ပွဲတော်မင်္ဂလာ

ပွဲတော်မင်္ဂလာဆိုတော ဣသရေလလူမျိူးတွေဟာ အဲဂုတုပြည်မှာ နှစ်ပေါင်းများစွာ ဖိနှပ်မှုခံရပြီးမောရှေဦးဆောင်ပြီး ဣသရေလလူမျိူးတွေကျွန်ဘဝကလွတ်မြောက်ဖို့လုပ်ဆောင်မည့်အချိန်မှာ ဖာရောဘုရင်စိတ်နှလုံးခိုင်မာနေခဲ့ပါတယ်။ နိမိတ်လက္ခဏာအမျိုးမျိုးပြခဲ့ပေမယ့် ဖာရောဘုရင် စိတ်နှလုံးခိုင်မာလျက်ရှိတာကြောင့် နောက်ဆုံးမှာ အိမ်တိုင်းတံခါးဝမှာ သိုးသူငယ်ရဲ့အသွေးကို သုတ်ခိုင်းပြီး ထိုသွေးကို မြင်တာနဲ့ ကောင်းကင်တမန်တွေကသားဦးကိုသတ်မယ့် ကောင်းကင်တမန်တွေက ကျော်သွားပါတယ်။ ထိုအသွေးကိုတံခါးဘောင်မှာမဟုတ်ထားတဲ့ အဲဂုတ်တုလူမျိုးများဟာ သားဉီးအသတ်ခံရတာဖြစ်ပြီး တချိန်တည်းမှာပဲ ဣသရေလလူမျိုးတွေဟာ သိုးသူငယ်ရဲ့အသားကို ကင်ပြီး မိသားစုအားလုံးစားရပါတယ်။ အဲဒါကို ပဿခါပွဲလို့ခေါ်ပြီး ဣသရေလလူမျိုးတွေက နှစ်တိုင်းဒီပွဲကျင်းပရတာဖြစ်ပါတယ်။

ခရစ်တော်က ရန်သူများအပ်နှံရမယ့်နောက်ဆုံးညမှာ တပည့်တော်များနှင့်အတူ ပသခါပွဲကိုပြင်ဆင်ကြတာဖြစ်ပြီး  ယေရှုသည်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကားငါ၏ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အားပေးတော်မူ၏။ (Mat 26:26)ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍၊ သင်တို့ရှိသမျှသည်သောက်ကြလော့။ (Mat 26:27)ဤခွက်ကားပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။ (Mat 26:28) ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုးအသစ်ကို ငါ့ခမည်းတော်၏နိုင်ငံ၌ သင်တို့နှင့်အတူငါမသောက်မှီနေ့ တိုင်အောင်ယခုမှစ၍ တဖန်ငါမသောက်ရဟု မိန့်တော်မူ၏။ (Mat 26:29)

မေလ(၃)ရက်နေ့၊ ၂၀၂၀ Sunday နေ့၊ Covid 19 ကာလာရှိ သင်းအုပ်ဆရာကြီး သိက္ခာတော်ရဆရာ ဦးဒမ်ဆွမ်းမုန်၏ ပွဲတော်မင်္ဂလာ ဟူသော တရားဟောချက်။

Post a comment