ယုံကြည်ခြင်း

ခုလိုခက်ခဲတဲ့ အချိန်ကာလမှာ ယုံကြည်ခြင်းနှင့်ပတ်သက်လာရင် အာဗြဟံရဲ့ယုံကြည်ခြင်းကို ကြည့်စေချင်ပါတယ်။ ခုချိန်လိုမျိုးမှာ ယုံကြည်ခြင်းနှင့် တိုက်ပွဲဝင်ကြဖို့၊ သီးခံကြဖို့နှင့် ယုံကြည်ခြင်းအားဖြင့် မေတ္တာတရားပွားများဖို့အလွန်အရေးကြီးလှပါတယ်။ ထို ယုံကြည်ခြင်းအားဖြင့် မျှော်လင့်ခြင်းဝမ်းမြောက်ခြင်းရှိကြဖို့ အလွန်အရေးကြီးပါတယ်။ ဟေဗြဲ ၁၁း၆ မှာ ယုံကြည်ခြင်းမရှိရင် ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်ဘူးလို့ ရေးထားပါတယ်။

ဒါကြောင့် ဘုရားအမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ရပါမည်။ ဘုရားသခင်ဟာ သူ့ကို ကြိုးစားရှာသောသူကို တကယ်အကျိုးပေးသောဘုရားဖြစ်ပါတယ်။

Post a comment