Rev Vung Za Niang

သိက္ခာတော်ရဆရာမဒေါ်ဝုန်ဇညောင်းသည် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ထုတ်လိုင်ရွာမှ အဘဦးကမ့်ခိုဇမ်းနှင့် အမိဒေါ်ကျင့်ငိုတို့၏သားသမီး (၅)ဦးအနက် တတိယမြောက်သမီးဖြစ်၍၊ ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။မူလတန်းပညာမှ အထက်တန်းပညာထိ အ.ထ.ကထုတ်လိုင်၌ သင်ကြားခဲ့ပြီး၊ ၁၉၇၃ခုနှစ်တွင် ဒသမတန်းပညာကို အောင်မြင်ခဲ့ပါသည်။ ၁၉၇၄-၇၅အထိ ကျေးရွာအုပ်စုစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၅-၇၆ခုနှစ်တွင် မန္တလေး၊ ဆရာအတတ်သင်သိပ္ပံမှ မူလတန်းပြဆရာအတတ်သင် အောင်လက်မှတ်ကိုရရှိခဲ့ပြီး၊ ၁၉၈၁-၈၂ခုနှစ်တွင် အ လယ်တန်းပြဆရာအတတ်သင် အောင်လက်မှတ်ကို တဖန်ရရှိခဲပါသည်။ ၁၉၇၅ခုနှစ်တွင် ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ပါသည်။

သိက္ခာတော်ရဆရာဦးဒမ်ဆွင်းမုန်နှင့် ၁၉၈၉ခုနှစ်၊ ဩဂုတ်လ(၄) ရက်နေ့တွင်လက်ထပ်ထိမ်းမြား
ခဲ့ရာ သားသမီးသုံးယောက် ထွန်းကားခဲ့ပါသည်။ ၎င်းတို့မှာ ဒိမ့်စန်းလွန်း၊ ဝုန်ဆွင်းခိုင်နှင့် ဇမ်ရှင်းမုန်တို့ဖြစ်ပါသည်။ ၁၉၈၂ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ခင်ပွန်းသည်နှင့်အတူ ဓမ္မပညာကို ဆည်း ပူး၍ (C.Th)Certificate of Theology ဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၈၂ခု နှစ်တွင် အချိန်ပြည့် အမှုတော်၌ပါဝင်ရန် ဆုံးဖြတ်နိုင်ခဲ့ပါသည်။

၁၉၈၉ခုနှစ် မှစ၍ Full Gospel Assembly (Yangon)အသင်းတော်၌ ပါဝင်ဆက်ကပ်ရာ လူကြီးကျမ်းစာ သင်ခြင်း၊ ကျမ်းစာကျောင်း၌စာသင်ခြင်း၊ အသင်းတော်၏စာပေလုပ်ငန်းနှင့် အမျိုးသမီးအဖွဲ့ ၌လည်းကောင်း၊ ဟုမ်းဆဲလ်များတွင်
တက်ကြွစွာ ပါဝင်ခဲ့ပါ သည်။

၂၀ဝ၂ခုနှစ်၊ ဇွန်လတွင် အမေရိကန်ပြည်ထောင်စုသို့ မိသားစုလိုက် သွားရောက်ခဲ့ရာRhema ကျမ်းစာကျောင်း၌ (၂)နှစ်တက်ရောက်ကာ ီငစ. ဒီပလိုမာဘွဲ့ရရှိခဲ့ပါသည်။ ၂၀ဝ၇ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့ တွင် ဘုရားရှင်၏လမ်းပြမှုဖြင့် USA,Tulsa မြို့ ၌ Full Gospel Assembly International အသင်းတော် စတင်တည်ထောင်ခဲ့ရာ အ သင်းတော်၏တာဝန်ခံ သင်းအုပ်အဖြစ် တာဝန်ယူခဲ့ပါသည်။ အသင်းတော်၌ အ သင်းသားများအားကူညီ စောင့်ရှောက်ခြင်း၊စကား ပြန်ပေးခြင်းနှင့်အခြားလို အပ်သလို တာဝန်ထမ်း ဆောင်ရာ၊ ၂၀၁၇ခုနှစ်တွင် အမှုဆောင်သက်တမ်း (၃၅)နှစ် ပြည့်ပြီဖြစ်သည်။ သူ၏ လက်စွဲကျမ်းပိုဒ်(၂)ခုမှာ (ဖက်-၄း၁၅)”မေတ္တာစိတ်နှင့် သမ္မာတရားကို ဟောပြောခြင်း”နှင့် (၃ယော ၁း၂) “အချင်းချစ် သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့၊ သင် သည် အရာရာ၌ ကောင်း စားခြင်းနှင့် ကျန်းမာခြင်းရှိ မည်အကြောင်း ငါ ဆု တောင်း၏”တို့ဖြစ်ပါသည်။