Rev Kyaw Kyaw

ဆရာကျော်ကျော်သည် အဘဦးစံသာထွန်းနှင့် အမိဒေါ်ဂျာဘူ တို့ ၏သား(၃)ယောက်အနက်မှ ဒုတိယမြောက်သားဖြစ်ပြီး၊ (၁၉၆၈)ခုနှစ်၊ ဩ ဂုတ်လ(၉)ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပါသည်။ ဖခင်၏ဇာတိမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ဖြစ်ပြီး၊ မိခင်မှာကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဖြစ်ပါသည်။

၁၉၇၄ မှ ၁၉၈၂အထိ အ.ထ.က(၂)မှော်ဘီမြို့(ရန်ကုန်တိုင်း)တွင် သူငယ်တန်းမှ အဌမတန်းအထိပညာဆည်းပူးခဲ့ပြီး၊ အဌမတန်းတက်ရောက်နေစဉ်တွင် ကားတိုက်ခံရပြီး၊ ခြေ
ထောက်(၂)ချောင်းစလုံး ဖြတ်တောက်ရ၍ ပညာကို ဆက်လက်သင်ကြားခွင့်မရတော့ဘဲ၊ ၁၉၉၆ခုနှစ်၊ စက်တင်ဘာလတွင် FGBTC ၌ ဓမ္မပညာဆည်းပူးခဲ့ရာ ဒီပလိုမာလက်မှတ်ရရှိခဲ့သည်။

၁၉၈၅တွင် ယေရှုခရစ်တော်ကို မိမိ၏အသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီး၊ ၁၉၈၆ခုနှစ်တွင် ဝိညာဉ်တော်နှစ်ခြင်းကိုရရှိခဲ့ပါသည်။ ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာ လ(၁)ရက်နေ့တွင် ဘုရားသခင်၏အမှု တော်မြတ်၌ အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ်ခြင်းခံရပြီး၊ ယခု အချိန်တွင် အသင်းတော်၏ ဧဝံဂေလိတာဝန်ခံအဖြစ် တာဝန်ယူလုပ် ဆောင်နေပါသည်။ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ဆရာမမိုင်ယဉ်ယဉ်ထွန်းနှင့် အိမ်ထောင်ပြုခဲ့ပြီး၊ သားလေး(၂)ယောက် ထွန်းကားခဲ့သည်။ အမှုတော်မြတ်၌ ပျော်ရွှင်စွာ ပါဝင်ဆက်ကပ်လျှက်ရှိပါသည်။

ဆရာကျော်ကျော် လက်စွဲကိုင်သောကျမ်းပိုဒ်မှာ(မဿဲ ၁၁း၂၅-၂၆)ဖြစ်သည်။ လက်ရှိတွင် အိမ်နံပါတ် (၄၇၃)၊ မင်းကျော်ပျံချီလမ်း၊ (၆၉)ရပ်ကွက်၊ တောင်ဒဂုံတွင်နေထိုင်ပါသည်။ ဖုန်းနံပါတ်(ဝ၉ ၄၂၅ ဝ၁၃- ၅၉၄) ဖြစ်ပါသည်။