ခုလိုခက်ခဲတဲ့ အချိန်ကာလမှာ ယုံကြည်ခြင်းနှင့်ပတ်သက်လာရင် အာဗြဟံရဲ့ယုံကြည်ခြင်းကို ကြည့်စေချင်ပါတယ်။ ခုချိန်လိုမျိုးမှာ ယုံကြည်ခြင်းနှင့် တိုက်ပွဲဝင်ကြဖို့၊ သီးခံကြဖို့နှင့် ယုံကြည်ခြင်းအားဖြင့် မေတ္တာတရားပွားများဖို့အလွန်အရေးကြီးလှပါတယ်။ ထို ယုံကြည်ခြင်းအားဖြင့် မျှော်လင့်ခြင်းဝမ်းမြောက်ခြင်းရှိကြဖို့ အလွန်အရေးကြီးပါတယ်။ ဟေဗြဲ ၁၁း၆ မှာ ယုံကြည်ခြင်းမရှိရင် ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ ရေးထားပါတယ်။ ဒါကြောင့် ဘုရားအမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ရပါမည်။ ဘုရားသခင်ဟာ သူ့ကို ကြိုးစားရှာသောသူကို တကယ်အကျိုးပေးသောဘုရားဖြစ်ပါတယ်။

Continue reading

ပွဲတော်မင်္ဂလာဆိုတော ဣသရေလလူမျိူးတွေဟာ အဲဂုတုပြည်မှာ နှစ်ပေါင်းများစွာ ဖိနှပ်မှုခံရပြီးမောရှေဦးဆောင်ပြီး ဣသရေလလူမျိူးတွေကျွန်ဘဝကလွတ်မြောက်ဖို့လုပ်ဆောင်မည့်အချိန်မှာ ဖာရောဘုရင်စိတ်နှလုံးခိုင်မာနေခဲ့ပါတယ်။ နိမိတ်လက္ခဏာအမျိုးမျိုးပြခဲ့ပေမယ့် ဖာရောဘုရင် စိတ်နှလုံးခိုင်မာလျက်ရှိတာကြောင့် နောက်ဆုံးမှာ အိမ်တိုင်းတံခါးဝမှာ သိုးသူငယ်ရဲ့အသွေးကို သုတ်ခိုင်းပြီး ထိုသွေးကို မြင်တာနဲ့ ကောင်းကင်တမန်တွေကသားဦးကိုသတ်မယ့် ကောင်းကင်တမန်တွေက ကျော်သွားပါတယ်။ ထိုအသွေးကိုတံခါးဘောင်မှာမဟုတ်ထားတဲ့ အဲဂုတ်တုလူမျိုးများဟာ သားဉီးအသတ်ခံရတာဖြစ်ပြီး တချိန်တည်းမှာပဲ ဣသရေလလူမျိုးတွေဟာ သိုးသူငယ်ရဲ့အသားကို ကင်ပြီး မိသားစုအားလုံးစားရပါတယ်။ အဲဒါကို ပဿခါပွဲလို့ခေါ်ပြီး ဣသရေလလူမျိုးတွေက နှစ်တိုင်းဒီပွဲကျင်းပရတာဖြစ်ပါတယ်။ ခရစ်တော်က ရန်သူများအပ်နှံရမယ့်နောက်ဆုံးညမှာ တပည့်တော်များနှင့်အတူ ပသခါပွဲကိုပြင်ဆင်ကြတာဖြစ်ပြီး  ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အားပေးတော်မူ၏။ (Mat 26:26)ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ သင်တို့ရှိသမျှသည်သောက်ကြလော့။ (Mat 26:27)ဤခွက်ကားပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။ (Mat 26:28) […]

Continue reading