Full Gospel Assembly အသင်းတော်၏ အဓိက ဧဝံဂေလိဟောပြောရသော နေရာများမှာလှော်
ကား၊ မှော်ဘီ၊ ထောက်ကြံ့၊ ဒညင်းကုန်း၊ အရှေ့ဒဂုံ၊မြောက်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်း၊ မြောက်ဒဂုံ၊ ရှမ်းတဲ၊ လေးဒေါင့်ကန်၊ ကျီစု၊ တောင်ဒဂုံ ၇၀-၇၁၊ တောင်ဒဂုံ ၅၆-၆၉၊ ဒေါပုံ (သာကေတ)၊ တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒလ၊ ညောင်ရွာ၊ အလတ်ချောင်း၊ သန်လျင်၊ သမ္မတကမ်းခြေ၊ ဆိပ်ကြီး၊ လှည်းကူး စတဲ့ (၂၅)နေရာများဖြစ်ကြပြီး များသောအားဖြင့် ရန်ကုန်ဧရိယာအတွင်းရှိ ဆင်းရဲသားရပ်ကွက်များဖြစ်ကြသည်။ ဒီလိုရပ်ကွက်မျိုးမှာ နေကြသော လူများသည် တစ်နေ့စာ တစ်နေ့ရှာရသော ဘဝသမားများဖြစ်ကြသောကြောင့် ဘာသာရေးအတွက်လည်း
အချိန်သိပ်မရှိကြသော သူများဖြစ်ကြသည်။
တစ်ပတ်တွင် ဧဝံဂေလိ(၃) ရက်ထွက်ကြပြီး၊ စနေနေ့မှာတော့ FGBTC ကျောင်းသား၊ ကျောင်းသူများပါသွားကြရသည်။ ကျန်တဲ့ (၂) ရက်ဖြစ်တဲ့ ဗုဒ္ဓဟူး၊ ကြာဿပတေးနေ့တွေကတော့ ကိုယ်ဟောပြောခဲ့တဲ့နေရာများမှ ယုံကြည်သူများအား ပြန်လည် Follow up လုပ်ကြခြင်းဖြစ်သည်။ စနေနေ့ နံနက် ၈း၃၀ ကစထွက်ကြပြီး အဲဒီ(၂၅)နေ ရာကို မှီသလောက် လမ်းကြောင်းဆွဲပြီး ဘုရားကျောင်းကားနှင့် သွားလို့ရတဲ့နေရာထိသွားကြပြီး ဧဝံဂေလိနယ်မြေများ သည်ကားဝင်၍ မရသော နေရာများဖြစ်ကြသောကြောင့် ခြေကျင်ပဲဖြစ်ဖြစ်၊ ဆိုက်ကားပဲဖြစ်ဖြစ် အဆင်ပြေသလို
သွားကြရသည်။
ကိုယ်မသိသောအိမ်များကို ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး ဝေငှရသလို၊ အချို့သောအိမ်များက
တော့ အဲဒီနားက နယ်မြေခံ ခရစ်ယာန်အသိပဲဖြစ်ဖြစ် ရင်းနှီးအောင် အရင်ဝင်ထားရတာမျိုးလဲရှိတယ်။ သွားရောက်ဟောပြောတဲ့အခါ ရေလိုက်ငါးလိုက် ခရစ်ယာန်ဘာသာဟာ ကောင်းပါတယ်ဟု တုံ့ပြန်သူများရှိသလို၊ လုံးဝလက်မခံကြောင်း ခါးခါးသီးသီးငြင်းဆိုသူများလဲ ရှိသည်ဟု ဆရာတစ်ဦးက ဆိုသည်။ ကျွန်တော့်အတွေ့အကြုံအရဆို မှတ်မှတ်ရရ တစ်ဦးက..ယေရှုကြွလာတယ်၊ ကောင်းတယ်… ဒါပေမဲ့ ကျွန်တော်မယုံဘူး ဟု ပြတ်ပြတ်သားသား ငြင်းသူကိုလဲ တွေ့ခဲ့ရကြောင်း ဧဝံဂေလိ တာဝန်ခံ ဆရာကျော်ကျော်က ဆိုသည်။
တစ်ချို့ကျတော့ဒီလိုဘုရားမျိုးရှိတာ ခုမှကြားဖူးကြောင်းနှင့် စိတ်ဝင်စားသူရှိကြသည်။ သို့သော် ချက်ခြင်းလက်ခံတာမျိုးတော့မဟုတ်ပေ။ တစ်ချို့အိမ်တွေကျတော့ ချက်ချင်းလက်ခံတာမျိုးလဲရှိကြသည်။ အဲဒါမျိုးကျတော့လဲ ဧဝံဂေလိတရားကိုခုမှ ကြားဖူးတာမဟုတ်ပဲ တစ်ဦးဦးဆီက ကြားထားပြီးသား၊ တစ်ဦးဦးမျိုးစေ့ချခဲ့ပြီးသောသူများဖြစ်ကြသည်။
