာတွေကိုပဲဆာငတ်နေတဲ့ဧသောကိုမုန်းပြီး၊ ဝိညာဉ်ရေးရာတွေကိုဆာငတ်နေတဲ့ယာကုပ်ကိုချစ်တယ်လို့ပြောနေခြင်းဖြစ်တယ်။

ငါကြိုက်သောအစာနဲ့ငါ့ဆီလာခဲ့ပါ

Written by Rev Mang Uap. Posted in Spiritual Words

ကမ္ဘာဦးကျမ်း ၂၇
ဣဇက်ဟာ ဧသောကို သားဦးနှင့်ဆိုင်သောကောင်းကြီးကိုပေးမည့်အချိန်မှာ အမေဖြစ်သူရေဗက္ကာက ကြားသွားလို့ ဖခင်ကြိုက်တဲ့ဟင်းလျာနဲ့ အစ်ကိုဖြစ်သူ ပြန်မလာခင်သားငယ်ကို အဘထံဝင်ကာ ကောင်းကြီးကိုခံယူစေခဲ့တယ်။ စဉ်းစားကြည့်ရင်ဒါဟာ မဖြစ်သင့်တဲ့အရာတစ်ခုပဲ။ မိသားစုကို သွေးကွဲ စေသော အပြုအမူဖြစ်တယ်။

သို့သော် ဒါဟာ ဘာကိုဖော်ပြသလဲဆိုရင် ခမည်းတော်ပေးမယ့် ကောင်းကင်ဘုန်းစည်းစိမ်နဲ့ကြွယ်ဝခြင်းအားလုံးကို သားတော်ယေရှုရဲ့အရေကိုခြုံပြီး လက်ခံရယူလိုက်တဲ့ လူသားတွေနဲ့တူတယ်။ သို့သော်ဒီအမှုကိုပြုပေးတဲ့သူက သန့်ရှင်းသောဝိညာဉ်တော်ဘုရားဖြစ်တယ်။ ဘာလို့လဲဆိုရင် ဖခင်စိတ်ကိုရေဗက္ကာက သိသလို ခမည်းတော်နဲ့တစ်လုံးတစ်ဝတည်းရှိနေတဲ့ ဝိညာဉ်တော်ကသိလို့သာဖြစ်တယ်။

ရူပါရုံရှိသောသူ

Written by Sayama Awi Suan Huai. Posted in Spiritual Words

မိတ်ဆွေ သင့်ရူပါရုံ အတွက် မျှော်လင့်ချက်မဲ့နေသလား၊၊ စိတ်ဓါတ်မကျပါနှင့်။ ရူပါရုံပေးသော ဘုရားသည် ၎င်းရူပါရုံ ပြည့်စုံဖို့ သူကိုယ်တိုင် ဦးဆောင် လမ်းပြသွားမည်၊၊ သို့သော် မိတ်ဆွေအနေနှင့် ၎င်း ရူပါရုံပြည့်စုံဖို့ရန် တစ်ချို့သော အခြေအနေတွေကို ဧကန်အမှန် ကျော်ဖြတ်ရပေမည်၊၊

၁) ရူပါရုံရှိသောသူက ယုံကြည်ခြင်းနှင့်ထုတ်ပြောရဲသည်၊၊ (ယောသပ်သည် အိပ်မက်ကိုမြင်၍ ၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍ မုန်းကြ၏။)ကမ္ဘာ ၃ရး၅မိတ်ဆွေလည်း သင့်ရူပါရုံကို ယုံကြည်ခြင်းဖြင့် စတင်ကြွေးကြော်ပါ၊၊

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm