Rev Nant Aye Aye

သိက္ခာတော်ရဆရာမ ဒေါ်နန့်အေးအေး(ဆရာမဘေေဘီတိုး)ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာရှိ အဘဦးစောဘတိုးနှင့် ဒေါ်မယ်တိုးတို့၏ ပဉ္စမမြောက်သမီးဖြစ်ပါတယ်။ ၁၉၈၆ခုနှစ်မှာ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံပြီး၊ ၎င်းနှစ်တွင်ပင် ရေနှစ်ခြင်းမင်္ဂလာခံယူကာ ဝိညာဉ်ဆုကျေးဇူးလည်းရရှိခဲ့တယ်။

၁၉၈၆-၈၇ခုနှစ်များမှာ ဆရာမက အုတ်ကျင်းဖိနပ်စက်ရုံ၌ လုပ်ကိုင်ခဲ့သေးတယ်။ တစ်ဖက်မှာလဲ ပိုးကရင်အသင်းတော်မှာ ဥပုဒ်စာဖြေသင်ပေးခဲ့တယ်။ အဲဒီနောက် မင်္ဂလာဒုံ ကရာနီအသင်းတော်၌ ဥပုဒ်စာဖြေ ဆရာမသင်တန်းမှာ တက်ရောက်အောင်မြင်ခဲ့တယ်။ ဆေးတပ်နယ်ခရစ်ယာန်အသင်းတော်မှာ ၁၉၉၀-၉၁ခုနှစ်များအတွင်း သာသနာပြုလုပ်ခဲ့ပါတယ်။

ပုသိမ်ဆေးတပ်နယ် ခရစ်ယာန်မိသားစု အသင်းတော်မှာ သာသနာပြုနေစဉ်မှာပဲ ယခုလက်ရှိ ပါဝင်နေတဲ့ Full Gospel Assembly အသင်းတော်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံကာ ၁၉၉၁ခုနှစ်မှာ ဤအသင်းတော်နှင့် စတင်လက်တွဲခဲတယ်။ ၁၉၉၁-၉၃ခုနှစ်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧဝံဂေလိကျမ်းစာကျောင်းမှာ တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ၁၉၉၃ခုနှစ်၊ ဇူလိုင်လ(၁)နေ့မှစပြီး FGA အသင်းတော်၏အချိန် ပြည့်အမှုတော်ဆောင်အဖြစ်ခန့်အပ်ခြင်းခံခဲ့တယ်။

၁၉၉၇ခုနှစ်၊ မတ်လ(၂၂)ရက်နေ့မှာ သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်က ဆရာဦးပေါင်ဆွင်းမုန်(ဆရာပေါင်ဟွေ့)နှင့်လက်ထပ်ပေးခဲ့ပါသည်။

ဆရာမ၏စွဲကိုင်သောကျမ်းပိုဒ်ကတော့

“နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ”(မဿဲ၆း၃၃)