အဖိုးအဖွားနှစ်ယောက်ထဲရှိတာကို ဘယ်က ဧည့်သည်မှန်းမသိ လာပြီး အသတ်ခံခဲ့ရသော အဖြစ်မျိုးရှိသောကြောင့်တစ်ဦးနှင့်တစ်ဦး မသိပဲ အိမ်ထဲဝင်ခွင့်တောင်းခြင်းမျိုးသည် အခက်အခဲရှိတတ်သည်။ ကိုယ့်ဘက်က အားနာတဲ့အပိုင်း၊ရှက်ရတဲ့အပိုင်းလဲ ရှိကြရသည်။ သို့သော် ဤအခြေအနေမျိုးကြားကပင် ဟောပြောကြရသည်။ကိုယ်ဟောပြောရမှာ အဓိကဖြစ်ပြီး ယုံခြင်းမယုံခြင်းကတော့ သူတို့အပိုင်းဖြစ်သည်။ အထူးဂရုစိုက်ရသည်မှာအဝတ်အစားဝတ်ခြင်း၊ ဘောင်းဘီဝတ်ခြင်း၊ နက်တိုင်ဝတ်ခြင်း စသောအရာများအား နေရာဒေသအလိုက်ဆင်ခြင်ရသည်။
ပြောင်းလဲခါစ ယုံကြည်သူများကိုလဲ သူတို့နားမလည်နိုင်သေးသော အရာများကို တဖြည်းဖြည်းချင်း တွဲခေါ်ရပါသည်။အစာရှောင်တစ်ရက်တွင် အစာရှောင်သူအမျိုးသမီးများ ဝိညာဉ်တော် အရှိန်ရကာ အော်ဟစ်နေခြင်း၊ ဂျွန်းထိုးနေခြင်းကိုရွှေပြည်သာက ပြောင်းလဲခါစအမျိုးသမီးတစ်ဦးက တံခါးအပြင်မှအထဲကို ချောင်းကြည့်နေသူ တစ်ဦးအား ဆရာတစ်ဦးက အထဲဝင်နိုင်ကြောင်းပြောပြရာ…မဝင်ရဲပဲ.. “ခရစ်ယာန်နတ်လဲ တော်တော်ကြီးတာပဲ” ဟုပြောခဲ့ဖူးသည်။
မယုံကြည်သူ ဘဝမှ ယုံကြည်သူတစ်ယောက်ဖြစ်လာရင် ဘုရားကျောင်းခေါ်လာရတဲ့အချိန်မှာ
နယ်မြေသစ်တစ်ခုကို ရောက်လာသူဖြစ်သောကြောင့် ပွဲတော်အကြောင်း၊ အလှူငွေကောက်ခြင်း၊ ချီးမွမ်းခြင်း၊တရားဟောတဲ့အနေအထားများ၊ ဟာလေလုယ ဟုအော်ခြင်း စသည့် သူတို့အတွက် နားမလည်နိုင်သောကိစ္စများအား ဖြည်းဖြည်းချင်းရှင်းပြရသည်။ နယ်မြေတွေမှာမှာလဲ ဘုရားကျောင်းက အခြားသောဘာသာ၊ဝိညာဉ်ချီးမွမ်းခြင်းစသည်များကိုလဲ အသင်းတော်ပုံစံကြီးနှင့်လဲ သွားလို့မရသေးပေ။ ဆုတောင်းရင်လဲ အဆုံးမှာ”ယေရှုနာမ၌ ဆုတောင်းပါ၏” ဟူ၍ အဆုံးသတ်ရမည့်အကြောင်း ကိုလဲသင်ပေးရသည်။ သူတို့နားမလည်သော
အပိုင်းကို ဖြည်းဖြည်းချင်းသင်ပေးရသည်။
ဧဝံဂေလိဟောပြောခြင်းနှင့် မပြီးပဲ ပြောင်းလဲလာသော ယုံကြည်သူများအား ကြည့်ရှုစောင့်ရှောက်ရသည်။ထို့အတူ ဧဝံကေလိဆရာဆရာမများသည်လည်း ဘုရားရှင်ရဲ့ချစ်ခြင်းမေတ္တာကို တကယ်ချစ်ခြင်းမေတ္တာဖြင့်ဝေငှနေကြခြင်းဖြစ်သည်။ ထိုဘုရားရှင်၏ ချစ်ခြင်းမေတ္တာသာမရှိလျှင် ခက်ခဲကြမ်းတမ်းသော ဤလုပ်ငန်းကို
မည်သူမျှမလုပ်နိုင်ကြပေ။ အချိန်လဲ ပေးနိုင်ကြမည်မဟုတ်။ ထို့ကြောင့် နောက်
ဆုံးသောကာလ အချိန်တွင် ယုံကြည်သူအယောက်တိုင်းသည် ဤကြီးလေးသော ဧဝံဂေလိတရားအတွက်တတ်နိုင်တဲ့ဖက်က ပါဝင်ဆင်နွဲကြပါစို့ ဟု ဝေမျှရင်း။