နိမ့်ကျစွာ စတင်ခဲ့တာကို မမေ့ပါနဲ့


Bookmark

Review

ဟောသည့်ရက်- 2006 ခုနှစ် နိုဝင်ဘာလ 26 ရက်။

Short Notes:
အခြေပြုကျမ်း- ယေရမိ- ၂၉း၁၁
.... ငါသည်သင်တို့ကို အကျိုးနဲစေခြင်းငှာ ကြံစည်သော အကြံမဟုတ်ပဲ သင်တို့သည် မျှော်လင့်သော အကျိုးကို ရမည်အကြောင်း ငြိမ်ဝပ်စေခြင်းငှာသာ
သင်တို့အးဘို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
ရောမ - ၈း၂၈
ဘုရားသခင်ကို ချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏အကျိုးကို ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို
ငါတို့ သိကြ၏။

အထက်ပါ ကျမ်းပိုက်ကိုကြည့်ပါ။ ကျွနု်ပ်တို့ တွေ့ကြုံသမျှ၊ ဖြစ်ပျက်သမျှသည် ကျွနု်ပ်တို့အကျိုးအတွက် ဘုရားသခင်ကြံစည်ထားခြင်းဖြစ်ကြောင်းထင်ရှား၏။
ကျွနု်ပ်တို့နားမလည်နိုင်သောအရာများ အသက်တာတွင် အများကြီးကြံုရတတ်ပါသည်။ မကြံုခြင်လည်းကြံုရ၏။ မတွေ့ချင်တာတွေလည်း တွေ့ရ၏။
မဖြစ်ချင်သောအရာများ ဖြတ်သန်းကျော်လွှားခဲ့ရပါ၏။ ထိုအရာများ ခံစားတွေ့ကြံုခဲ့စဉ်က မလွယ်ပါ။ ၀မ်းနဲခဲ့ရပြီး ကြေကွဲခဲ့ရပါသည်။
ဘာ့ကြောင့်ဆိုတာ နားမလည်ခဲ့ဘူး။ အထီးကျန်ပြီး အဖော်မဲ့ခဲ့ရပါသည်။
သို့သော် ထိုအရာအားလုံးကို ကျော်ဖြတ်ကျော်စေခဲ့သော အရာသည် ဘုရားရှင်၏ တန်ခိုးကြီးသော လက်တော်သာဖြစ်သည်။

Your Humble Begining သင့်ရဲ့ နိမ်ကျခဲ့သောအချိန်၊ Your Small Begining သေးငယ်နိမ့်ကျစွွာ အစပြုခဲ့သောအချိန်၊ ဒုက္ခရောက်ခဲ့သောအချိန်၊ ပြသနာအမျိုးမျိုး ကြံုခဲ့သောအချိန်ကို မမေ့ပါနှင့်။
အထင်လဲ မသေးပါနှင့်။ ထိုအချိန်သည် သင့်အတွက်အကောင်းဆုံးသော အချိန်ဖြစ်ခဲ့ပါသည်။
ယနေ့အသင်းတော်ကိုဘုရားပြောနေတာကတော့ ထိုအရာတွေဟာ တန်ဖိုးအကြီးမားဆုံးအရာတွေသာဖြစ်နေပါသည်။
လူတွေ မထီမဲ့မြင်ပြုစရာဖြစ်ခဲ့မယ်။ လူတွေ အသိအမှတ်မပြုခဲ့ကြဘူး။ သို့သော် ထိုအချိန်တွေဟာ တန်ဖိုးအကြီးမားဆုံးအရာတွေသာဖြစ်နေပါသည်။

Comments
Hits 1574

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm