The power of the word of God
Posted on August 13, 2020 | Pastor: Rev Khen Kipဟေဗြဲ ၄း၁၂ ထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်တယ်။ အင်္ဂလိပ်ကျမ်းစာထဲမှာ Living and Active လို့ရေးထားပါတယ်။ Active ဆိုတဲ့နေရာမှာ ဖုန်းတစ်လုံးကိုဝယ်တယ်ဆိုရင် ဖုန်းတစ်လုံးရှိရုံနဲ့ သုံးလို့ရတာမဟုတ်ပဲနဲ့ Sim Card ထည့်မှသာ Activeate ဖြစ်ပြီးသုံးလို့ရပါတယ်။ Activated ဆိုတာက လှုပ်ရှားတယ်၊ ဆက်သွယ်လို့ရတယ်၊ အသက်ဝင်တယ်၊ စကားပြောလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ထိုနည်း၄င်းပဲ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဟာ အသက်ရှင်ပြီးအလုပ်လုပ်တယ်။ စကားပြောတယ်။ သံလျက်တွေအများကြီးရှိတဲ့ထဲမှာ နှစ်ဘက်ထက်တယ်။ ထိုသံလျက်တကာတို့ထက် ထက်ခြင်းနဲ့ပြည့်စုံသော နှုတ်ကပတ်တော်ဖြစ်ပါတယ်။ လူတွေနားမလည်နိုင်ဘူး၊ စိတ်ဝိညာဥ်နားမလည်နိုင်ဘူး၊ အသက်ကိုဘယ်လိုခွဲခြားရမှန်းကိုမသိဘူး၊ Dictionaty မှာရှာကြတယ်။ နားလည်ဖို့ခက်တယ်ဆိုတဲ့အရာမှန်သမျှကို နှုတ်ကပတ်တော်က အသေးစိတ်ခွဲခြားနိုင်တယ်။ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊...
The Blessing of Righteousness
Posted on August 11, 2020 | Pastor: Rev Pau Zel Mangယုံကြည်သူတွေအတွက်ဘုရားရှင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာအများကြီးရှိပါတယ်။ ထိုအရာထဲကအကြီးမားဆုံးဖြစ်တဲ့ကောင်းကြီးမင်္ဂလာအကြောင်းကိုယနေ့ဟောချင်ပါတယ်။ရောမ ၅ဂ၁၇ ကိုတ်မယ်ဆိူရင် “ထိုမှတပါး၊ လူတယောက်သည် ပြစ်မှားသောကြောင့်၊ ထိုတယောက်သော သူအားဖြင့် သေခြင်းတရား သည် အစိုးရ၏။ ကျေးဇူးတော်၏ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့သွင်းပေးတော်မူခြင်းကို၎င်း ခံရသော သူတို့သည် တယောက်သောသူတည်းဟူသော ယေရှုခရစ် အားဖြင့် အသက်ရှင်လျက်သာ၍ စိုးစံရကြလတံ့။”
The profit of the word of God
Posted on August 10, 2020 | Pastor: Rev Roijaနှုတ်ကပတ်တော်ဆိုရင်တော့ ကျမ်းစာလို့မြင်ကြပါတယ်။ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်၊ ကျမ်းစာဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဘုရားရဲ့နှုတ်တော်ထွက်စကားဟာနှုတ်ကပတ်တော်ဖြစ်တယ်၊ ဒီလောက်ပဲကျွန်မတို့မြင်တတ်ကြပါတယ်။ ကျွန်မယခုထပ်ပြောချင်တာကတော့ ယေရှုခရစ်တော်ဟာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်တယ်။ ယခင်က ယေရှုဟာ နှုတ်ကပတ်တော်ဆိုတာရယ်၊ နှုတ်ကပတ်တော်ကလဲ ထိုနှုတ်ကပတ်တော်ပင်ဖြစ်တယ်ဆိုတာသိပေမဲ့ ယနေ့ ယေရှုခရစ်တော်ကိုယ်တိုင်ဟာ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်လောင်းဟောချင်ပါတယ်။
The year of rest
Posted on July 13, 2020 | Pastor: Rev Dr Dam Suan Mungဘုရားသခင်သည် သူ့သားသမီးများကိုအနားရစေလိုသောဘုရားသခင်ဖြစ်သည်။ သူ၏သားသမီးများကိုပင်ပန်းဆင်းရဲကာ ဒုက္ခတွေဝေနေသော ဘဝမျိုးမဖြစ်စေလိုပါ။ အနားရပြီးအမောပြေကာအောင်မြင်ခြင်းရသောအသက်တာဖြစ်စေလိုသည်။ ယေရှုက သူခိုးသည် ခိုးဖို့သတ်ဖို့ ဖျက်ဆီးဖို့သာလာသည်။ငါကတော့ ငါ့သိုးတို့သည် အသက်ရရုံမက အထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းဌါ လာသည်ဟုပြောပါသည်။ယခုနှစ်အတွက် ဘုရားပေးသောနှုတ်ကပတ်တော်မှာ “အနားရသောနှစ်ဖြစ်သည်။
Sermon Categories
- Compassion (1)
- Education (1)
- Human Trafficking (1)
- Pastor and Management (1)
- Spiritual Food (2)
- Women Right (1)